Verge's Electric Motorcycle

Verge TS Pro လျှပ်စစ်မော်တော်ဆိုင်ကယ်သည် တစ်ကြိမ်အားအပြည့်သွင်းကာ Greater London အတွင်း ၁၉၃ မိုင်အကာအဝေးထိမောင်းနှင်ပြီးသည်အထိဘက်ထရီ ၇% ကျန်ရှိနေသေးသည်။အဆိုပါစီးနင်းမှုသည် ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းလမ်းညွှန်ချက်များကိုလိုက်နာခဲ့ပြီးယာဉ်များပြည့်နှက်နေသည့် လမ်းများတွင်စမ်းသပ်မောင်းနှင်ခဲ့တာဖြစ်ပါတယ်။
TS Pro သည် 20.2-kWh ဘက်ထရီကိုတပ်ဆင်ထားပြီးမော်တော်ဆိုင်ကယ်ကပျမ်းမျှအနေဖြင့်အမြန်နှုန်း ၁၂mph ဖြင့် ၁၆နာရီအထိမောင်းနှင်နိုင်သည်ဟုသိရသည်။ထို့အပြင်အဆိုပါယာဉ်တွင် အားသွင်းမြန်စနစ်ပါဝင်ကာ (0% မှ 80% ကို ၃၅ မိနစ်)သာအချိန်ပေးရမည်ဖြစ်ပြီးမြို့တွင်းbattery အားကုန် မောင်နှင်နိုင်သည့်အကာအဝေးမှာ၂၁၇မိုင်ဖြစ်သည်။
TS Pro သည် 137 hp စွမ်းအားနှင့် 737 lb-ft torqueဖြစ်ကာ 0 မှ 60 mph ကို 3.5 စက္ကန့်အတွင်း အရှိန်မြှင့်တင်နိုင်သည်။ Verge ၏စွမ်းဆောင်ရည်မော်ဒယ်အမြင့်ဖြစ်သည့် TS Ultra တွင်ပိုမိုအားကောင်းသောစွမ်းရည်များနှင့် မြို့တွင်းသွားနိုင်မှုအကာအဝေးမှာ၂၃၃ မိုင်ဖြစ်သည်။
Verge သည်အမေရိကန်တွင်မှာယူရန်အတွက်ဆိုင်ခန်းဖွင့်ထားပြီးဖြစ်သော်လည်း ယာဉ်များကိုဝယ်ယူမည့်သူများလက်ထဲသို့ ယခုနှစ်ကုန်ပိုင်းမှအပ်နှံနိုင်မည်လို့လဲသိရသည်။