US မှာ AI နည်းပညာအတွက် Supercomputer များတည်ဆောက်မည့် NVIDIA

NVIDIA သည် အမေရိကန်ပြည်ထောင်စုအတွင်း၌ AI supercomputers များကို ပထမဆုံးအကြိမ်အဖြစ် တည်ဆောက်မည်ဖြစ်ကြောင်း ကြေညာထားသည်။ ၎င်းစီမံကိန်းတွင် TSMC၊ Foxconn၊ Wistron၊ Amkor နှင့် SPIL တို့နှင့်လက်တွဲလုပ်ဆောင်သွားမည်ဖြစ်သည်။
Blackwell chip များကို Arizona ပြည်နယ် Phoenix မြို့၌ ထုတ်လုပ်မှုစတင်နေပြီး supercomputer များကို တပ်ဆင်ခြင်းအလုပ်များကို နောက်ထပ် ၁၂ လမှ ၁၅ လအတွင်း Texas ပြည်နယ် Houston နှင့် Dallas မြို့များ၌ ဆောင်ရွက်သွားမည်ဖြစ်သည်။
ဤကြီးမားသောစီမံကိန်းသည် စုစုပေါင်းစတုရန်းပေ ၁ သန်းကျော်ကျယ်ဝန်းပြီး နောင်လာမည့် ၄ နှစ်အတွင်း AI ဆိုင်ရာအခြေခံအဆောက်အအုံ (AI infrastructure) ကို တန်ဖိုးအားဖြင့် ၅၀၀ ဘီလီယံဒေါ်လာ အသုံးပြုကာတည်ဆောက်ရန်ရည်ရွယ်ထားသည်။
ထို့အပြင် အမေရိကန်နိုင်ငံအတွင်း တည်မြဲသော supply chain တစ်ခုကို တည်ဆောက်ရန်နှင့် အလုပ်အကိုင်အသစ်များ ဖန်တီးရန် ရည်ရွယ်ထားသည်။
NVIDIA သည် ၎င်း၏ Omniverse နည်းပညာနှင့် Isaac GR00T automation နည်းပညာတို့ကို အသုံးပြုကာ စက်ရုံအသစ်များကို ဒီဇိုင်းဆွဲခြင်းနှင့် အလိုအလျောက်ထုတ်လုပ်နိုင်သော စနစ်များတပ်ဆင်ရန် အဓိကထားဆောင်ရွက်သွားမည်ဖြစ်သည်။