ကြွက်တက်ခြင်းဖြစ်ရတဲ့အကြောင်းရင်း❓ ကြွက်တက်ခြင်းမဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ❓

ကြွက်တက်ခြင်းဖြစ်ရတဲ့အကြောင်းရင်း❓ ကြွက်တက်ခြင်းမဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ❓

ကြွက်တက်ခြင်းဆိုသည်မှာ ပုံမှန်အားဖြင့် ခြေသလုံးရှိ ကြွက်သားများထဲမှ ရုတ်တရက် အလိုအလျောက် ကျုံ့ခြင်း၊တင်းကျပ်ခြင်းတို့ဖြစ်ပါတယ်။  ကြွက်တက်ခြင်းဟာ စက္ကန့်အနည်းငယ်မှ မိနစ်များစွာအထိ ကြာရှည်နိုင်ပါတယ်။ကောင်းမွန်သော အိပ်စက်ခြင်းမှ နှိုးနိုင်လောက်အောင်ထိတစ်ခါတစ်လေမှာ ပြင်းထန်နိုင်ပါတယ်။ကြွက်တက်ခြင်းကိုဖြစ်စေနိုင်တဲ့ ထင်ရှားသော အကြောင်းရင်းမရှိပါဘူး။ အထူးသဖြင့် အချိန်အကြာကြီး လေ့ကျင့်ခန်းလုပ်ပြီးနောက် ဒါမှမဟုတ် အပူရှိန်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။မောပန်းခြင်း သို့မဟုတ် ရေဓာတ်ခန်းခြောက်တဲ့အခါမှာလည်း ကြွက်တက်နိုင်ခြေ ပိုများပါတယ်။

ကြွက်တက်ခြင်းကို ကာကွယ်နိုင်ရန်..

1.ကြွက်တက်နေသော ကြွက်သားကို အကြောလျှော့သကဲ့သို့ ဖြည်းဖြည်းခြင်း ဆန့်ထုတ်ပါ။အလျင်လိုတဲ့အခါ ပို၍ နာကျင်လာတတ်ပါသည်။

2.ရေနွေးအိတ်ကပ်ပေးတာ၊ ရေခဲကပ်ပေးတာ ဒါမှမဟုတ် ရေနွေးနွေးလေးနဲ့ ချိုးပေးတာပြုလုပ်နိုင်ပါတယ်။

3.ကြွက်တက်ပြီးနောက် နာကျင်မှုကျန်ရှိနေသော ကြွက်သားနေရာကို အကိုက်အခဲပျောက် လိမ်းဆေးများ လိမ်းပေးနိုင်ပါသည်။

4.ကယ်လ်စီယမ် နှင့် ဗီတာမင်-ဒီ၊ မဂ္ဂနီစီယမ် ဖြည့်စွက်ဆေးတစ်မျိုးမျိုး သောက်သုံးရန် လိုအပ်ပါသည်။ နေ့စဉ် ဗီတာမင် B12 complex ကသောက်သုံးခြင်းကလည်း ကြွက်တက်ခြင်းကို သက်သာစေနိုင်ပါတယ်။

5.အစားအစာတွေထဲတွင် မဂ္ဂနီဆီယမ် သို့မဟုတ် ပိုတက်စီယမ်ကဲ့သို့ အီလက်ထရိုလစ်ဓာတ် ချို့တဲ့ပါကလည်း မကြာခဏ ကြွက်တက်ခြင်းကို ဖြစ်ပေါ်စေနိုင်သည်။

6.စိတ်ဖိစီးမှုများရင်လည်း ကြွက်တက်ခြင်းကိုဖြစ်စေနိုင်လို့ အတတ်နိုင်ဆုံး စိတ်ဖိစီးမှုကို လျှော့ချပါ။

7.ကြွက်တက်ခြင်းသည် ခဏအကြာ သူ့အလိုလို သက်သာသွားတတ်ပါတယ်။ ကြွက်တက်ခြင်းသည် တစ်ကြိမ်တစ်ခါသာ ဖြစ်ပွားလျှင် ကြီးကြီးမားမား ပြသနာမရှိလှသော်လည်း ထပ်ခါထပ်ခါ ဖြစ်ပွားလာပါက ဆရာဝန်နှင့် သေချာပြသင့်ပါတယ်။

#akhayarlifestyle #musclecramps #ကြွက်တက်ခြင်း


































Read more

လေပေါ်ပျံသန်းနိုင်မယ့် ကမ္ဘာ့ပထမဆုံးမော်တော်ဆိုင်ကယ်

လေပေါ်ပျံသန်းနိုင်မယ့် ကမ္ဘာ့ပထမဆုံးမော်တော်ဆိုင်ကယ်

ဒီနှစ်ရဲ့ CES 2025 မှာ မိတ်ဆက်လာတဲ့ ပစ္စည်းတော်တော်များများက ရှယ်တွေပါပဲ။ တစ်ခုပဲ ဈေးကွက်ထဲ ရောက်မရောက်မသေချာတာရယ် ရောက်ဖို့ အချိန်ကြာဦးမှာရယ်က လွ

တစ်ကိုယ်တည်း နေတတ်ခြင်းအကြောင်း

တစ်ကိုယ်တည်း နေတတ်ခြင်းအကြောင်း

မနက်ခင်းရဲ့ နေရောင်ခြည်အောက်မှာ တစ်ယောက်တည်း လမ်းလျှောက်နေမိတယ်။ လမ်းဘေးက သစ်ရွက်တွေပေါ်မှာ နေရောင်ခြည်က ဝင်းဝင်းလက်လက် ကျနေတယ်။ ဒီအချိန်မှာ စိတ်ထဲ

အမြင်အာရုံချို့တဲ့သူတွေအတွက် ခေါင်းစွပ်မျက်မှန်

အမြင်အာရုံချို့တဲ့သူတွေအတွက် ခေါင်းစွပ်မျက်မှန်

Australia Melbourne မြို့မှာရှိတဲ့ Monash တက္ကသိုလ်ရဲ့ သုတေသီများက အမြင်အာရုံဆုံးရှုံးသူများရဲ့ အမြင်အာရုံကို သာမန်သူများနီးပါးကောင်းမွန်စွာခံစားနိုင်မယ့် ကမ္ဘာ့ပထမဆုံးသေ

Atomic Habits ဆိုတဲ့ စာအုပ်ထဲက မှတ်သားစရာ အချက်တွေ

Atomic Habits ဆိုတဲ့ စာအုပ်ထဲက မှတ်သားစရာ အချက်တွေ

ဂျိမ်းစ် ကလီးယား ရေးသားထားတဲ့ ဒီစာအုပ်လေးဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ အလေ့အထကောင်းတွေ ဘယ်လိုတည်ဆောက်မလဲ၊ အလေ့အထဆိုးတွေကို ဘယ်လိုဖျက်သိမ်းမလဲဆိုတာကို လက်တွေ့ကျ