Under Display Camera နဲ့ Touch ID ဖြစ်သွားမယ့် Apple ခေါက်ဖုန်း

Face ID တော့ မပါပါဘူးတဲ့။ Apple ခေါက်ဖုန်းက သတင်းတွေအရဆို Flip မဟုတ်ပဲ Foldable (စာအုပ်ပုံစံ ခေါက်ဖုန်း) အရင်လာမယ့်ပုံပါပဲ။
Apple ခေါက်ဖုန်းသတင်းတွေက တဖြည်းဖြည်းနဲ့ ပလူပျံလာပါပြီ။ ဈေးနှုန်းကစလို့ အခုဆို Spec: တွေနဲ့ Hardware ပိုင်းတွေပါ leak တွေဖြစ်လာပါပြီ။ ဘယ်လောက်ပဲသတင်းတွေ ပွထနေပါစေ။ ခန့်မှန်းတွေချည်းပါပဲ အကုန်။

Naver Blogger တစ်ဦးဖြစ်တဲ့ yeux1122 ကနေ Weibo က အချက်အလက်အချို့ကို ကိုးကားပြီး Apple ခေါက်ဖုန်းဟာ Punch Hole Display ဖြစ်မယ့်အပြင် Face ID မဟုတ်ပဲ Touch ID သုံးဖို့ အလားအလာများနေတယ်လို့ ဆိုပါတယ်။

Digital Chat Station ကနေလည်း Apple ခေါက်ဖုန်းဟာ Inner Display 7.76” ဝန်းကျင်နဲ့ 2,713 x 1,920 resolution ရှိမယ်။ Under display Camera နည်းပညာကို သုံးသွားမယ်လို့ ဆိုပါတယ်။ နောက်ပြီး iPhone 17 Air မှာထည့်သွင်းထားတဲ့ ပါးလွှာတဲ့ ဒီဇိုင်းအပြင် အဆင့်မြင့် Display ၊ Chips နဲ့ Battery ပိုင်းကို ထည့်သွင်း အသုံးပြုသွားမယ်လို့ ဖော်ပြထားပါတယ်။

သိပ်တော့မမျှော်ပါနဲ့ဦး။ Leaker တွေအဆိုအရ 2026 နှစ်ကုန်ပိုင်းလောက်မှသာ တွေ့ရဖို့များပါတယ်။ ဈေးကတော့ အရှေ့တွေမှာ ပြောခဲ့သလိုပဲ ဒေါ်လာ 2000 ကနေ 2500 ဝန်းကျင်ရှိမှာပါ။