သင်္ကန်းကျွန်းမြို့နယ်ထဲက အသစ်ဖွင့်ထားတဲ့ Hotdog ဆိုင်
သင်္ကန်းကျွန်းမြို့နယ်ထဲက ပူပူနွေးနွေး အသစ်ဖွင့်ထားတဲ့ စားလို့ကောင်းတဲ့ Hotdog ဆိုင်တစ်ဆိုင်နဲ့ မိတ်ဆက်ပေးမယ်။ အဲ့ဆိုင်ရဲ့ နာမည်လေးကတော့.....
"YUM YUM A Little Korea" ဆိုင်လေးဘဲဖြစ်ပါတယ်။
ဆိုင်လေးကလည်းဖွင့်ထားတာမကြာသေးဘူး။ 21ရက် March ကမှစဖွင့်တာပေါ့။ မင်မင်တို့ကလည်း ဆိုင်စစဖွင့်ချင်းရက်မှာ သွားစားဖြစ်ခဲ့တယ်။
ဆိုင်လေးကတော့ ရှာရတာတော်တော်လေးလွယ်တယ်။ kbz bank နဲ့ လူကြီးမင်းဖုန်းဆိုင် ကြားမှာ အမိုးအဝါရောင်လေးနဲ့ဖွင့်ထားတယ်။ ဆိုင်ခန်းလေးနဲ့ သေသေချာချာလေးလုပ်နေတာကိုတွေ့ရတယ် ဒါပေမယ့် ဆိုင်က dine in စားဖို့ အဆင်သင့်မဖြစ်သေးဘူးပေါ့နော်။ ဆိုင်ပထမဆုံးဖွင့်တဲ့ရက်မှာ ပါဆယ်တွေတော်တော်များများ လာမှာတာကိုတွေ့ရတယ်။ မဆိုးဘူးလို့ပြောလို့ရတယ်။ Hotdog ကိုတော့ အဓိကဦးစားပေးရောင်းပေးတယ်။ တစ်ခြားသော tteokbokki၊ fish cake နဲ့ မာလာအကင်စုံသုပ် တွေလည်းရှိတယ်။
မင်မင်တို့မှာစားဖြစ်တာကတော့.....
Classic Hotdog - 2800 MMK
Hotdog က တကယ့်menu မှာဆို ၅မျိုးရှိတယ်။ ပထမဆုံးရက်ဆိုတော့ ၃မျိုးလောက်ဘဲရသေးတယ်။ Classic ရယ်၊ Tuna ရယ်၊ Corn cheese ရယ်ဆိုပြီး ၃မျိုးရတယ်။ Classic ကတော့ ကြက်အူချောင်းရယ်၊ ဆလပ်ရွက်ရယ်၊ ketchup၊ cheese တစ်ပြား နှင့် Hotdog sauce ပါမယ်။ ကြက်အူချောင်းက size နည်းနည်းကြီးတယ်။ ပေါင်မုန့် အသားကလည်းကောင်းတယ်။ ဆလပ်ရွက်ကလေးလည်းပါတော့ စားလိုက်ရင် တကြွပ်ကြွပ်နဲ့ စားလိူ့ကောင်းတယ်။ မဝတဝလေးတော့ဖြစ်မိတယ်။
အစာပြေစားဖို့ဆိုရင်တော့ အဆင်ပြေတယ်။
Tuna Hotdog - 3000 MMK
Tuna Hotdog မှာဆိုရင် Tuna အဓိကပါတယ်။ Mayonnaise၊ Hotdog sauce၊ ketchup၊ ဆလပ်ရွက်နဲ့ ကြက်အူချောင်းတစ်ချောင်းပါမယ်။ Tuna ရဲ့ ငါးအရသာလေးနဲ့ ပေါင်မုန့်နဲ့ကလိုက်ဖက်တယ်။ Sauce တွေကလည်း Hotdog ရဲ့ အရသာကို ပိုပြီးပေါ်လွင်စေတယ်။
Tteokbokki - 1000 MMK
Tteokbokki ကတော့ အရသာလေးနည်းနည်းလိုတယ်လို့ထင်တယ်။ အစပ်အရသာရော၊ Korea style အရသာရော မပေါ်လွင်ဘူးလို့ထင်တယ်။ အနှစ်ကလည်း နည်းနည်းလေးပျစ်ဖို့လိုသေးတယ်။ Tteokbokki ရဲ့ ဆန်မုန့်လုံးကလည်း နည်းနည်းလေးကြီးပြီးမာတယ်။ သိပ်မကျက်သလိုခံစားရတယ်။
Fish Cake - 500 MMK
Fish Cake က အစပ်မှာလိုက်တာပါ။ အစပ်မှာပေမယ့် အရသာကပေါ့နေတယ်။ ပိုပြီး စပ်ရင်ပိုကောင်းလိမ့်မယ်လို့ မင်မင်ထင်တယ်။
မာလာကင်စုံသုပ် - 3000 MMK
မင်မင် အကြိုက်ဆုံးပါဘဲ။ ကင်စုံသုပ်လို့ဆိုတဲ့အတိုင်းဘဲ အကင်တော်တော်လေးစုံတယ်။ အကင်တွေကိုကြော်ပြီး sauce နဲ့ သေချာလေးသုပ်ပေးတယ်။ အပေါ်ယံက မာလာအမှုန့်လေးဖြူးပေးတယ်။ ဆလပ်ရွက် နှင့် သခွားသီးအပြားလေးတွေပါတယ်။ Mayonnaise တော့ အပေါ်က မတင်ပေးဘူးပေါ့နော်။ Mayonnaise သာပါလိုက်ရင် လုံးဝ perfect ဘဲ။
မင်မင့်အမြင်ကတော့ ဆိုင်ကအခုမှစဖွင့်တာဆိုတော့ လိုအပ်ချက်လေးတွေ အနည်းငယ်တော့ရှိသေးတယ်။ အသစ်ဖွင့်တဲ့ဆိုင်အနေနဲ့တော့ မဆိုးဘူးလို့ပြောလို့ရတယ်။ အကယ်၍သွားစားဖြစ်ခဲ့မယ်ဆိုရင် Hotdog နဲ့ မာလာကင်စုံသုပ်ကို စားကြည့်ဖို့ recommend ပေးချင်တယ်။ ဆိုင်က menu အားဖြင့်တော့နည်းသေးတယ်။ A Little Korea ဆိုတော့ နောက်ပိုင်းကျ Korea အစားအစာ တော်တော်များများကို menu မှာရရှိဖို့မျှော်လင့်တယ်။ မင်မင်တို့သွားစားတဲ့ အချိန်က Dine in စားဖို့အဆင်မပြေသေးတဲ့အတွက် ဆိုင်ခန်းDecoration ကောင်းကောင်းပြင်ဆင်ပြီးတဲ့အချိန်ကျ မင်မင်တို့ေနာက်တစ်ခါထပ်သွားစားကြည့်ပါဦးမယ်။
ဖုန်း - 09 955192995
ဆိုင်ဖွင့်ချိန် - နံနက် (၁၁)နာရီခွဲ မှ ည(၆)နာရီ။