တိုက်စစ်မှူးအီဗာနီလ်ဆန်ရဲ့အနီကတ်ပြစ်ဒဏ်ကို မိမိတို့အယူခံဝင်မယ်လို့ ဘုန်းမောက်နည်းပြအီရာအိုလာအတည်ပြု

တိုက်စစ်မှူးအီဗာနီလ်ဆန်ရဲ့အနီကတ်ပြစ်ဒဏ်ကို မိမိတို့အယူခံဝင်မယ်လို့ ဘုန်းမောက်နည်းပြအီရာအိုလာအတည်ပြု

ဘုန်းမောက်အသင်းနဲ့ မန်ယူနိုက်တက်အသင်းတို့(၁-၁)ဂိုးစီသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ထုတ်ပယ်ခံခဲ့ရတဲ့ ဘရာဇီးလ်တိုက်စစ်မှူး အီဗာနီလ်ဆန်ရဲ့အနီကတ်ပြစ်ဒဏ်ကို အယူခံဝင်သွားမယ်လို့ ဘုန်းမောက်အသင်းနည်းပြအီရာအိုလာက ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ အတည်ပြုခဲ့ပါတယ်။

အီဗာနီလ်ဆန်ဟာ ဒီပွဲရဲ့ပွဲချိန်(၇၁)မိနစ်မှာ မန်ယူနိုက်တက်နောက်ခံလူ မက်ဇ်ရာအူရီကို ဝင်ရောက်ပုံကြမ်းတမ်းခဲ့တယ်ဆိုပြီး ကွင်းလယ်ဒိုင်လူကြီးရဲ့တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခြင်းကို ခံခဲ့ရတာပါ။

ကွင်းလယ်ဒိုင်လူကြီးဟာ အစောပိုင်းက အီဗာနီလ်ဆန်ကို အဝါကတ်သာပြသခဲ့ပေမယ့် VAR ဒိုင်လူကြီးက ဒီဖြစ်ရပ်ကို ပြန်စစ်ဆေးဖို့ အကြောင်းကြားခဲ့တာကြောင့် စစ်ဆေးအပြီးမှာ အဝါကတ်ကို ပယ်ဖျက်ပြီး တိုက်ရိုက်အနီကတ်ပြခဲ့တာဖြစ်ပါတယ်။ ဘုန်းမောက်အသင်းနည်းပြ အီရာအိုလာက တိုက်စစ်မှူးအီဗာနီလ်ဆန်ဟာ ခြေချော်သွားခဲ့တယ်ဆိုပြီး ဒီအနီကတ်ပြသခဲ့တဲ့ ဆုံးဖြတ်ချက်ကို ဒေါသထွက်နေကာ အယူခံဝင်သွားမယ်လို့ ဆိုခဲ့တာပါ။

အီဗာနီလ်ဆန်ဟာ အနီကတ်ကြောင့် ဘုန်းမောက်အသင်းရဲ့ဒီရာသီပရီးမီးယားလိဂ်လက်ကျန်(၄)ပွဲမှာ (၃)ပွဲအထိ ပွဲပယ်ခံရတော့မှာဖြစ်လို့ ဥရောပဝင်ခွင့်ရဖို့ ကြိုးစားနေတဲ့ အသင်းရဲ့မျှော်လင့်ချက်ကို ထိခိုက်သွားစေနိုင်ပါတယ်။ ဒါ့အပြင် ဘုန်းမောက်အသင်းနည်းပြ အီရာအိုလာက ဒီပွဲမှာ သူတို့အနိုင်ရခဲ့ရင် အများကြီးအဓိပ္ပါယ်ရှိမှာဖြစ်ပေမယ့် ရမှတ်(၁)မှတ်ကကြီးမားတဲ့ ခြားနားမှုဖြစ်စေတယ်လို့ ဆိုခဲ့တာပါ။

