တစ်နာရီ 1000km မောင်းနှင်နိုင်သည့်ယာဉ်

တရုတ်နိုင်ငံတွင် တစ်နာရီလျှင် 621 mph (1,000 km/h) နှုန်းဖြင့် မောင်းနှင်နိုင်သော ultrafast maglev အမည်ရ ရထားကို အောင်မြင်စွာ စမ်းသပ်မောင်းနှင်နိုင်ခဲ့သည်။ ရှန်ရှီပြည်နယ်ရှိ 2 ကီလိုမီတာရှည်လျားသော လေဟာနယ်လှိုင်ဂူထဲတွင် စမ်းသပ်မှုပြုလုပ်ခဲ့ပြီး ရထား၏ချောမွေ့စွာ ဖြတ်သန်းနိုင်မှု၊ ကွေ့ကောက်မှုများ၊ ဘေးကင်းစွာရပ်တန့်ရန်နှင့် တည်ငြိမ်သော ထိန်းချုပ်မှုအလွန်မြန်နှုန်းမြင့် ခရီးသွားလာမှုအတွက် အဓိကလိုအပ်ချက်များကိုစမ်းသပ်အောင်မြင်ခဲ့တာဖြစ်ပါတယ်။

ရထားသည် အပူချိန်မြင့်သော စူပါကွန်ဒိုက် (HTS) နည်းပညာဖြင့် မောင်းနှင်ထားပြီး ပွတ်တိုက်မှုအနည်းဆုံးဖြင့် လမ်းကြောင်းပေါ်မောင်းနှင်နိုင်သည်။ 

အဆိုပါနည်းပညာတွင်အလွန်တိတ်ပြီး စွမ်းအင်သက်သာကာ ဓာတ်ငွေ့ထုတ်လွှတ်မှုကိုပါလျော့ကျစေသည်။ယခုစမ်းသပ်အောင်မြင်မှုသည်အနာဂတ်သယ်ယူပို့ဆောင်ရေးတွင် လက်တွေ့နှင့်ပိုမိုနီးကပ်လာစေရန်အရေးကြီးသောခြေလှမ်းဖြစ်သည်။

ဝန်ဆောင်မှုပေးသည်နှင့်တစ်ပြိုင်နက် ultrafast maglev သည်ပေကျင်းနှင့် ရှန်ဟိုင်းကြား ခရီးသွားချိန်ကို ၁နာရီခွဲ အထိသာကြာနိုင်ပြီးဒီလိုတိကျသောစွမ်းဆောင်ရည်မြင့်မားသော နည်းပညာများဖြင့် တရုတ်က မြန်နှုန်းအမြင့်ဆုံးသယ်ယူပို့ဆောင်ရေးခေတ်သစ်ကိုဦးဆောင်ရန်ကြိုးပမ်းလျှက်ရှိသည်။