Viber ရဲ့ လုပ်ဆောင်ချက်အသစ် My Notes နဲ့ Lockdown ကာလကို အဆင်ပြေလွယ်ကူစွာ ဖြတ်သန်းလိုက်ပါ

Viber ရဲ့ လုပ်ဆောင်ချက်အသစ် My Notes နဲ့ Lockdown ကာလကို အဆင်ပြေလွယ်ကူစွာ ဖြတ်သန်းလိုက်ပါ

အခမဲ့ အလွယ်တကူ ဆက်သွယ်မှုပြုလုပ်နိုင်သည့် ကမ္ဘာ့ထိပ်တန်း အက်ပလီကေးရှင်းတစ်ခုဖြစ်သည့် Rakuten Viber မှ အသုံးပြူသူများ၏ အရေးကြီး လုပ်ဆောင်မှုများနှင့် လုပ်ဆောင်ချက် သတိပေးချက်များအား အဆက်မပြတ် ခြေရာခံနိုင်ရန် “My Notes” ဟုခေါ်သည့် လုပ်ဆောင်ချက်အသစ်အား မိတ်ဆက်ပေးခဲ့သည်။ အသုံးပြုသူများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်လုံခြုံမှုအား အဓိကအလေးထားပြီး အသုံးပြုရလွယ်ကူသော အပ်ပလီကေးရှင်းတွင် အသစ်မိတ်ဆက်လိုက်သည့် အဆိုပါ လုပ်ဆောင်ချက်အသစ်သည် အသုံးပြုသူများ၏ မက်ဆေ့ချ်များနှင့် သတိပေးချက်များအား အဆက်မပြတ် ခြေရာခံနိုင်ရန်အတွက် ဖြစ်သည်။ ထိုလုပ်ဆောင်ချက်အသစ်သည် ယခုအချိန်မြန်မာနိုင်ငံသားများအနေဖြင့် COVID 19 ကပ်ရောဂါအား အားကြိုးမန်တက်တိုက်ထုတ်နေစဉ် မိမိတို့လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်ဝတ္တရားများအား အချိန်မီ ပြီးမြောက်‌စေရန် အထောက်အကူပြု သတိပေးနိုင်သည့် လုပ်ဆောင်ချက်တစ်ခုဖြစ်ပါသည်။

လက်ရှိတစ်ကမ္ဘာလုံးကြုံတွေ့နေရသည့် ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါသည် နေ့စဉ်အရှိန်အဟုန်မြှင့်တက်လာသည်နှင့်အမျှ လူအများစု၏ ကိုယ်ပိုင်အချိန်ဇယားများသည် ဤကပ်ရောဂါကြောင့် ယခင်ထက်ပို၍ရှုပ်ထွေးပြီး လုပ်ရကိုင်ရခက်ခဲနေချိန်တွင် မိမိ၏ တစ်နေ့တာလုပ်ဆောင်ရန်အချက်အလက်များနှင့် သတိပေးချက်များ မှတ်သားရန် အလွန်ပင်အရေးကြီးသည်။  ဥပမာ - မွေးနေ့များ၊ သီတင်းကျွတ်ကဲ့သို့ အခါကြီးရက်ကြီးများ။ စာမေးပွဲများ၊ အွန်လိုင်းကနေတဆင့် အစည်းအဝေးခေါ်ဆိုမှုများ အစရှိသော အရေးကြီး တစ်နေ့တာလုပ်ဆောင်ရန်အချက်အလက်များနှင့် သတိပေးချက်များဖြစ်သည်။ Viber ၏ လုပ်ဆောင်ချက်အသစ်ဖြစ်သည့် My Notes သည် အသုံးပြုသူများ၏ လုပ်ဖော်ကိုင်ဖက်များ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများ ထံသို့ စာတိုပေးပို့မှုပြုလုပ်သည့် ပလက်ဖောင်းများနှင့်အတူ တည်ရှိပြီး ယခုကဲ့သို့ အခက်အခဲများ ကျော်ဖြတ်နေချိန်တွင် အသုံးပြုသူများအတွက် အဆင်ပြေလွယ်ကူစွာ တစ်နေ့တာလုပ်ဆောင်ချက်များအပြင် ရက်စွဲများနှင့် အဆက်မပြတ်စေရန် ထောက်အကူပြုသည့် လုပ်ဆောင်ချက်ဖြစ်သည်။

အသုံးပြုသူများအနေဖြင့် My Notes ပလက်ဖောင်းထဲတွင်ရေးထားသည့် မည်သည့်မက်ဆေ့ချ်ကိုမဆို အချိန်အတန်ကြာ ဖိနှိပ်ထားပြီး “Set Reminder” အားရွေးချယ်နိုင်သည်။ ဆက်လက်ပြီး သတိပေးချက်ရယူလိုသည့် အချိန်နှင့် ရက်စွဲအား ရွေးချယ်လို့ရမည်ဖြစ်ပြီး ထိုသတိပေးချက်အား ထပ်ခါတစ်လဲလဲပေါ်စေသည့် လုပ်ဆောင်ချက်ကိုလဲ ရွေးချယ်နိုင်မည်ဖြစ်သည်။ ရွေးချယ်ပြီးလျှင် ထိုသတိပေးချက်မှာ ရွေးချယ်ထားသည့် အချိန်နှင့် ရက်စွဲတွင် ဖုန်းပေါ်၌ပေါ်လာမည်ဖြစ်သည်။ ဤလုပ်ဆောင်ချက်သည် My Notes ၏ များစွာသော လုပ်ဆောင်ချက်များထဲမှ တစ်ခုဖြစ်သည်။ အခြားလုပ်ဆောင်ချက်များမှာ

