အရသာနှစ်မျိုးနဲ့ ထိုင်းကြော်အီကြာကွေး

စားနေကြအီကြာကွေးမျိုးမဟုတ်ဘဲ ယိုးဒယားအီကြာကွေးနောက်တစ်မျိုး Pantonggo(ပန့်သို့ကော်)လို့ခေါ်တယ့်အီကြာကွေး လေးပေါ့။toppingအနေနဲ့ နို့ဆီရည်နဲ့ ဆွှမ်းမွှေးခရင်မ်နှစ်မျိုးရှိတယ်။ အရသာကနို့ဆီနဲ့ဆို ချိုချိုလေးနဲ့

ဆွမ်းမွှေးကဆိမ့်ဆိမ့်မွှေးမွှေးလေး။မင်မင်ကတော့ အဆိမ့် ဆွှမ်းမွှေးလေးကိိုပိုကြိုက်တယ်။ပူပူလေးလုပ်ပြီးပြီးချင်းစားရင်အကောင်းဆုံးဘဲ။တစ်ပွဲမှာ အရေအတွက် ၁၀ခုပါတယ်( ဒါမယ့်ပိုထည့်ပေးပါတယ်လို့)

စျေးနှုန်းက ၁၀၀၀ကျပ်ပါ။မင်မင်ကတော့စားရတဲ့အရသာနဲ့ပေးရတာတန်တယ်လို့ထင်တယ်။ ပဲနို့၊ကော်ဖီနဲ့လည်းလိုက်တယ်။မင်မင်ကတော့ကြိုက်လွန်းလို့ဆိုင်နားမှာရတာနဲ့ချက်ချင်းစားခဲ့တယ့်အပြင် ပါဆယ်ပါဆွဲခဲ့သေးတာ။

"ထိုင်းကြော်"ကဖွင့်တာသိပ်မကြာသေးတာမလို့နောက်ပိုင်းကြရင် menuလေးတွေထပ်တိုးဖို့လည်းရှိပါတယ်တယ့်။

ဆိုင်ကညနေ၃နာရီ၀န်းကျင်လောက်ဆိုစပြီးဖွင့်ပါပြီ။delivery နဲ့လည်းပို့ပေးပါတယ်တယ့်၊အပြည့်အစုံကိုpage မှာလည်းကြည့်လို့ရအောင် link လေးထည့်ပေးထားပါတယ်နော်။

Address - ရှုခင်းသာပါတ်လမ်းပေါ်/ခိုင်ရွှေဝါမှတ်တိုင်ဘေး၊သာကေတမြို့နယ်။မှတ်တိုင်နဲ့နီးနီးလေးမလို့ ရှာရလည်းလွယ်တယ်။
Phone - 09771000235/09769679303