ဒေါ်လာ ၁ သိန်းတန်ဖိုးရှိ Sony ရဲ့ ပထမဆုံးလျှပ်စစ်ကား

Sony နဲ့ Honda နဲ့ပေါင်းပြီးထုတ်သွားမယ့် လျှပ်စစ်ကားပါ။ Sony နဲ့ Honda တို့ ပေါင်းပြီး လျှပ်စစ်ကားထုတ်မယ်ဆိုတာက 2022 ကတည်းက ကြေညာခဲ့တာဖြစ်ပြီးတော့ ကုမ္ပဏီ ၂ ခုပူးပေါင်းပြီးထုတ်လုပ်မယ့် ပထမဆုံးလျှပ်စစ်ကားကို 2025 မှာ စတင်ထုတ်လုပ်ဖို့ ရည်မှန်းခဲ့တယ်လို့ ပြောခဲ့တာပါ။ ပြောခဲ့တဲ့အတိုင်းပါပဲ ​2025 မှာ ထွက်ရှိလာပါပြီ။ 

မနှစ်က CES 2024 မှာတုန်းကလည်း AFEELA ဆိုနဲ့ အမည်နဲ့ Prototype တစ်စီးကို ချပြခဲ့ပါသေးတယ်။ အာ့တုန်းကကျ PS5 Controller နဲ့ မောင်းနှင်နိုင်တဲ့ လျှပ်စစ်ကားဆိုပြီး ဖော်ပြခဲ့တာပါ။ Sony Honda Mobility ရဲ့ ဥက္ကဌကိုယ်တိုင် စင်ပေါ်မှာ PS5 ခလုတ်နဲ့ လက်တွေ့မောင်းနှင်ပြခဲ့တာပါ။ အာ့တုန်းကတော့ အဆိုပါလျှပ်စစ်ကားကို 2026 မှာ တွေ့နိုင်မယ်လို့ ပြောခဲ့တာပါ။ 

ဒီနှစ်ရဲ့ CES 2025 မှာတော့ ထပ်ပြီးကြေညာလာပြီ။ ဒီတစ်ခါတော့ ဈေးနှုန်းတွေရော Spec: တွေကအစ ကြေညာလာတာပါ။ ဒီလျှပ်စစ်ကားက ၂ မျိုးလာမှာ။ ဈေးအရအရင်ပြောမယ်ဆိုရင် ဒေါ်လာ ၉ သောင်းတန်နဲ့ ဒေါ်လာ ၁ သိန်းတန်ဆိုပြီးတော့ Grade ၂ မျိုးရှိမယ်။ ဒေါ်လာ ၉ သောင်းတန် (အတိအကျဆို $89,900) က Afeela 1 Origin လို့ ခေါ်ပြီးတော့ ဒေါ်လာ ၁ သိန်းတန် (အတိအကျဆို $102,900) ကိုတော့ Afeela 1 Signature လို့ ခေါ်ပါတယ်။ 

ကားနှစ်စီးလုံးက စစချင်းဝယ်တာနဲ့ ၃ နှစ်စာ Subscription Free ပါမယ်။ Driver Assist က Level 2+ ရှိပြီးတော့ အခြားအနေနဲ့ AI Assistent တွေလည်းပါမှာပါ။ Dashboard တောက်လျှောက်က Screen အပြည့်နဲ့လာမယ့်အပြင် Camera Sensor တွေက အခု ၄၀ လောက်အထိ ပါမယ်။ All-wheel drive နဲ့လာမယ်။ 

တစ်ခုရှိတာက လောလောဆယ်တော့ ကယ်လီဖိုးနီးယားပြည်နယ်တစ်ခုထဲပဲရဦးမှာပါ။ ပြီးတော့ Preorder အတွက် ဒေါ်လာ 200 အရင်ပေးရပါမယ်။ 2025 မှာ Preorder စတင်လက်ခံတာဆိုပေမဲ့ Afeela 1 Signature ကို 2026 မှာမှ ဈေးကွက်ထဲရောက်မှာဖြစ်ပြီး Afeela 1 Origin ကတော့ 2027 မှ ရောက်လာမှာပါ။