တံကောက်ကြောဒဏ်ရာကြောင့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်(ဒုတိယအကျော့)ပွဲမှာ ဒမ်ဘီလီပါဝင်နိုင်ဖို့ သံသယဖြစ်ဖွယ်ရှိ

တံကောက်ကြောဒဏ်ရာကြောင့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်(ဒုတိယအကျော့)ပွဲမှာ ဒမ်ဘီလီပါဝင်နိုင်ဖို့ သံသယဖြစ်ဖွယ်ရှိ

PSG အသင်းက အာဆင်နယ်အသင်းကို (၁-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်(ပထမအကျော့)ပွဲစဉ်မှာ PSG အသင်းအတွက်တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူခဲ့တဲ့ ပြင်သစ်တောင်ပံကစားသမား ဒမ်ဘီလီဟာ တံကောက်ကြောဒဏ်ရာရရှိခဲ့တာကြောင့် ဒုတိယအကျော့ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ သံသယဖြစ်ဖွယ်ရှိနေပါတယ်။

ဒမ်ဘီလီဟာ ဒီပွဲရဲ့ပွဲချိန်မိနစ်(၇၀)မှာ ဒဏ်ရာကြောင့် လူစားလဲခံခဲ့ရပြီး ကွင်းထဲကထွက်ခွာချိန်မှာ နာကျင်မှုကို ခံစားနေရတဲ့အတွက် ဒုတိယအကျော့ပွဲမတိုင်မီ PSG အသင်းအတွက်ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာတာပါ။

PSG အသင်းဟာ လာမယ့်ရက်မှာ ဒမ်ဘီလီရဲ့ဒဏ်ရာအခြေအနေကို စစ်ဆေးမှုတွေပြုလုပ်သွားမယ်လို့ RMC Sport က ဖော်ပြထားတာပါ။ PSG အသင်းနည်းပြလူးဝစ်အင်းနရစ်က ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဒမ်ဘီလီရဲ့ဒဏ်ရာအခြေအနေကို သူမသိပေမယ့် ဒုတိယအကျော့မှာပါဝင်နိုင်ဖို့ သံသယဖြစ်ဖွယ်ရှိတယ်လို့ ဝန်ခံခဲ့ပါတယ်။

လူးဝစ်အင်းနရစ်က "ဒဏ်ရာက ကြီးကြီးမားမားမဟုတ်ပေမယ့် ဒုတိယအကျော့ပွဲစဉ်အတွက် သံသယဖြစ်ဖွယ်ရှိပါတယ်။ ကျွန်တော်တို့က စစ်မှန်တဲ့အသင်းပါ။ သူပါဝင်ကစားနိုင်ရင်ကောင်းမှာဖြစ်သလို မပါဝင်နိုင်ရင်လည်း အသင်းရဲ့လုပ်ဆောင်မှုကို မြင်တွေ့ရမှာပါ"လို့ ဆိုခဲ့ပါတယ်။

PSG နောက်ခံလူဟာကီမီကတော့ အာဆင်နယ်အသင်းနဲ့ ဒုတိယအကျော့ပွဲစဉ်မှာ ဒမ်ဘီလီပါဝင်နိုင်ဖို့ မျှော်လင့်တယ်လို့ ဆိုခဲ့ပါတယ်။ PSG အသင်းဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်တွေမှာ လီဗာပူးလ်အသင်းနဲ့ အက်စတွန်ဗီလာအသင်းတို့ကို ဖြုတ်ချနိုင်ခဲ့ပြီး ဆီမီးဖိုင်နယ်မှာလည်း ပထမအကျော့ အဝေးကွင်းနိုင်ပွဲကြောင့် အာဆင်နယ်အသင်းကိုလည်း ဖြုတ်ချပြီး ဗိုလ်လုပွဲတက်ဖို့ အခြေအနေကောင်းတွေပိုင်ဆိုင်ခဲ့ပါတယ်။

Read more

ဥရောပအမျိုးသမီးချန်ပီယံလိဂ်မှာ အာဆင်နယ်အမျိုးသမီးစွမ်းဆောင်ခဲ့သလို အာဆင်နယ်အသင်းလိုက်လုပ်ပြနိုင်မလား

ဥရောပအမျိုးသမီးချန်ပီယံလိဂ်မှာ အာဆင်နယ်အမျိုးသမီးစွမ်းဆောင်ခဲ့သလို အာဆင်နယ်အသင်းလိုက်လုပ်ပြနိုင်မလား

အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်(ပထမအကျော့)ပွဲမှာ ပြင်သစ်ကလပ် PSG အသင်းကို အိမ်ကွင်းမှာ (၀-၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပေမယ့် ဒုတိယအကျော့မှာ ပြန်လာနိုင်ဖိ

Web Browser အတွက် WhatsApp ​၏ Feature အသစ်

Web Browser အတွက် WhatsApp ​၏ Feature အသစ်

WhatsApp သည် ၎င်း၏ Web version တွင် voiceနှင့်video callခေါ်ဆိုမှု featuresများကိုထည့်သွင်းရန်လုပ်ဆောင်နေပြီး ၎င်းကိုmobile app နှင့်ပုံစံတူဖန်တီးမည်ဟုသိရသည်။ယုံကြည်စိတ်ချရသောအရင်းအမြစ်

Arsenal (0-1) PSG  UEFA Champions League (Semi Final/1st leg)  Highlight

Arsenal (0-1) PSG UEFA Champions League (Semi Final/1st leg) Highlight

■ Video - မနေ့ကကစားခဲ့တဲ့ ချန်ပီယံလိဂ်(ဆီမီးဖိုင်နယ်)ပထမအကျော့ အာဆင်နယ် (၀-၁) PSG ပွဲမှာ PSG အသင်းအတွက် ဒမ်ဘီလီရဲ့အနိုင်ဂိုး၊ PSG ဂိုးသမားဒွန်နာရမ်မာရဲ့ဂိုးကာကွယ်မှ