vivo မှ မြန်မာနိုင်ငံတွင် Y Series ၏မျိုးဆက်သစ်ဖြစ်သော Y51 စမတ်ဖုန်းသစ်တွင် 48 MP အနောက်ကင်မရာ၊ 8GB+128 GB RAM/ROM နှင့် 5000 mAh ဘက်ထရီ တို့ ပါဝင်လာမည်ဖြစ်

vivo မှ မြန်မာနိုင်ငံတွင် Y Series ၏မျိုးဆက်သစ်ဖြစ်သော Y51 စမတ်ဖုန်းသစ်တွင် 48 MP အနောက်ကင်မရာ၊ 8GB+128 GB RAM/ROM နှင့် 5000 mAh ဘက်ထရီ တို့ ပါဝင်လာမည်ဖြစ်

ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းအမှတ်တံဆိပ် ဖြစ်သည့် vivo သည် ၂၀၂၁ ခုနှစ်ကို အံ့ဩဖွယ် လုပ်ဆောင်ချက်များဖြင့် စတင်တော့မည်ဖြစ်သည်။ Y20 အပါအဝင် ယခင်က ဈေးကွက်အများစုတွင် တုန့်ပြန်မှုကောင်းများရရှိထားပြီး လူငယ်များအတွက် အသားပေးထုတ်လုပ်ထားသော ၎င်း၏ Y series စမတ်ဖုန်းအသစ်ဖြစ်သည့် Y51 ကို မကြာမီအချိန်တွင် ဈေးကွက်အတွင်းသို့ ရောင်းချပေးတော့မည်ဖြစ်သည်။  vivo Y series ၏ နာမည်ကြီးလူသိများသည့် အချက်အတိုင်း  လူငယ်များ၏ လိုအပ်ချက်နှင့် ကိုက်ညီစေရန်အတွက်  မြင့်မားသော storage သိမ်းဆည်းနိုင်မှုစွမ်း၊ အချိန်ကြာမြင့်စွာ အသုံးပြုနိုင်မည့် ဘက်ထရီစွမ်းအင် နှင့် ကြည်လင်ပြတ်သားသည့် ဓာတ်ပုံများကို ရိုက်ကူးနိုင်သည့် လုပ်ဆောင်ချက်စွမ်းရည်များ ပါဝင်လာမည်ဖြစ်သည်။

နောက်ဆုံးပေါ်  Y51 ဖုန်းအကြောင်း အများကြီးမသိရသေးသော်လည်း vivo Y series တွင် နောက်ဆုံးပေါ်နည်းစနစ်များ၊ လုပ်ဆောင်ချက်များဖြင့် အဆင့်မြှင့်တင်မည်ဖြစ်ပြီး စိတ်ကျေနပ်အားရဖွယ် လုပ်ဆောင်ချက်နှင့် အရည်အသွေးများ ပါဝင်မည်ဖြစ်ကြောင်း ကြိုတင်ခန့်မှန်းနေကြသည်။


အသစ်ထွက်ရှိမည့် Y51 တွင် 8GB RAM + 128GB ROM ၏ ကြီးမားသောသိုလှောင်မှုစွမ်းရည်ဖြင့် Qualcomm® Snapdragon™ 6 Series မိုဘိုင်းပလက်ဖောင်း ကို အသုံးပြုသွားမည်ဖြစ်၍ လျင်မြန်စွာစွမ်းဆောင်နိုင်မည် ဟု ခန့်မှန်းထားကြပြီး  ၎င်းသည်အသုံးပြုသူများအား အက်ပလီကေးရှင်းများကို လွယ်ကူစွာသုံးစွဲစေနိုင်လိမ့် မည်ဖြစ်သည်။  ကျွန်ုပ်တို့၏ တရားဝင်သတင်းအချက်အလက်များ အရ လာမည့် အဆိုပါ Y Series စမတ်ဖုန်းသစ်တွင် အလွန်ကြည်လင်ပြတ်သားသော ရိုက်ချက်များကို နေ့ရောညပါ ကောင်းစွာ ရိုက်ကူးနိုင်စေရန် 48MP Rear camera လည်း ပါဝင်မည်ဟု သိရှိရသည်။
ကြီးမားသော storage စွမ်းရည်နှင့် ကောင်းမွန်သော ဓာတ်ပုံရိုက်ကူးမှုအတွေ့အကြုံများရရှိနိုင်မည့် vivo Y51 အား အချိန်ကြာမြင့်စွာ အသုံးခံစေရန်နှင့် အချိန်အနည်းငယ်အတွင်း အားပြန်ပြည့်စေရန်အတွက် 18W Fast Charger နှင့်တွဲဖက်အသုံးပြုနိုင်သည့် 5000mAh ဘက်ထရီ ဖြင့် ပံပိုးထောက်ပံ့ပေးထားလိမ့်မည်ဟု ခန့်မှန်းထားသည်။

