TikTok ပိတ်ပစ်မယ့်အရေး ဆိုင်းငံ့ထားရန် Donal Trump လျှောက်တင်

Trump ကိုယ်တိုင် အမေရိကန်ပြည်ထောင်စုတရားလွှတ်တော်ထိကို လျှောက်တင်တိုက်တွန်းလိုက်တာဖြစ်ပါတယ်။ 

TikTok သုံးတာ ပိတ်ပင်မယ့်ကိစ္စကို အပြီးပယ်ဖျယ်တာရယ်မဟုတ်ပဲ ဖြေရှင်းဖို့ အချိန်ပေးခိုင်းတဲ့သဘောပါ။ အင်တာနက်ပေါ်က အချို့ပြောသလိုဆိုရင်တော့ တရုတ်နဲ့ ညှိနှိုင်းဆွေးနွေးပြီး ဖြေရှင်းမယ်ဆိုတာမျိုးပါ။ Trump ဘက်က ဖြေရှင်းဖို့ ဆိုင်းငံ့ခိုင်းပြီး သမ္မတဖြစ်တဲ့အခါ သူ့နည်းသူ့ဟန်နဲ့ ဖြေရှင်းပါမယ်လို့သာ ပြောထားတာပါ။ ဒါပေမဲ့လည်း ဘယ်လိုနည်းလမ်းတွေနဲ့ ဖြေရှင်းပေးမလဲ၊ အချိန်ဘယ်လောက်အထိ ဆိုင်းငံ့ပေးရမလဲဆိုတာကိုတော့ အတိအကျမပြောဘူးလို့ ဆိုပါတယ်။ 

TikTok ကို အမေရိကန်မှာ တစ်နိုင်ငံလုံးအတိုင်းအတာအရ သုံးစွဲမှုပိတ်ပင်ဖို့ကိစ္စက ဇန်နဝါရီ ၁၉ ရက် နောက်ဆုံးဖြစ်ပြီး Trump သမ္မတတက်မယ့်ရက်က ဇန်နဝါရီ ၂၀ ဖြစ်ပါတယ်။ နောက်ပြီး ဒီအမှုကို ကြားနာမှာကတော့ ဇန်နဝါရီ ၁၀ ရက်နေ့ပါ။ ဆိုတော့ Trump တစ်ယောက် ဘယ်လိုမျိုးကြေညာချက်တွေ ထုတ်လာမလဲဆိုတာ ဒီရက်ပိုင်းထဲကို စောင့်ကြည့်ရမှာပါပဲ …