Sweater Vest လေးတွေနဲ့ အထာကျအောင်ဘယ်လိုဝတ်မလဲ

ဆောင်းဝင်လာပြီဆိုတော့ sweater vest လေးတွေက တစ်စခန်းပြန်ထလာပါပြီ။ ဒီတော့ အခုခေတ်ပြန်စားနေတဲ့ 90's fashion sweater vest လေးတွေကို အထှာကျကျဘယ်လိုဝတ်မလဲဆိုတာပြောပြပေးမယ်နော်။

(1) Sweater Vest with mom jeans
အရိုးဆုံးက အဆန်းဆုံးပါပဲ။ 90's vibe စစ်စစ်ကိုမှ ကြိုက်ပါတယ်ဆိုတဲ့အလှလေး တွေ အတွက်ကတော့ mom jeans တစ်ထည်ကောင်းကောင်းရှိရုံနဲ့ စတိုင်လ် ထုတ်လို့ရနေပါပြီ။


(2) Tennis Skirt
အခုနောက်ပိုင်း korea culture က fashion လောကထဲမှာ နေရာတစ်ခုယူထားတာအတော်ကြာပါပြီ။
နုပျိုလန်းဆန်းတဲ့ vibe လေးရချင်ရင်တော့ tennis skirt လှလှလေးနဲ့သာတွဲပြီးဝတ်လိုက်ရင် korea ဆန်ဆန်ချစ်စရာကောင်းနေမှာပါ။


(3) Girl Crush Vibe
မိမိမိုက်မိုက် မှကြိုက်ပါတယ်ဆိုတဲ့ အလန်းလေးတွေအတွက်က shirt ပွပွတစ်ထည်ရယ် shoe တစ်ရံရယ်ပဲလိုအပ်မှာပါ။ ဆောင်းရာသီမှာ girl crush စတိုင်နဲ့အထာကျနေမှာသေချာပါတယ်။

(4) Sweater Vest with Long Skirt and Dress
လုံလုံခြုံခြုံမှကြိုက်ပါတယ်ဆိုတဲ့သူတွေအတွက် စကဒ်ရှည်လေးတွေ၊ Dress လေးတွေနဲ့တွဲဖက်ဝတ်ဆင်နိုင်ပြီးတည်ငြိမ်တဲ့အလှတရားကိုရမှာဖြစ်ပါတယ်။

အလှလေးတို့လည်း ကိုယ့်မှာရှိတဲ့ sweater vest လေးတွေနဲ့ လှပနိုင်ကြပါစေနော်။

Akhayar Lifestyle

Mavvy