လက်ရှိထုတ်ပြန်ထားသည့် လုပ်ဆောင်ချက်များအရ vivo Y51 စမတ်ဖုန်းအသစ်သည် ကြည်လင်ပြတ်သားသော ဓာတ်ပုံများကို ရိုက်ကူးနိုင်စေရန် ဒီဇိုင်းပြုလုပ်ထားပြီး အယ်ပလီကေးရှင်းများနှင့် အခြားလုပ်ဆောင်ချက်များကိုလည်း ချောမွေ့စွာအလွယ်တကူ ပြောင်းလဲ အသုံးပြုနိုင်မည်ဖြစ်သည်။
ယနေ့ခေတ်လူငယ်များသည် အမြဲတမ်း အားအင်အပြည့်ဖြင့် တက်ကြွလန်းဆန်းစွာလှုပ်ရှားလျက်ရှိပြီး၊ ရရှိလာသည့်အခွင့်အရေးများကို ဖမ်းဆုပ်ရယူရန်အတွက်လည်း အမြဲအသင့်ရှိနေကြပါသည်။ လူငယ်များအတွက် စမတ်ဖုန်းတစ်လုံးသည် ခေတ်မှီဆန်းသစ်ရုံဖြင့် မလုံလောက်တော့ဘဲ ဓာတ်ပုံရိုက်ကူးမှုများ သို့မဟုတ် လုပ်ဆောင်မှုစွမ်းရည်မြင့် ဂိမ်းများကို ကစားရာတွင် အထစ်အငေါ့မရှိ လျင်လျင်မြန်မြန် ချောချောမွေ့မွေ့ ရှိစေသည့် စွမ်းဆောင်ရည်များကိုလည်း လိုအပ်ကြပါသည်။ vivo မှ လည်း ခေတ်နှင့်အညီ မျိုးဆက်သစ်များ၏ အခြေခံလိုအပ်ချက်များကို အသေးစိတ်ကအစ  နားလည်ပိုင်နိုင်မှုကြောင့် အောင်မြင်ခဲ့ပြီး ၎င်းတို့သတ်မှတ်ထားသည့် စံနှုန်းများနှင့် ကိုက်ညီစေမည့် စမတ်ဖုန်းများကို ဖန်တီးပေးစွမ်း လျက်ရှိပါသည်။
vivo မှ ထုတ်လုပ်ထားသော ထုတ်ကုန်များကို လေ့လာဆန်းစစ်ကြည့်ကာ ကောက်ချက်ချရမည်ဆိုပါက vivo သည် ဒီဇိုင်းအမြင်ပိုင်းတွင် စိတ်ကျေနပ်မှုပေးစွမ်းနိုင်မည်ဟု ကောင်းစွာယုံကြည်နိုင်ပါသည်။ vivo Y series စမတ်ဖုန်းများသည် ဖက်ရှင်ကျပြီး ပါးလွှာသော ဒီဇိုင်းများဖြင့် ပေါင်းစပ်ထုတ်လုပ်ထားကြောင်း အကောင်းဆုံးပြသလျက်ရှိပါသည်။
ယခု စမတ်ဖုန်းနှင့်စပ်လျဉ်း၍ ပိုမိုတိကျသေချာသည့် အချက်များသိရှိစေရန်အတွက် vivo မှ တရားဝင်ထုတ်ပြန်ချက်ကို ကျွန်ုပ်တို့စောင့်ဆိုင်းနေပါသည်။  စမတ်ဖုန်းအသစ် စတင်ကြေညာသည့် အချိန်တိုင်း အံ့ဩစရာ ကောင်းအောင် ပွဲထွက်လေ့ရှိသည့် vivo ၏ ဖုန်းသစ်မိတ်ဆက်ပေးမည့် အချိန်ကို သုံးစွဲသူများနှင့်အတူ ရင်ခုန်စွာ စောင့်မျှော်နေကြရမည်ဖြစ်သည်။
Y51 နှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို လာမည့်ရက်များအတွင်း ကြေညာပေးတော့မည် ဖြစ်ကြောင်း vivo မှ တရားဝင်ကြေညာထားသည်။
vivo အကြောင်း
vivo သည် စမတ်ဖုန်းလောက၏ ဆန်းသစ်တီထွင်မှု၊ ဝန်ဆောင်မှုအတွက် ဦးတည်ရာလမ်းကြောင်းအသစ်များကို ဦးဆောင်လမ်းဖောက်နေသည့် နည်းပညာကုမ္ပဏီတစ်ခုဖြစ်သည်။ အားအင်ပြည့်ဝသော မိုဘိုင်းအင်တာနက် ဂေဟစနစ်တစ်ခု ဖြစ်ပေါ်လာစေရန်အတွက် Vivo မှ တစိုက်မတ်မတ် ကြိုးစားအားထုတ်လျက်ရှိပြီး အမေရိကန် နိုင်ငံ (San Diego မြို့) နှင့် တရုတ်နိုင်ငံ (Dongguan, Shenzhen, Nanjing, Beijing, Hangzhou) မြို့များတွင် သုတေသနနှင့် ဖွံ့ဖြိုးရေးစင်တာများလည်း တည်ထောင်ထားပါတယ်။ အဆိုပါ စင်တာမျာမှာ 5G၊ AI၊ Mobile Photography နှင့် မျိုးဆက်သစ် စမတ်ဖုန်း ဒီဇိုင်းတို့မှာ သုံးစွဲသူများအတွက် နောက်ဆုံးပေါ်နည်းပညာများ တိုးတက်ဖွံ့ဖြိုးလာစေရန် အဓိကထား အာရုံစိုက်လျက်ရှိသည်။
2017 ခုနှစ် နှစ်ကုန်နောက်ပိုင်းအထိ ကမ္ဘာတစ်ဝှမ်းတွင် vivo ၏ စမတ်ဖုန်းထုတ်ကုန်များ၊ ဝန်ဆောင်မှုများကို နှစ်ခြိုက်စွာ သုံးစွဲသူပေါင်း သန်း ၂၀၀ ကျော်ရှိပြီဖြစ်သည်။ ကမ္ဘာတစ်ဝှမ်းရှိ ဈေးကွက် ၁၈ ခုရှိ အရောင်းဆိုင်များကို မြို့ပေါင်း ၁၀၀၀ ကျော်တွင်လည်း ထားရှိပေးထားသည်။ တီထွင်ဖန်တီးမှုကောင်းသော vivo စမတ်ဖုန်းများအကြောင်းကို ပိုမိုသိရှိလိုပါက www.vivo.com  နှင့် vivo ၏ Official Facebook Page https://www.facebook.com/vivomobileMM/  တွင် ကြည့်ရှုနိုင်ပါသည်။

