အကြိမ်ကြိမ်ရှုးနိမ့်ခဲ့ပေမယ့် လက်မလျော့ဘဲ ကြိုးစားရင်း အောင်မြင်မှုရခဲ့သော ကျော်ကြားသူများ

အကြိမ်ကြိမ်ရှုးနိမ့်ခဲ့ပေမယ့် လက်မလျော့ဘဲ ကြိုးစားရင်း အောင်မြင်မှုရခဲ့သော ကျော်ကြားသူများ

J.K Rowling

ဟယ်ရီပေါ်တာဝတ္ထုကို ရေးခဲ့တဲ့ J.K Rowling ဟာ နာမည်ကြီးစာထုတ်ဝေသူတွေက သူရေးခဲ့တဲ့ ဝတ္ထုကို ထုတ်ဝေဖို ငြင်းပယ်ခြင်းကို ၁၂ ကြိမ်တောင် ခံခဲ့ရသူပါ။ ပထမစာအုပ်စရေးနေတုန်းမှာပဲ အမျိုးသားဖြစ်သူနဲ့ကွာရှင်းခဲ့ပြီး ငါးနှစ်အရွယ်ကလေးကို တစ်ဦးတည်း စောင့်ရှောက်ခဲ့ရပါတယ်။ အလုပ်လက်မဲ့လည်းဖြစ်သွားတဲ့အပြင် ငွေကြေးလည်း အတော်အဆင်မပြေဖြစ်ခဲ့ပြီး စိတ်ကျဝေဒနာကို ပြင်းထန်စွာခံစားခဲ့ရပါတယ်။ ဒါပေမယ့် အခက်အခဲလောကဓံတွေကြားက အရှုးမပေးဘဲ စာဆက်ရေးခဲ့ပါတယ်။ ထုတ်ဝေသူတွေဆီကို ပိုတဲ့အခါမှာလည်း အကြိမ်ကြိမ်ငြင်းဆန်ခြင်းခံရပြီး နောက်ဆုံး ၁၃ယောက်မြောက်က စာအုပ်ထုတ်ဝေဖို လက်ခံခဲ့သူကလည်း စာအုပ်ရောင်းရမှာမဟုတ်ဘူးလို ပြောခဲ့ပါတယ်။ တကယ်ထုတ်ဝေခဲ့ချိန်မှာတေ့ာ ကမ္ဘာတဝန်း အရောင်းရဆုံးစာအုပ်စီးရီးဖြစ်ခဲ့ပြီး ဘာသာစကားပေါင်း ၇၃ ခုထိတောင် ဘာသာပြန်ထုတ်ဝေခဲ့ရပါတယ်။  စာအုပ်ကို မီလီယမ်နဲ့ ချီအောင် ရောင်းခဲ့ရပြီး ၂၀ ဘီလီယမ်ကျော်တောင် ရုပ်ရှင်ရိုက်ကူးခြင်းမှ ဝင်ငွေရရှိခဲ့ပါတယ်။

Walt Disney

Walt Disney ဟာလည် း  Disneyland ကို တည်ထောင်ဖို ငွေကြေးထောက်ပံ့မှုအတွက် တောင်းဆိုရမှာ ၃၀၂ ကြိမ်တောင် ငြင်းပယ်ခံခဲ့ရသူပါ။ ဒစ်စနီကာတွန်းနဲ့ အမေရိကန် ကာတွန်း Animationတွေရဲ့ ခေါင်းကိုင်ဖခင်ဖြစ်ပြီး တစ်ချိန်က တီထွင်ကြံဆနိုင်စွမ်းမရှိဘူးလို အပြောခံရဖူးတယ်။ သူဟာ Animation Cartoon တွေကို ကိုယ်တိုင် ဇာတ်လမ်းဆွဲဖန်တီး၊ တီထွင်ထုတ်လုပ်ပြီး အသံသရုပ်ဆောင်ကိုယ်တိုင်လုပ်ခဲ့သူဖြစ်တယ်။

Vincent Van Gogh

နာမည်ကျော် ပန်းချီအနုပညာရှင် Vincent Van Gogh ဟာလည်း တစ်သက်လုံးမှာ ပန်းချီကားတစ်ချပ်သာ ရောင်းခဲ့ရပြီး လူမသိသူမသိ သေဆုံးခဲ့ရသူပါ။ ပန်းချီကားချပ်ပေါင်း ၈၀၀ ကျော်ကို အသက်ရှိစဉ်က ရေးဆွဲခဲ့ပါတယ်။ သူဟာ သေဆုံးပြီး အနှစ် ၂၀ကျော်မှ ကျော်ကြားလူသိများခဲ့ပြီး သူ့ရဲ့ပန်းချီကားတစ်ချပ်ဟာ ယခုဆိုရင် 141.7 မီလီယမ်တန်ဖိုးရှိပါတယ်။ သူ့ရဲ့ပန်းချီတွေကို အနုပညာမမြောက်ဘူးလို ပြောခံခဲ့ရတဲ့အချိန်တွေရှိသလို စိတ်ကျရောဂါဝေဒနာလည်း ခံစားခဲ့ရသူဖြစ်ပါတယ်။ ကိုယ့်နားတစ်ဖက်ကို ဖြတ်ခဲ့တဲ့သူ အဖြစ်လည်း နာမည်ကြီးပါတယ်။