●     အလုပ်များ၊ ဖြစ်ရပ်များနှင့် အသုံးပြုသူများမှတ်ထားချင်သည့် အခြားအရာများ မှတ်ထားနိုင်ခြင်း

●     ပြီးသွားသောလုပ်ဆောင်ချက်များအား “လုပ်ပြီးပြီ” ဟု မှတ်သားနိုင်ပြီး ဖျောက်ဖျက်လိုက်နိုင်ခြင်း

●     မှတ်ထားသော မှတ်ချက်များအား အခြားသူများနှင့် စကားပြောထားသော chat များထံသို့ forward ပြုလုပ်နိုင်ခြင်းနှင့် chat များမှ မက်ဆေ့ချ်များအား My Notes သို့ forward ပြုလုပ်နိုင်ခြင်း။ ထိုသို့ forward ပြုလုပ်ရာတွင်လည်း မည်သည့် chat မှ forward ပြုလုပ်ခဲ့သည်ဆိုသည့် အချက်အလက်အား မြင်တွေ့နိုင်ခြင်း။

Rakuten Viber ၏ CGO ဖြစ်သူ Anna Znamenskayal မှ “အသုံးပြုသူတွေက သူတို့ရဲ့ ဘဝတွေကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ဖို့နဲ့ မိနစ်ပိုင်းအတွင်းမှာ ဖြစ်ပျက်လာတဲ့ အပြောင်းအလဲ အမှန်တရားတွေကို မြန်မြန်ဆန်ဆန်နဲ့ လက်ခံနိုင်ဖို့ လိုအပ်နေတာကို ကျွန်မတို့အနေနဲ့ တွေ့ရှိရပါတယ်။ ဒါကြောင့်လဲ Viber ကနေ ဝမ်းသာစွာနဲ့ပဲ အသုံးပြုသူတွေအတွက် လုံချုံစိတ်ချစွာ မက်ဆေ့ချ်ပို့တာတွေရော မှတ်ချက်မှတ်တာတွေရော app တစ်ခုထဲမှာလုပ်ဆောင်နိုင်အောင် ဒီလုပ်ဆောင်ချက်အသစ်ကို မိတ်ဆက်ပေးလိုက်တာပဲဖြစ်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

Read more

Arsenal (0-1) PSG  UEFA Champions League (Semi Final/1st leg)  Highlight

Arsenal (0-1) PSG UEFA Champions League (Semi Final/1st leg) Highlight

■ Video - မနေ့ကကစားခဲ့တဲ့ ချန်ပီယံလိဂ်(ဆီမီးဖိုင်နယ်)ပထမအကျော့ အာဆင်နယ် (၀-၁) PSG ပွဲမှာ PSG အသင်းအတွက် ဒမ်ဘီလီရဲ့အနိုင်ဂိုး၊ PSG ဂိုးသမားဒွန်နာရမ်မာရဲ့ဂိုးကာကွယ်မှ

ဒွန်နာရမ်မာကို မကျော်ဖြတ်နိုင်လို့ အိမ်ကွင်းမှာ PSG ကို ရှုံးခဲ့ရတဲ့ အာဆင်နယ်အသင်း

ဒွန်နာရမ်မာကို မကျော်ဖြတ်နိုင်လို့ အိမ်ကွင်းမှာ PSG ကို ရှုံးခဲ့ရတဲ့ အာဆင်နယ်အသင်း

ချန်ပီယံလိဂ်(ဆီမီးဖိုင်နယ်)ပထမအကျော့ ------------------------------------------- အာဆင်နယ် (၀-၁) PSG ချန်ပီယံလိဂ်(ဆီမီးဖိုင်နယ်)ပထမအကျော့မှာ အာဆင်နယ်အသင်းဟာ IFFHS ရဲ့လက်ရှိအကောင်းဆုံးဂိုးသမားအဖြစ်သတ်မှတ်

အုပ်စုအဆင့်ထိပ်ဆုံးအသင်းတွေသာ လွဲချော်ပြီး အဆင့်(၂၊ ၃၊ ၄)အသင်းတွေ မလွဲခဲ့တဲ့ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်

အုပ်စုအဆင့်ထိပ်ဆုံးအသင်းတွေသာ လွဲချော်ပြီး အဆင့်(၂၊ ၃၊ ၄)အသင်းတွေ မလွဲခဲ့တဲ့ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်

ဒီရာသီချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်လာခဲ့တဲ့အသင်း(၈)သင်း (ပြိုင်ပွဲတစ်ခု ၄ သင်းစီ)ကို ပြန်လေ့လာကြည့်မယ်ဆိုရင် အုပ်စု

ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် လီဗာပူးလ်အသင်းနဲ့ နည်းပြအာနီဆလော့ကို ကလောပ့်ဂုဏ်ပြု

ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် လီဗာပူးလ်အသင်းနဲ့ နည်းပြအာနီဆလော့ကို ကလောပ့်ဂုဏ်ပြု

လီဗာပူးလ်အသင်းနည်းပြဟောင်း ကလောပ့်က ၂၀၂၄-၂၅ ရာသီပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ သူ့ရဲ့အသင်းဟောင်း လီဗာပူးလ်အသင်းနဲ့ သူ့ရဲ့နေရာမှာဆက်ခံခဲ