Masterchef ပြိုင်ပွဲဝင် ဖွင့်ထားတဲ့ မာလာတုတ်ထိုးဆိုင်
Masterchef ပြိုင်ပွဲဝင် မမေဖြိုးသီ ဖွင့်ထားတဲ့ ဝက်ကလေး မောက်ချိုက်မာလာတုတ်ထိုးဆိုင်က အခု ပါရမီလမ်း၊ ပါရမီစိန်ဂေဟာအရှေ့ ဆိုင်ဟောင်းနေရာကနေ မကြာသေးခင်က မလှမ်းမကမ်းမှာ ဆိုင်နေရာသစ်ဖွင့်လှစ်ထားပါတယ်။
ဆိုင်သစ်က Aircon နဲ့ သေချာပြင်ဆင်ပြီး ဖွင့်ထားတာတွေ့ရတယ်။မင်မင်တို့ သွားစားခဲ့တာကတော့ ဆိုင်ဟောင်းတုန်းကပါ။ သူ့မောက်ချိုက် အရည်အရသာက မင်မင်တို့အရမ်းကြိုက်တဲ့ထဲမပါပေမယ့် မကျဲမပျစ်လေး မဆိုးပါဘူး။
တုတ်ထိုးအမျိုးအစား (၃၀) ဝန်းကျင်လောက်တော့ရှိတယ်။ ကြက်ပေါင်ရင်းသား၊ ကြက်အူချောင်း၊ ကြက်သားပြား၊ ဝက်ဂုတ်သား၊ ဝက်ပါးသား၊ ဝက်မှိုလုံး၊ ဝက်အူချောင်း၊ ဝက်သားပြား၊ bacon၊ လျှာ၊ အူချို၊ နားရွက်၊ အဆုတ် ၊ ငါးဖယ်၊ ဖက်ထုပ်၊ ရေဘဝဲ၊ ပြည်ကြီးငါး၊ ထုံချိုင်းအသားလုံးတွေ၊ ကန်စွန်းရွက်၊ ထိုင်ဝမ်မုန်ညှင်း၊ ကြာစွယ်၊ အပ်မှို၊ ပြောင်းဖူး၊ ခေါက်ဆွဲ၊ ပဲသွေး၊ ကြွက်နားရွက်စတာတွေရှိတယ်။
ဆိုင်သစ်မှာ အမဲအူကြမ်းတောင်ရပြီလိုပဲ (post တွေ့တာ)စျေးနှုန်းတွေက 500, 1000 ပဲရှိတယ်။မောက်ချိုက် မာလာတုတ်ထိုးဆိုင်တွေတဖြည်းဖြည်းများပြားလာတဲ့ ရန်ကုန်မြို့ကြီးထဲမှာ ဝက်ကလေးကလည်း သွားစားသင့်တဲ့ ဆိုင်တစ်ဆိုင်ပါပဲ။