Social Media အကောင့်တွေ လုံခြုံဖို့အတွက်ဆိုရင်

Social Media အကောင့်တွေ လုံခြုံဖို့အတွက်ဆိုရင်
Photo by Timothy Hales Bennett / Unsplash

နေ့စဥ်သုံးနေကြတဲ့ Social Media တွေနဲ့၊ Emailတွေမှာ လုပ်ထားရမယ့် အခြေခံလုံခြုံရေး အချက်တွေကို ပြောပြပေးပါ့မယ်။ Email ခိုးခံရတာနဲ့ အကောင့်ဟက်ခံရတာမျိုးတွေကို Basic Privacy Security အချက်တွေကိုလိုက်နာပြီး အတိုင်းအတာတစ်ခုထိ ကာကွယ်လို့ရတဲ့ အရာတွေပါ။

၁. Social Media Account နဲ့ချိတ်ထားတဲ့ Email (သို့မဟုတ်) ဖုန်းနံပါတ်တွေကို သူစိမ်းတွေကို မပြောပြသင့်သလို တစ်ခြား အလုပ်နဲ့ Website တွေ၊ Survey တွေမှာ မသုံးပါနဲ့။

၂. Password ကိုလည်း လုံလုံခြုံခြုံနဲ့ မမေ့မယ့်ဟာမျိုး Password ထားသင့်ပါတယ်။ “123456” လိုမျိုးခန့်မှန်းရလွယ်တဲ့ ဂဏန်းတွေ၊ "admin1234" တွေကို Password မပေးပါနဲ့။ လိုအပ်ရင် Password Generator နဲ့ Password Manager သုံးပါ။

၃. 2 Factor Authentication ဖွင့်ထားပါ။ 2FA ကကျလာတဲ့ ကုဒ်တွေကိုလည်း ဘယ်သူတောင်းတောင်း(ရည်းစားအပါအဝင်) မပေးပါနဲ့။ Login Alert Notification တွေဖွင့်ထားပါ။

၄. မွေးနေ့တွေ၊ အရေးကြီးရက်စွဲတွေကို Public မထားပါနဲ့။ Facebook မှာဆိုရင် မွေးနေ့ကို ဖျောက်ထားပြီး မွေးတဲ့နှစ်လောက်ပဲ ဖော်ထားပါ။ ကိုယ့်ရဲ့အရေးကြီး အတွင်းရေးအချက်အလက်တွေကို လူမှုကွန်ရက်မှာ တက်နိုင်သမျှ မမျှဝေပါနဲ့။

၅. တွေ့ကရာ ပေါက်ကရ Link တွေ၊ ကြော်ငြာ Ads Link တွေကို ဝင်ကြည့်တာမျိုး Facebook နဲ့ချိတ်ပြီး Game ဆော့တာမျိုးလုပ်မိရင် Myday မှာ Spicy Content တွေကို Auto ပေါ်လာပြီး အရှက်ကွဲတတ်ပါတယ်။

ဒီအချက်တွေလုပ်ထားရင်ကို Facebook အကောင့်ခိုးခံရဖို့နဲ့ Email တွေခိုးခံရနိုင်ခြေ အတော်လေးနည်းသွားပါလိမ့်မယ်။ အကောင်းဆုံးကတော့ အကောင့်ကို Lock ချထားရင် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

Read more

လေပေါ်ပျံသန်းနိုင်မယ့် ကမ္ဘာ့ပထမဆုံးမော်တော်ဆိုင်ကယ်

လေပေါ်ပျံသန်းနိုင်မယ့် ကမ္ဘာ့ပထမဆုံးမော်တော်ဆိုင်ကယ်

ဒီနှစ်ရဲ့ CES 2025 မှာ မိတ်ဆက်လာတဲ့ ပစ္စည်းတော်တော်များများက ရှယ်တွေပါပဲ။ တစ်ခုပဲ ဈေးကွက်ထဲ ရောက်မရောက်မသေချာတာရယ် ရောက်ဖို့ အချိန်ကြာဦးမှာရယ်က လွ

တစ်ကိုယ်တည်း နေတတ်ခြင်းအကြောင်း

တစ်ကိုယ်တည်း နေတတ်ခြင်းအကြောင်း

မနက်ခင်းရဲ့ နေရောင်ခြည်အောက်မှာ တစ်ယောက်တည်း လမ်းလျှောက်နေမိတယ်။ လမ်းဘေးက သစ်ရွက်တွေပေါ်မှာ နေရောင်ခြည်က ဝင်းဝင်းလက်လက် ကျနေတယ်။ ဒီအချိန်မှာ စိတ်ထဲ

အမြင်အာရုံချို့တဲ့သူတွေအတွက် ခေါင်းစွပ်မျက်မှန်

အမြင်အာရုံချို့တဲ့သူတွေအတွက် ခေါင်းစွပ်မျက်မှန်

Australia Melbourne မြို့မှာရှိတဲ့ Monash တက္ကသိုလ်ရဲ့ သုတေသီများက အမြင်အာရုံဆုံးရှုံးသူများရဲ့ အမြင်အာရုံကို သာမန်သူများနီးပါးကောင်းမွန်စွာခံစားနိုင်မယ့် ကမ္ဘာ့ပထမဆုံးသေ

Atomic Habits ဆိုတဲ့ စာအုပ်ထဲက မှတ်သားစရာ အချက်တွေ

Atomic Habits ဆိုတဲ့ စာအုပ်ထဲက မှတ်သားစရာ အချက်တွေ

ဂျိမ်းစ် ကလီးယား ရေးသားထားတဲ့ ဒီစာအုပ်လေးဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ အလေ့အထကောင်းတွေ ဘယ်လိုတည်ဆောက်မလဲ၊ အလေ့အထဆိုးတွေကို ဘယ်လိုဖျက်သိမ်းမလဲဆိုတာကို လက်တွေ့ကျ