Date လို့ကောင်းပြီး အေးဆေးလေး Chill လို့ရတယ့် စမ်းချောင်းထဲက Taiwan Bubble Milk Tea ဆိုင်တစ်ဆိုင်
စမ်းချောင်းထဲမှာဆို ဆိုင်တွေလည်း တော်တော်လေးများပြီး သူငယ်ချင်းတွေနဲ့ အတူ လျှောက်သွားလျှောက်စားလို့ အကောင်းဆုံးနေရာဘဲဖြစ်ပါတယ်။ မင်မင် ဒီနေ့ ပြောပြပေးမှာကတော့ Design လည်း အရမ်းလှပြီး ဓာတ်ပုံရိုက်လို့ကောင်းတယ့် "TeaCode Drinks&Snacks" ဆိုင်လေးဘဲဖြစ်ပါတယ်။ ဆိုင်လေးက တိတ်ဆိတ်ပြီး အေးဆေးလေး Chill လို့ကောင်းတယ်။ ဆိုင်လေးမှာတော့ Taiwan Bubble Milk Tea အပြင် အခြားသော Drinks တွေကို အဓိကထားပြီးရောင်းချပေးတယ်ပေါ့နော်။ အစားအသောက်တွေကလည်း ဈေးတန်ပြီး ထိုင်လို့ကောင်းတယ့် ဆိုင်တစ်ဆိုင်ပါ။ မင်မင်မှာစားဖြစ်တာကတော့....
Milk Tea - 2200 ks
ဒီဆိုင်လေးက Milk tea ကို ဦးစားပေးဖွင့်ထားတာကြောင့် Milk tea ကိုမှာဖြစ်လိုက်တယ်။ အရသာကတော့ စိမ့်တယ် Tea အရသာလေး ရတယ်။ မြန်မာလိုဆို ပေါ့စိမ့်အရသာလေး အတိုင်းဘဲ။ တော်တော်လေးသောက်ရတာ အဆင်ပြေတယ်။
Ham Sandwich - 2500ks
Sandwich ဆလပ်ရွက်၊ ပေါင်မုန့်၊ သခွားသီး၊ ခရမ်းချဉ်သီး၊ Ham၊ ကြက်ဥပါတယ်။ ပေါင်မုန့်ကို အနည်းငယ်လေးကင်ထားတယ်။ စားရတာအိပြီး ဟင်းခတ်အမွှေးနံ့နည်းနည်းရတယ်။ ဗိုက်အပြည့်စားရတာမျိုးမဟုတ်ပေမယ့် အေးဆေးလေး Chill ပြီး snack အနေနဲ့စားလို့ကောင်းတယ်။ Sandwich လေးကို ပန်းကန်ပြားနဲ့ မဟုတ်ဘဲ cart လေးနဲ့ လာချပေးတာမို့ ချစ်စရာလည်းကောင်းတယ်။
မင်မင့်အမြင်ကတော့ ဒီဆိုင်လေးက အစားအသောက်တွေက Heavy ဗိုက်အပြည့်စားဖို့တော့မဟုတ်ဘူး ဒါပေမယ့် အေးဆေးလေး chill မယ် သူငယ်ချင်းတွေနဲ့ Date မယ် ကောင်မလေးနဲ့ Date ဖို့ဆိုရင် သွားကြည့်သင့်တယ်။ ဓာတ်ပုံရိုက်ဖို့လည်း နေရာတော်တော်လေးကောင်းတယ်။ မင်မင်မှတ်မိတာကတော့ ဆိုင်ထဲဝင်လိုက်တာနဲ့ ပန်းတွေနဲ့ အလှဆင်ထားတယ့် နံရံကိုတွေ့ရမယ့် အဲ့နေရာကတော့ ဓာတ်ပုံရိုက်ဖို့ အကောင်းဆုံးနေရာဘဲ။
ဖုန်း - 09691256688
ဆိုင်ဖွင့်ချိန် - မနက်(9)နာရီခွဲ မှ ည(8)နာရီ
https://www.facebook.com/TeaCode2018/