ဘုန်းမောက်အသင်းဟာ ဒီပွဲရလဒ်ကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်(၁၀)နေရာမှာ ရပ်တည်နေပြီး ကွန်းဖရန့်လိဂ်ဝင်ခွင့်ဖြစ်တဲ့ အဆင့်(၇)နေရာက အက်စတွန်ဗီလာအသင်းနဲ့ (၇)မှတ်ကွာဟနေပါတယ်။

Read more

ရာသီကုန်မှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ လမ်းခွဲပြီး ဘရာဇီးလ်လက်ရွေးစင်အသင်းကို အန်ဆယ်လော့တီကိုင်တွယ်ဖွယ်ရှိနေ

ရာသီကုန်မှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ လမ်းခွဲပြီး ဘရာဇီးလ်လက်ရွေးစင်အသင်းကို အန်ဆယ်လော့တီကိုင်တွယ်ဖွယ်ရှိနေ

ရီးရဲလ်မက်ဒရစ်အသင်းကို ဒုတိယအကြိမ်ကိုင်တွယ်နေတဲ့ အီတလီလူမျိုးနည်းပြ အန်ဆယ်လော့တီဟာ ဒီရာသီကုန်ရင် အသင်းနဲ့ လမ်းခွဲပြီး သူ့ကိုနည်းပြအဖြစ်ခန့်အပ်ချင်နေ

နိုင်ငံဥပဒေကို AI နဲ့ ရေးသားခဲ့တဲ့ ကမ္ဘာ့ပထမဆုံးနိုင်ငံ

နိုင်ငံဥပဒေကို AI နဲ့ ရေးသားခဲ့တဲ့ ကမ္ဘာ့ပထမဆုံးနိုင်ငံ

ဒီသတင်းက ဧပြီ ၂၂ တည်းကမို့ နည်းနည်းကြာပြီဆိုတော့ သိပြီးတဲ့သူတွေတောင်ရှိလောက်ပါတယ်။ UAE အစိုးရကနေ နိုင်ငံရဲ့ ဥပဒေနဲ့ပတ်သက်ပြီး ဥပဒေအသစ်တွေရေးသားခြင်းနဲ့ ပြုပြင်ပြောင်းလဲ

US မှာ AI နည်းပညာအတွက် Supercomputer များတည်ဆောက်မည့် NVIDIA

US မှာ AI နည်းပညာအတွက် Supercomputer များတည်ဆောက်မည့် NVIDIA

NVIDIA သည် အမေရိကန်ပြည်ထောင်စုအတွင်း၌ AI supercomputers များကို ပထမဆုံးအကြိမ်အဖြစ် တည်ဆောက်မည်ဖြစ်ကြောင်း ကြေညာထားသည်။ ၎င်းစီမံကိန်းတွင် TSMC၊ Foxconn၊ Wistron၊ Amkor နှင့် SPIL တို့နှင့

ဘာသာရေးအရ အရက်သေစာရှောင်တဲ့ဆာလာကိုပရီးမီးယားလိဂ်ချန်ပီယံအဖြစ် အောင်ပွဲခံချိန်မှာနူနက်ဇ် ဘီယာနဲ့လောင်းခဲ့

ဘာသာရေးအရ အရက်သေစာရှောင်တဲ့ဆာလာကိုပရီးမီးယားလိဂ်ချန်ပီယံအဖြစ် အောင်ပွဲခံချိန်မှာနူနက်ဇ် ဘီယာနဲ့လောင်းခဲ့

လီဗာပူးလ်အသင်းက စပါးအသင်းကို (၅-၁)ဂိုးနဲ့ အနိုင်ရပြီး ၂၀၂၄-၂၅ ရာသီပရီးမီးယားလိဂ်ချန်ပီယံအဖြစ်‌အောင်ပွဲခံချိန်မှာ ဥရုဂွေးတိုက်စစ်မှူးဒါဝင်နူနက်ဇ်ဟာ အီဂျ