၈မိုင်က ဝက်သားဒုတ်ထိုး

၈မိုင်က ဝက်သားဒုတ်ထိုး

ဒီနေ့မှာတော့ ၈မိုင်ဘက်ရောက်တုန်း "ဦးရဲနိုင် ဝက်သားဒုတ်ထိုး" ကို ဝင်စားကြည့်ပါမယ်။

ဦးရဲနိုင် ဝက်သားဒုတ်ထိုးက လိုင်းပေါ်မှာတော့ နာမည်ကြီးဘဲ။ ဒါပေမယ့် မင်မင်တစ်ခါမှ မစားဖူးဘူး။ အရင်နေ့တွေကလည်းစားကြည့်ဖို့လုပ်သေးတယ် ဒါပေမယ့် မင်မင်တို့သွားတဲ့ အချိန်က အရမ်းစောနေလို့ မစားခဲ့ရဘူး။ ဒီနေ့တော့ စားချင်တာနဲ့ကွက်တိကို စားခဲ့တယ်။

ဆိုင်အပြင်အဆင်ကတော့ အခြားသော ဝက်သားတုတ်ထိုးဆိုင်တွေလိုဘဲ အထူးပြောစရာတော့မလိုဘူး။ ၈မိုင်မှာဆိုရင်တော့ လူတော်တော်များများလာစားကြတယ်။ ဆိုင်က လမ်းထိပ်လေးမှာရှိတဲ့အတွက် လာစားရင် ရှာရလွယ်တယ်။

မင်မင်မှာလိုက်တာကတော့ ...

ကြာဇံကြော် အလွတ်(500 MMK)

ကြာဇံကြော် ချဉ်ငံစပ်တစ်ပွဲ မှာလိုက်တယ်။ အရသာကတော့ အစပ်ဘက်ကိုရောက်တယ်။ ငရုတ်သီးမှုန့်နဲ့သုပ်ပေးတာ မင်မင်က ငရုတ်သီးမှုန့်သိပ်မစားဘူး။ မင်မင့်လို ငရုတ်သီးမှုန့်မစားဘူးဆိုရင်တော့ အချိုလေးဘဲ သုပ်ခိုင်းပါ။ စားလို့‌ေတာ့ကောင်းပါတယ်။

ဝက်သားတုတ်ထိုးကတော့ ...

တော်တော်လေးစုံတယ်။ အသား၊ နို့အုံသား၊ အူပိတ်၊ အူချို၊ အချင်းတိုင်၊ အရိုးနု၊ ဝက်သွေး၊ အသည်း၊ အာခေါင်၊ အူချို၊ ဦးနှောက်၊ မျက်လုံး၊ အကြိတ်၊ နားရွက် အစုံရှိတယ်။ ဈေးတွေကတော့ တုတ်ချောင်း မချိုးထားရင် 100၊ တစ်ခါချိုးထားရင် 200၊ နှစ်ခါချိုးထားရင် 400 အစားစားရှိတယ်။ ဝက်အူတွေကတော်တော်လေးသန့်တယ်။ ဝက်အ‌ေခါက်ကလည်းသန့်တယ်။ အမွှေးတွေသေချာရှင်းထားတယ်။ တစ်ခြားဆိုင်တွေဆို အမွှေးမပြောင်လို့ ဆက်စားချင်စိတ်မရှိတာမျိုးတွေရှိတယ်။ အရသာရှိတယ် မငန်ဘူး။ မင်မင်ပထမဆုံးစားကြည့်တာကတော့ ဝက်အူပိတ်ဘဲ။ အူပိတ်က စားချင်စဖွယ် အဝိုင်းအပြည့်လေး။ နို့အုံသားဆိုလည်း အသားအပြည့်နဲ့ စားရတာတန်တယ်။ 

မင်မင်အတွက် ပထမဆုံးစားဖူးတာကတော့...

ဝက်မျက်လုံးပါဘဲ ဝက်မျက်လုံးက ကြော်ထားသလိုလေး။ ပထမစကိုက်ကိုက်ချင်း အရည်တွေပန်းထွက်လာတယ်။ တစ်မျိုးလေးဘဲ။ စားလို့တော့ကောင်းတယ်။ အချဉ်ရည်နဲ့စားရင်ရှယ်ဘဲ။ အရိုးနုလေးလို ကြာကြာဝါးလေးလို နည်းနည်းလေးတော့ဝါးရတယ် မနူးလို့မဟုတ်ဘူးနော်။

ဟင်းချိုလည်းကောင်းတယ်။ အရမ်းမငန်ဘူး။ မင်မင့်အထင်တော့ အချိုမှုန့်တောင်မသုံးထားဘူးထင်တယ်။ ငရုတ်ကောင်းဖြူးပေးထားတယ် ကြက်သွန်မြိတ်ထည့်ပေးတယ်။ အဆင်ပြေတယ်။

