Junction Square က စားလို့ကောင်းတဲ့ Waffle ဆိုင်လေး
“သူနဲ့မှစောင့်နေရတဲ့ကြာချိန်တွေရဲ့ တန်ဖိုးကို ကိုယ်သိလိုက်ရပြီ "
မင်မင်ပြောချင်တာက Junction Square ရဲ့ Secret Garden မှာဖွင့်ထားတဲ့ Sweet and Treats - Bubble Egg Waffle လေးအကြောင်းပေါ့။ junction square ထဲရောက်တာနဲ့ Waffle ကိုယ်စီကိုင်ထားကြတဲ့သူတွေကိုတွေ့ရမှာဖြစ်ပါတယ်။
စက်လှေကားနားရောက်တာနဲ့တင်ကို waffle အနံ့မွှေးမွှေးလေးကရနေပြီ။မင်မင်တို့ရောက်သွားတာ နေ့လယ် 11 နာရီ၀န်းကျင်လောက်၊ အဲ့အချိန်လောက်မှာတောင် Order number တွေကတော်တော်ရောက်နေပြီ။
order မှာတဲ့နေရာမှာကတော့အကြာကြီးမစောင့်ရပါဘူး။ waffle စားရဖို့ကိုတော့စောင့်နေရတာကကြာတယ်ဆိုပေမယ့် Crush လေးကိုယ့်ဆီဘယ်တော့ရောက်လာမလဲ စောင့်နေတာထက်တော့ပိုမြန်ပါတယ်နော်။
အဲ့တာကြောင့်အချိန်လေးပေးပြီးစောင့်နိုင်ဖို့တော့လိုပါတယ်။10 နာရီလောက်ကစရပြီမလို့ စောစောလေးသွားရင်တော့ပိုမြန်မှာပါ။
အရသာပိုင်းမှာဆိုရင်လည်း waffle သားကတော်တော်လေးကောင်းတယ်၊မင်မင်တို့ဓာတ်ပုံရိုက်တာကြာသွားလို့နည်းနည်းအေးသွားတာတောင်မာမာကြီးဖြစ်မနေဘဲစားကောင်းတုန်း။ ကိုယ်မှာတဲ့ပေါ်မူတည်ပြီးwaffle အရသာ ၃မျိုးရှိတယ်။topping တွေလည်းရှယ်စုံချက်ဘဲ။ Ice cream ကြီးဘဲ ၁၀မျိုးကျော်လောက်ရှိမယ်။ မင်မင့်အနေနဲ့အကြံပေးချင်တာက street food waffle လေးဆိုပြီးအထင်မသေးပါနဲ့၊
တစ်ခုစား ညနေလောက်ထိဗီုက်မဆာတော့ဘူး 6packs အကိတ် Waffleဆိုတဲ့အတိုင်းဘဲနော်။စျေးနှန်းအနေနဲ့ဆိုလည်း 3000 ၀န်းကျင်တွေမလို့ စားပျော်တယ်။ March လတစ်လလုံး 30%off လည်းရှိတာမလို့တန်ချက်ဘဲ။ပုံလှလှလေးရိုက်လို့ရအောင်ရှယ်လှသလို စားလို့လည်းတကယ်ကောင်းတယ် ရှယ် ရှယ်။