ဝေဖန်မှုများကိုရပ်တန့်စေခဲ့သော Xiaomi

Xiaomi သည်စမတ်ဖုန်းအမှတ်တံဆိပ်မှလျှပ်စစ်ကားကိုအောင်မြင်စွာထုတ်လုပ်ရန်ကူးပြောင်းခြင်းမှာ မဖြစ်နိုင်ဟု လူအများကပြောဆိုခဲ့ကြပေမဲ့ ယခုအခါအောင်မြင်စွာထုတ်လုပ်နိုင်ခဲ့ပါသည်။ ၎င်း၏ အထင်ကရ SU7 မော်ဒယ်လ်၏ဝယ်လိုအားသည် တရုတ်နိုင်ငံတစ်ဝှမ်းတွင် မြင့်တက်လျက်ရှိပြီး ၎င်း၏ ဘေဂျင်းအခြေစိုက် စက်ရုံသည်လျှပ်စစ်ကားများစွာကိုထုတ်လုပ်နေပါသည်။
စက်ရုပ် 700 ဖြင့်ထုတ်လုပ်နေသည့် စက်ရုံ၏ အဆင့်မြင့် အလိုအလျောက်စနစ်နှင့် တိကျမှုတို့သည် Tesla ကဲ့သို့သော ကုမ္ပဏီကြီးများနှင့် နှိုင်းယှဉ်နိုင်သည်အထိEV စျေးကွက်တွင်ပြိုင်ဖက်ကောင်းတစ်ဦးအဖြစ်လာစေသည်။
ပိုအံ့သြစရာကောင်းတာက စက်ရုံကိုယ်တိုင်က ခရီးသွားနေရာတစ်ခုဖြစ်လာတာပါဘဲ။ Xiaomi သည် ယခုအခါ Disneyland Florida ထက်ပင် လက်မှတ်များရောင်းချနေရပြီး အဆိုပါစက်ရုံအတွက်လမ်းညွှန်များပါသေချာပြုလုပ်ပေးထားသည်။ထုတ်လုပ်မှုများကို အနီးကပ်ကြည့်ရှုခြင်း၊ SU7 စမ်းသပ်မောင်းနှင်ခြင်းနှင့် Xiaomi ၏ နောက်ဆုံးပေါ်နည်းပညာအတွေ့အကြုံများ ပါဝင်သော ခရီးစဉ်တစ်ခုလျှင် ဧည့်သည် ၂၀ ဦးသာ ခွင့်ပြုထားသည်။
ဝယ်လိုအား မြင့်မားမှုကြောင့် လက်မှတ်များကို ဒေါ်လာ ၂၈၀ ဖြင့် ပြန်လည်ရောင်းချနေပြီး အကန့်အသတ်ရှိသော slot များအတွက် ထောင်ပေါင်းများစွာ လျှောက်ထားလျက်ရှိသည်။ ဤဖန်တီးမှုနည်းလမ်းသည် Xiaomi ၏ထုတ်လုပ်မှုကို အံ့ဩဖွယ်ရာနည်းပညာဖြစ်စဉ်တစ်ခုအဖြစ် ပြောင်းလဲစေခဲ့သည်။