ဆိုင်က take away လေးလည်းရှိတယ်။ Take away ကတော့ ရန်ကုန်တစ်မြို့လုံးပို့ပေးပြီး ဗန်းလေးနဲ့ထည့်ပေးတာ။ 10000 20000 30000 50000တန်အထိရှိတယ်။ လူတော်တော်များများစားလို့ရတယ်။ သူငယ်ချင်းတွေနဲ့ စုစားတာဖြစ်ဖြစ် chill တာဖြစ်ဖြစ်လုပ်ရင်တော့ မိုက်တယ်။

မင်မင့်အမြင်ကတော့ အရသာအတွက်ကတော့ 4 Star ပေးမယ်။ ဘာလို့ဆို မင်မင်ကအငန်စားတဲ့ဘက်ရောက်တယ်။ အပေါ့စားတဲ့သူတို့ အတွက်အဆင်ပြေတယ်။ အပေါ့ဆိုတာအရမ်းပေါ့နေတာမဟုတ်ဘူးနော် မင်မင့်အတွက်နည်းနည်းပေါ့နေတယ်ခံစားရလို့။ အရမ်းမကြိုက်တာမျိုးတော့မရှိပါဘူး။

သန့်ရှင်းမှု အတွက်ကတော့ 4 Star ပေးမယ်။ တော်တော်လေးသန့်တယ်။ 

ဈေးနှုန်းကတော့ 4 Star လောက်ပါဘဲ။ မင့်မင့်အမြင် ဈေးနည်းနည်းလေးကြီးတယ်။ အချင်းတိုင်၊ နို့အုံသားတို့ဆို အသားပြားလိုမျိုး။ အသားအရွယ်အစား၊ သန့်ရှင်းမှုနဲ့ စိတ်သန့်သန့်စားရတဲ့အတွက် တန်တယ်လို့တော့ထင်တယ်။

ဦးရဲနိုင် ဝက်သားတုတ်ထိုး · V48R+4FX, Kyaik Waing Pagoda Rd, Yangon, Myanmar (Birma)
Aziatisch restaurant

Read more

လေပေါ်ပျံသန်းနိုင်မယ့် ကမ္ဘာ့ပထမဆုံးမော်တော်ဆိုင်ကယ်

လေပေါ်ပျံသန်းနိုင်မယ့် ကမ္ဘာ့ပထမဆုံးမော်တော်ဆိုင်ကယ်

ဒီနှစ်ရဲ့ CES 2025 မှာ မိတ်ဆက်လာတဲ့ ပစ္စည်းတော်တော်များများက ရှယ်တွေပါပဲ။ တစ်ခုပဲ ဈေးကွက်ထဲ ရောက်မရောက်မသေချာတာရယ် ရောက်ဖို့ အချိန်ကြာဦးမှာရယ်က လွ

တစ်ကိုယ်တည်း နေတတ်ခြင်းအကြောင်း

တစ်ကိုယ်တည်း နေတတ်ခြင်းအကြောင်း

မနက်ခင်းရဲ့ နေရောင်ခြည်အောက်မှာ တစ်ယောက်တည်း လမ်းလျှောက်နေမိတယ်။ လမ်းဘေးက သစ်ရွက်တွေပေါ်မှာ နေရောင်ခြည်က ဝင်းဝင်းလက်လက် ကျနေတယ်။ ဒီအချိန်မှာ စိတ်ထဲ

အမြင်အာရုံချို့တဲ့သူတွေအတွက် ခေါင်းစွပ်မျက်မှန်

အမြင်အာရုံချို့တဲ့သူတွေအတွက် ခေါင်းစွပ်မျက်မှန်

Australia Melbourne မြို့မှာရှိတဲ့ Monash တက္ကသိုလ်ရဲ့ သုတေသီများက အမြင်အာရုံဆုံးရှုံးသူများရဲ့ အမြင်အာရုံကို သာမန်သူများနီးပါးကောင်းမွန်စွာခံစားနိုင်မယ့် ကမ္ဘာ့ပထမဆုံးသေ

Atomic Habits ဆိုတဲ့ စာအုပ်ထဲက မှတ်သားစရာ အချက်တွေ

Atomic Habits ဆိုတဲ့ စာအုပ်ထဲက မှတ်သားစရာ အချက်တွေ

ဂျိမ်းစ် ကလီးယား ရေးသားထားတဲ့ ဒီစာအုပ်လေးဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ အလေ့အထကောင်းတွေ ဘယ်လိုတည်ဆောက်မလဲ၊ အလေ့အထဆိုးတွေကို ဘယ်လိုဖျက်သိမ်းမလဲဆိုတာကို လက်တွေ့ကျ