Trump ၂၀၂၄ Time Person of the Year ဆု ထပ်မံရရှိ

Trump ၂၀၂၄ Time Person of the Year ဆု ထပ်မံရရှိ

Time Magazine ရဲ့ Person of the Year ဆုကို Donald Trump က ဒုတိယအကြိမ်အဖြစ် ထပ်မံရရှိသွားပါပြီ။

၁၉၂၇ ခုနှစ်မှာ "Man of the Year" အဖြစ် စတင်ခဲ့တဲ့ ဒီဆုဟာ တစ်နှစ်တာအတွင်း ကမ္ဘာ့အဖြစ်အပျက်တွေအပေါ် အကောင်းအဆိုး မခွဲခြားဘဲ အများဆုံးလွှမ်းမိုးနိုင်ခဲ့တဲ့ ပုဂ္ဂိုလ် သို့မဟုတ် လှုပ်ရှားမှုကို ပေးအပ်ချီးမြှင့်တဲ့ ဆုတစ်ခု ဖြစ်ပါတယ်။

Time မဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ် Sam Jacobs က Trump ဟာ သမိုင်းဝင်တဲ့ နိုင်ငံရေး ပြန်လည်ထူထောင်မှုကို ဦးဆောင်နိုင်ခဲ့သလို၊ မျိုးဆက်တစ်ခုလုံးရဲ့ နိုင်ငံရေးအမြင်ကို ပြောင်းလဲစေခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အမေရိကန်ရဲ့ သမ္မတရာထူးနဲ့ ကမ္ဘာ့အခင်းအကျင်းပေါ်မှာ အမေရိကန်ရဲ့ အခန်းကဏ္ဍကိုပါ ပြောင်းလဲစေခဲ့တဲ့အတွက် ၂၀၂၄ ခုနှစ်ရဲ့ Person of the Year အဖြစ် ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

Trump ဟာ ၂၀၁၆ ခုနှစ်ကလည်း ဒီဆုကို ပထမဆုံးအကြိမ် ရရှိခဲ့ဖူးပြီး၊ ငယ်စဉ်ကတည်းက Time မဂ္ဂဇင်းကို ဖတ်ရှုခဲ့တဲ့သူတစ်ဦးအနေနဲ့ အထူးဂုဏ်ယူမိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ယခင်က Person of the Year ဆုရရှိခဲ့သူတွေထဲမှာ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ တက်ကြွလှုပ်ရှားသူ Greta Thunberg၊ သမ္မတဟောင်း Barack Obama၊ Meta ကုမ္ပဏီ CEO Mark Zuckerberg၊ ပုပ်ရဟန်းမင်းကြီး Francis နဲ့ ယူကရိန်းသမ္မတ Volodymyr Zelensky တို့လို ထင်ရှားတဲ့ ပုဂ္ဂိုလ်များ ပါဝင်ခဲ့ပါတယ်။

Read more

လေပေါ်ပျံသန်းနိုင်မယ့် ကမ္ဘာ့ပထမဆုံးမော်တော်ဆိုင်ကယ်

လေပေါ်ပျံသန်းနိုင်မယ့် ကမ္ဘာ့ပထမဆုံးမော်တော်ဆိုင်ကယ်

ဒီနှစ်ရဲ့ CES 2025 မှာ မိတ်ဆက်လာတဲ့ ပစ္စည်းတော်တော်များများက ရှယ်တွေပါပဲ။ တစ်ခုပဲ ဈေးကွက်ထဲ ရောက်မရောက်မသေချာတာရယ် ရောက်ဖို့ အချိန်ကြာဦးမှာရယ်က လွ

တစ်ကိုယ်တည်း နေတတ်ခြင်းအကြောင်း

တစ်ကိုယ်တည်း နေတတ်ခြင်းအကြောင်း

မနက်ခင်းရဲ့ နေရောင်ခြည်အောက်မှာ တစ်ယောက်တည်း လမ်းလျှောက်နေမိတယ်။ လမ်းဘေးက သစ်ရွက်တွေပေါ်မှာ နေရောင်ခြည်က ဝင်းဝင်းလက်လက် ကျနေတယ်။ ဒီအချိန်မှာ စိတ်ထဲ

အမြင်အာရုံချို့တဲ့သူတွေအတွက် ခေါင်းစွပ်မျက်မှန်

အမြင်အာရုံချို့တဲ့သူတွေအတွက် ခေါင်းစွပ်မျက်မှန်

Australia Melbourne မြို့မှာရှိတဲ့ Monash တက္ကသိုလ်ရဲ့ သုတေသီများက အမြင်အာရုံဆုံးရှုံးသူများရဲ့ အမြင်အာရုံကို သာမန်သူများနီးပါးကောင်းမွန်စွာခံစားနိုင်မယ့် ကမ္ဘာ့ပထမဆုံးသေ

Atomic Habits ဆိုတဲ့ စာအုပ်ထဲက မှတ်သားစရာ အချက်တွေ

Atomic Habits ဆိုတဲ့ စာအုပ်ထဲက မှတ်သားစရာ အချက်တွေ

ဂျိမ်းစ် ကလီးယား ရေးသားထားတဲ့ ဒီစာအုပ်လေးဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ အလေ့အထကောင်းတွေ ဘယ်လိုတည်ဆောက်မလဲ၊ အလေ့အထဆိုးတွေကို ဘယ်လိုဖျက်သိမ်းမလဲဆိုတာကို လက်တွေ့ကျ