Albert Einstein

Albert Einstein ဟာလည်း အသက် ၄နှစ်ထိ စကားမပြောတတ် ၊ ၇နှစ်ထိ စာမဖတ်တတ်ပါဘူး။ ကျောင်းမှာလည်း စာတော်တဲ့ကလေးထဲမပါသလို ကျောင်းထွက်တဲ့ထိ ဖြစ်ခဲ့ဖူးပါတယ်။ အလုပ်လုပ်တဲ့အခါလည်း အတေ်ာရုန်းကန်ခဲ့ရပြီး ရူပဗေဒနဲ့ပတ်သတ်တဲ့အတွေးခေါ်တွေကိုလည်း ရူးကြောင်ကြောင်နိုင်တယ်လို ထင်ခံခဲ့ရပါတယ်။ ရူပဗေဒနဲ့ ပတ်သတ်ပြီး ဆက်လက်လေ့လာဖို၊ သုတေသနလုပ်ဖို နှစ်ပေါင်းများစွာ အချိန်ပေးပြီး၊  စွန့်စားမှုတွေ အများကြီးလုပ်ခဲ့ရပါတယ်။

Read more

ပရီးမီးယားလိဂ်ဂိုးအများဆုံးသွင်းသူစာရင်းမှာ အဂွဲရိုးကို ကျော်ဖြတ်ပြီး အဆင့်(၅)နေရာရောက်လာတဲ့ ဆာလာ

ပရီးမီးယားလိဂ်ဂိုးအများဆုံးသွင်းသူစာရင်းမှာ အဂွဲရိုးကို ကျော်ဖြတ်ပြီး အဆင့်(၅)နေရာရောက်လာတဲ့ ဆာလာ

လီဗာပူးလ်အသင်းရဲ့အီဂျစ်တိုက်စစ်မှူးဆာလာဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ် လီဗာပူးလ်(၅-၁)စပါးပွဲမှာ လီဗာပူးလ်အသင်းအတွက် ပွဲချိန်(၆၃)မိနစ်မှာ အနိုင်ဂိ

မီးပျက်နေလို့ ရွှေ့ဆိုင်းရဖွယ်ရှိကြောင်း သတင်းထွက်နေတဲ့ ဘာစီလိုနာ - အင်တာမီလန်ပွဲ

မီးပျက်နေလို့ ရွှေ့ဆိုင်းရဖွယ်ရှိကြောင်း သတင်းထွက်နေတဲ့ ဘာစီလိုနာ - အင်တာမီလန်ပွဲ

ဒီတစ်ပတ် ဗုဒ္ဓဟူးနေ့(ဧပြီ ၃၀ ရက်)မှာ ကစားဖို့ရှိတဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်(ပထမအကျော့)ပွဲစဉ် ဘာစီလိုနာ-အင်တာမီလန်ပွဲကို ဥရောပမှာ မီးပျက်နေလို့ ရွှေ့ဆိုင်းရဖွယ်

ဥရောပအမျိုးသမီးချန်ပီယံလိဂ်ဗိုလ်လုပွဲလို ထိပ်တိုက်တွေ့မလား ကြည့်ရမယ့် အာဆင်နယ် Vs ဘာစီလိုနာ

ဥရောပအမျိုးသမီးချန်ပီယံလိဂ်ဗိုလ်လုပွဲလို ထိပ်တိုက်တွေ့မလား ကြည့်ရမယ့် အာဆင်နယ် Vs ဘာစီလိုနာ

မနေ့က ကစားခဲ့တဲ့ ဥရောပအမျိုးသမီးချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ အာဆင်နယ်အမျိုးသမီးအသင်းဟာ နာမည်ကြီးပြင်သစ်ကလပ် လိုင်ယွန်အမျိုးသမီးအသင်းကို အဝေးကွင်းမှာ (၄-၁)ဂိုးနဲ့ အံ

ရာသီကုန်မှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ လမ်းခွဲပြီး ဘရာဇီးလ်လက်ရွေးစင်အသင်းကို အန်ဆယ်လော့တီကိုင်တွယ်ဖွယ်ရှိနေ

ရာသီကုန်မှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ လမ်းခွဲပြီး ဘရာဇီးလ်လက်ရွေးစင်အသင်းကို အန်ဆယ်လော့တီကိုင်တွယ်ဖွယ်ရှိနေ

ရီးရဲလ်မက်ဒရစ်အသင်းကို ဒုတိယအကြိမ်ကိုင်တွယ်နေတဲ့ အီတလီလူမျိုးနည်းပြ အန်ဆယ်လော့တီဟာ ဒီရာသီကုန်ရင် အသင်းနဲ့ လမ်းခွဲပြီး သူ့ကိုနည်းပြအဖြစ်ခန့်အပ်ချင်နေ