Read more

အစ်ကိုဖြစ်သူရဲ့ခြေရာကို နင်းပြီး ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ အကောင်းဆုံးလူငယ်ကစားသမားဆုရခဲ့တဲ့ ဂျုပ်ဘ်ဘယ်လင်ဂမ်

အစ်ကိုဖြစ်သူရဲ့ခြေရာကို နင်းပြီး ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ အကောင်းဆုံးလူငယ်ကစားသမားဆုရခဲ့တဲ့ ဂျုပ်ဘ်ဘယ်လင်ဂမ်

ချန်ပီယံရှစ်၊ လိဂ်ဝမ်း၊ လိဂ်တူးအစရှိတဲ့ အင်္ဂလန်ဘောလုံးလိဂ်(EFL)ပြိုင်ပွဲအသီးသီးရဲ့အကောင်းဆုံးဆုတွေကို မနေ့က ချီးမြှင့်ခဲ့ရာမှာ ချန်ပီယံရှစ်ပြိုင်ပွ

ဒေါ်လာ 300 မပြည့်တဲ့ CMF Phone 2 Pro က ကျွတ်ဆင်ကြီးလား

ဒေါ်လာ 300 မပြည့်တဲ့ CMF Phone 2 Pro က ကျွတ်ဆင်ကြီးလား

ဧပြီ 28 မှာ မိတ်ဆက်သွားမယ်လို့ ပြောခဲ့တဲ့ CMF Phone 2 Pro ကတော့ အပြောင်းအလဲများစွာနဲ့အတူ မိတ်ဆက်လာပါတယ်။ ခေါင်းစဉ်မှာပြောထားသလိုပဲ ကျွတ်ဆင်ကြီးပဲ အပြောင်းအလဲတွေကတော့... Nothing အနေ

အာဆင်နယ်-PSG ပွဲမှာ ရီးရဲလ်မက်ဒရစ်နဲ့ပွဲကထက် ပိုပြီးဆူညံသံလိုချင်တယ်လို့ ပရိသတ်တွေကို အာတီတာတိုက်တွန်း

အာဆင်နယ်-PSG ပွဲမှာ ရီးရဲလ်မက်ဒရစ်နဲ့ပွဲကထက် ပိုပြီးဆူညံသံလိုချင်တယ်လို့ ပရိသတ်တွေကို အာတီတာတိုက်တွန်း

ဒီနေ့ကစားမယ့် အာဆင်နယ်-PSG ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲမတိုင်မီ ပြုလုပ်ခဲ့တဲ့ပွဲကြိုမီဒီယာတွေ့ဆုံမှုမှာ အာဆင်နယ်အသင်းနည်းပြအာတီတာက အသင်းပရိသတ်