vivo မှ 8GB RAM + 128GB ROM၊ နောက်ကင်မရာ 48MP နှင့် 5000mAh ရှိ ဘက်ထရီအကြီးစားပါဝင်ပြီး ကင်မရာရိုက်ချက်ကြည်လင်ပြတ်သားပြီး မြန်ဆန်ချောမွေ့စွာစွမ်းဆောင်နိုင်မည့် Y51 စမတ်ဖုန်းသစ်အား မိတ်ဆက်
ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်သည့် vivo သည် ယနေ့တွင် ၎င်း၏ နောက်ဆုံးထွက် mid-range စမတ်ဖုန်းဖြစ်သော Y51 အား မြန်မာနိုင်ငံတွင် ပွဲထုတ်မိတ်ဆက်ပေးခဲ့သည်။ လူငယ်ပိုင်းအတွက် အဓိကထား ထုတ်လုပ်သည့် အဆိုပါ Y series စမတ်ဖုန်းတွင် များစွာသော app များကို တစ်ပြိုက်နက်တည်း ချောမွေ့မြန်ဆန်စွာ အသုံးပြုနိုင်စေရန် 8GB RAM + 128 GB ROM ပါဝင်လာမည်ဖြစ်သည်။ AI နည်းပညာပါ ကင်မရာ ၃ ခု ကိုတွဲဖက်တပ်ဆင်ထားပြီး၊ 48 MP ရှိ အဓိက ကင်မရာ၏ အစွမ်းကြောင့် Super Night ကင်မရာ လုပ်ဆောင်ချက်အပြင် စုံလင်လှသော ဓာတ်ပုံရိုက်ကူးမှု စနစ်များနှင့် အသုံးပြုသူများအတွက် နေ့ရောညပါ အကြည်လင်ဆုံးရိုက်ချက်များ မှတ်တမ်းတင်နိုင်ပြီး စတိုင်ကျလှပစေမည့် night filter များလည်း ပါဝင်သည်။
ကင်မရာနှင့် appများ ကြာရှည်စွာအသုံးပြုနိုင်စေရန် vivo Y51 တွင် 18W Fast charge နည်းပညာဖြင့် လျင်မြန်စွာ အားပြန်လည်သွင်းနိုင်မည့် 5000mAh ဘက်ထရီစွမ်းအင်လည်း ပါဝင်လာပါသည်။ ထို့အပြင် ဘေးဘက်တွင် တပ်ဆင်ပေးထားသော Side-Mounted Fingerprint Scanner ပါဝင်သောကြောင့် ဖုန်းအား တစ်ချက်တည်းဖြင့် အလွယ်တကူဖွင့်ကာ အသုံးပြုနိုင်မည်ဖြစ်သည်။ Y51 ဖုန်းကို စတိုင်ကျသပ်ရပ်လှပသော အသွင်သဏ္ဍာန်ဖြင့်တွေ့မြင်ရမည်ဖြစ်ကာ ရွေးချယ်စရာအဖြစ် Titanium Sapphire နှင့် Crystal Symphony အမည်ရှိ စွဲမက်ဖွယ် အရောင်နှစ်မျိုးဖြင့် ထွက်ရှိလာပါသည်။
စမတ်ဖုန်းမိတ်ဆက်ခြင်းနှင့်စပ်လျဉ်း၍ vivo Mobile Myanmar ၏ Chief Operating Officer ဖြစ်သူ Mr. Nelson Ni က “vivo က မိတ်ဆက်လိုက်တဲ့ ဖုန်းတွေတိုင်းမှာ အဆင့်မြင့်တီထွင်ဆန်းသစ်မှုတွေဖြစ်တဲ့ အားကောင်းတဲ့ memory စနစ်၊ စွမ်းဆောင်ရည်ကောင်းမွန်တဲ့ processor၊ ကြာရှည်အသုံးခံတဲ့ ဘတ်ထရီ နဲ့ အရည်အသွေးသာလွန်တဲ့ ကင်မရာတွေပါဝင်ပြီး ခေတ်အကြိုက် ဒီဇိုင်းမျိုးစုံကို စျေးနှုန်းပမာဏမျိုးစုံနဲ့ ထုတ်လုပ်ပေးနေတာဖြစ်ပါတယ်။ လူငယ်အကြိုက်ဖြစ်တဲ့ Y Series ကနေထပ်ထွက်လာတဲ့ ဒီ Y51 စမတ်ဖုန်းမှာဆိုရင် မြန်မာလူငယ်တွေရဲ့ စရိုက်သွင်ပြင်နဲ့ တသားတည်းကျစေမယ့် စံနှုန်းအားလုံးပါဝင်ပါတယ်။ Y51 ဟာ စမတ်ဖုန်းအသစ်တစ်ခုဝယ်ယူဖို့တွေးနေသူတွေ၊ လက်ရှိဖုန်းထက် တစ်ဆင့် မြင့်တဲ့ဖုန်းကို ပြောင်းသုံးချင်တဲ့သူတွေအတွက် တကယ်စဉ်းစားသင့်တဲ့ဖုန်းပါပဲ။” ဟု မှတ်ချက်ပေးခဲ့ပါသည်။ယခုလို stay-home ကာလအတွင်း vivo Myanmar အဖွဲ့သည် vivo ၏ သုံးစွဲသူများ အဆင်ပြေစေရန်နှင့် ဘေးကင်းလုံခြုံမှုရှိစေရန်အတွက် အခမဲ့အိမ်အရောက်ပို့ဆောင်ပေးမည့်အစီအစဉ်နှင့် အွန်လိုင်းငွေပေးချေမှု များကိုလည်း ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပါသည်။ vivo စမတ်ဖုန်းများ၏ အသေးစိတ်အကြောင်းအရာများကို ပိုမိုသိရှိလိုပါက vivo Myanmar Facebook Page Link တွင် ကြည့်ရှုနိုင်ပါသည်။