Keto Diet meal အတွက် တစ်နေရာထဲမှာ စုံစုံလင်လင်ရနိုင်တဲ့နေရာ
Keto Diet ဆိုတာဘာလဲ?
Keto Diet ဆိုတာအဆီ(fat) 70%၊ အသား(Protein) 25% နှင့် ကဆီ(Carbohydrate) 5% စားသုံးပြီး အစာခံစရာမလိုဘဲ ဝိတ်ချရတဲ့ Diet တစ်မျိုးဖြစ်ပါတယ်။
အဆီ 70% ကိုစားသုံးရတယ်ဆိုပေမယ့် ထိုအဆီတွေက ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆီတွေကိုချေဖျက်ပေးမှာဖြစ်ပြီး ခန္ဓာကိုယ်တွင်းအဆီ လျော့နဲပေးမှာဖြစ်ပါတယ်။ ဆိုင်လေးက first look အနေနဲ့တော့ ရိုးရိုးရှင်းရှင်းလေးနဲ့ ချစ်စရာကောင်းတယ်။ မင်မင်တို့သွားတုန်းကတော့ ဆိုင်အသစ်ဖွင့်တုန်းဘဲရှိသေးတယ်။ ဆိုင်မှာ ထိုင်စားလို့လည်းရတယ်။ Coffee တို့ Diet cake တွေ၊ cookie တွေမှာလို့ရတယ်။ Diet cake တွေက (၇)ရက်လောက်ခံတယ်ဆိုတော့ အိမ်မှာ ရေခဲသေတ္တာထဲထည့်ထားလည်း အဆင်ပြေတယ်။ Diet အတွက် ပစ္စည်းတွေကို တစ်နေရာထဲမှာ စုပြီးဝယ်ယူနိုင်တယ်။ ဟင်းခတ်မှုန့်၊ mustard၊ oat၊ Hot sauce၊ အစေ့အစံတွေ၊ ကျန်းမာရေးနဲ့သင့်လျော်တဲ့ ဟင်းချက်ပစ္စည်းတွေ၊ TTGyinn ရဲ့ ကိုယ်ပိုင် product မောက်ချိုက်အနှစ်နှင့် ဝဥကြာဇံတို့ကို ရောင်းချပေးတယ်။ ကျန်းမာရေးနှင့်ညီညွတ်တဲ့ စားသောက်ကုန်တွေဖြစ်ပြီး တော်တော်များများက 0% cholesterol၊ 0%fat တွေဖြစ်ပါတယ်။ အဲ့တာကြောင့် Gym ဆော့နေတဲ့သူတွေ၊ ဝိတ်ထိန်းနေတဲ့သူတွေ သွားကြည့်သင့်ပါတယ်။ ခြုံပြောရရင်တော့ ကျန်းမာရေးလိုက်စားတဲ့သူတွေ အသွားသင့်ဆုံးဆိုင်လေးတစ်ဆိုင်ပေါ့။
Almond Chocolate Muffin - 6000ks
ချိုတယ်၊ အိတယ်၊ ထောပတ်နံ့မွှေးတယ် ၊ စားလို့ကောင်းတယ်။ အရမ်းကြီးချိုတာမျိုးမဟုတ်ဘဲ cake တစ်ခုအတွက် စားလို့ကောင်းတဲ့ အချိုလောက်ဘဲ။ ချောကလက်အစိကလေးတွေနဲ့မို့ စားလို့ကောင်းတယ်။
Cheese Chocolate Layer Cake - 9000ks
Chocolate cake ကို cheese coating အုပ်ထားသလိုဘဲ အပေါ်ယံ cheese လွှာက မာမာလေး။
Chocolate အတွင်းသားက dark chocolate ကိုသုံးထားတယ်။ almond စိလေးတွေကို ကိုက်မိတယ်။ dark chocolate မို့ ခါးသက်သက်လေးရှိတယ်။ diet food တွေမို့ အချိုမများဘဲ စားလို့ကောင်းတယ်။ chocolate ခါးသက်သက်လေးကိုမှ cheese coating လေးနဲ့ဆိုတော့ စိမ့်စိမ့်လေးနဲ့ စားလို့ကောင်းတယ်။
Greek Yogurt Muffin - 6000ks
စိမ့်တယ် မွှေးတယ် နည်းနည်းလေးချိုတယ်။ ဒိန်ချဉ်ကိတ်မျိုးပေါ့။ အရင်က ဒိန်ချဥ်ကိတ်မျိုး မင်မင်မစားဖူးတော့ လည်ချောင်းထဲ နည်းနည်းစူးစူးလေးဖြစ်တယ်။
American Cheese Cake - 4000ks
စားလိုက်တာနဲ့ cheese အရသာလေးရတယ်။ ဆိမ့်တယ်။ cheese အရသာနဲ့မို့ နည်းနည်းလေးချဉ်တယ်။ အရောင်လေးလှလှလေး ခြောက်ခြောက်လေးထွက်အောင် အပေါ်မီး အောက်မီး ပိုဖုတ်ထားတယ်။
Burned Cheese Cake - 3500ks
Cheese တွေအများကြီးပါတယ်။ အပေါ်ယံကို burned လုပ်ထားတာမို့ အပေါ်ယံခွံ မာမာလေး လှတယ်။ အရမ်းမချိုဘူး။ နည်းနည်းလေးချဉ်တယ်။ coffee လေးနဲ့ဆို ကွက်တိဘဲ။
Coffee cake - 5000ks
ဒီ Coffee cake လေးကတော့ TTGyinn ရဲ့ အသစ်ထွက်ထားတဲ့ item လေးဖြစ်ပါတယ်။ Topping ကို သစ်ကြားသီး တစ်စိတ်တင်ပေးထားတယ်။ သစ်ကြားသီးအရသာကတော့ နည်းနည်းခါးတယ် ဖန်ဖန်လေး။ cake က နူးညံ့တယ် ကော်ဖီအရသာပေါ်လွင်တယ် Creamy ဖြစ်တယ်။ cream ကနှစ်ထပ် Cream မှာ သကြားတော့မကြေဘူး သကြားကြေရင်ပိုကောင်းမယ်လို့ ခံစားမိတယ်။