iPhone 16 နဲ့တူသွားတဲ့ REDMI Turbo 4

iPhone 16 နဲ့တူတယ်လို့ ပြောနေကြပေမဲ့ Mi fan တွေကတော့ ဒီဇိုင်းပုံစံကို တော်တော်လေးအကြိုက်တွေ့နေကြတာပါ။ အခရာပရိတ်သတ်ထဲက Mi fan တွေရော ဘယ်လိုမြင်လဲခင်ဗျ....

ထားပါတော့။ ဒီဇိုင်းမှာပြောရရင် Camera layout က တော်တော်လေးသပ်ရပ်သွားတော့ Turbo 3 ထက်စာရင် ပိုပြီး Premium ဆန်သွားသလားတယ်လို့ မြင်တာပါပဲ။ Chips ကတော့ MediaTek Dimensity 8400-Ultra ကိုသုံးထားမှာပါ။ နောက်ဆုံး Software Update ဖြစ်တဲ့ Hyper OS 2 လည်းသုံးနိုင်မယ်လို့ ဆိုပါတယ်။ နောက်ပြီး တော်တော်များများခန့်မန်းနေကြတာကတော့ ကင်မရာအဝိုင်းကနေ မီးလင်းလောက်မယ်ဆိုတာပါ။ ဒါကတော့ စောင့်ကြည့်ရမယ့် တစ်ချက်ပါပဲ။ နောက်ထပ် Spec: တွေဆိုရင် 50MP (OIS) Main Camera , 6.67-inch LTPS OLED (FHD+ 120Hz), 16GB RAM,  6,550mAh Battery နဲ့ 90W Fast Charge တို့ပါဝင်လာမှာဖြစ်ပါတယ်။ 

Redmi Turbo 4 ကို လာမယ့် ဇန်နဝါရီ ၂ ရက်နေ့ ကြာသပတေးမှာ မိတ်ဆက်ပါမယ်။ Global မှာတော့ POCO X7 Pro အနေနဲ့ မိတ်ဆက်သွားမယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် ဒီတစ်ခေါက် Turbo Series မှာက Turbo 4 Pro ပါ ထုတ်မယ်လို့ သတင်းထွက်ထားတော့ Pro Version ကိုလည်း စောင့်ရမှာပါ။ Redmi Turbo 4 ကတော့ 2025 အတွက် Xiaomi ရဲ့ ပထမဆုံးမိတ်ဆက်လာမယ့်ဖုန်းပါပဲ။  ကဲ…Turbo Series စောင့်နေတဲ့သူတွေ ရှိလာဗျို့...