သင်ဟာ စိတ်ကြီး ဝင်နေတဲ့ လူတစ်ယောက်ပါလား..

သင်ဟာ စိတ်ကြီး ဝင်နေတဲ့ လူတစ်ယောက်ပါလား..

ဒီရက်ပိုင်း စိတ်ကြီးတွေ အဝင်များနေပါတယ်။အရမ်းတွေ စိတ်ကြီးဝင်နေကြတာကိုတွေ့နေရလို့ပါ။ သင်ဟာ စိတ်ကြီး ဝင်နေတဲ့ လူတစ်ယောက်ပါလား။လိုတာထက်ပိုပြီး အရမ်းစိတ်ကြီးဝင်နေပြီဆိုရင်တော့ ရေရှည်အတွက် စဉ်းစားဖို့လိုလာပါပြီ။ စိတ်ကြီးကို လိုတာထက်ပိုပြီး အဝင်ခံရင် စိတ် ပြဿနာ တစ်ခုခု ဖြစ်လာနိုင်ချေတွေ ရှိနေလို့ပါပဲ။

ကျနော်တို့ဟာ ဘဝမှာ ကိုယ်ယုံကြည်ရာ ကို ကိုးကွယ်နေထိုင်ကြပြီး ကိုယ်တတ်ကျွမ်းတဲ့ အသက်မွေးဝမ်းကြောင်းမှုတွေကို ပြုလုပ် ရင်း ရှင်သန်နေထိုင်နေကြသူတွေ ပဲမဟုတ်ပါလား။ ပိုမိုကောင်းမွန်တဲ့ မနက်ဖြန်တွေအတွက် ကိုယ်ယုံကြည်ရာလမ်းကို လျှောက်လှမ်းကြတဲ့အခါ အဓိက တွန်းအားအနေနဲ့ လိုအပ်တာကတော့ ယုံကြည်မှု ပဲဖြစ်ပါတယ်။ ကိုယ့် ကိုကိုယ်ယုံကြည်ဖို့၊ကိုယ့်မိသားစုကို ယုံကြည်ဖို့၊ကိုယ့်အလုပ် နဲ့ ပတ်ဝန်းကျင်တွေကို ယုံကြည်ဖို့ အတွက် ကျနော်တို့ အမျိုးမျိုး တည်ဆောက်ကြရပါတယ်။ ဒီလိုတည်ဆောက်ကြတဲ့အခါ အောင်မြင်တာမျိုးတွေရှိသလို၊ကျရှုံးတာတွေလည်း ရှိနေစမြဲပါ။ ကိုယ်ယုံကြည်ရာကို တည်ဆောက်ရင်း အခန့်မသင့်ဖြစ်သွားတတ်တာကတော့ ယုံကြည်မှုလွန်ကဲခြင်း ပဲဖြစ်ပါတော့တယ်။ဟုတ်ပါတယ်။ ယုံကြည်တာ က အစွန်းအရမ်းရောက်သွားတဲ့အခါ အများနဲ့ သဟဇာတ မဖြစ်တော့တဲ့ စိတ်ကြီးဝင်လာပါတော့တယ်။သင်ဟာ ယုံကြည်ချက်ခိုင်မာသူ တစ်ဦးဖြစ်ဖို့ပဲလိုပါတယ်။စိတ် ကြီးဝင်နေပုံထောက်ပြီဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် လေ့လာဆန်းစစ်ကြည့်စေချင်ပါတယ်။သင်ဟာ ယုံကြည်ချက်ခိုင်မာသူ တစ်ဦးလား၊စိတ်ကြီးဝင်နေသူလား ဆိုတာကို အောက်ပါအချက်များ ကနေသိရှိနိုင်ပါတယ်။

ယုံကြည်ချက်ခိုင်မာသူ တစ်ဦး ၏ သွင်ပြင် လက္ခဏာ (၁၀) ချက်

၁။မိမိဟာ ဘယ်လိုပါ၊ဘယ်ဝါပါ လို့ သူများတွေကို အတင်းကြီးလိုက် သက်သေပြမနေကြပါဘူး။

၂။အများတကာရဲ့ အာရုံစိုက်မှုရအောင် လုပ်လေ့လုပ်ထ မရှိကြပါ။

၃။သူတို့မှာ နှစ်လိုဖွယ်ကောင်းတဲ့ သဘာဝ အငွေ့အသက် တစ်မျိုး ရှိပါတယ်။

၄။သူတို့ရဲ့ ပျော်ရွှင်မှု ၊ဝမ်းသာမှု တွေကို ထုတ်ဖော်ပြသလေ့ ရှိကြပါတယ်။

၅။များသောအားဖြင့် နွေးနွေးထွေးထွေး ရှိတတ်သူတွေဖြစ်ပါတယ်။

၆။ခပ်ဆိတ်ဆိတ် သာနေလေ့ရှိကြပြီး ရင့်သီးတာတွေ ၊မောက်မာတာတွေ ကို သူတို့မှာ တွေ့ရလေ့မရှိပါဘူး။

၇။ခပ်ဆိတ်ဆိတ် နေကြတယ် ဆိုသော်ငြား အမှန်တရား ကိုပြောဆိုဖော်ထုတ်နိုင်သူတွေပါ။

၈။တကယ်ကြီးလိုအပ်လာပြီဆိုမှသာ သူတို့အကြောင်း ထုတ်ဖော်ပြသကြပါတယ်။

၉။သူတို့မှာ ယုံကြည်စိတ်ချရတဲ့ ဟန်ပန် တစ်မျိုးရှိပါတယ်။

၁၀။လူတွေက သူတို့အနားမှာရှိနေရင် သက်တောင့်သက်သာခံစားမှုမျိုးကိုပေးစွမ်း နိုင်သူများဖြစ်ပါတယ်။

ယုံကြည်ချက်လွန်ကဲသူ (သို့မဟုတ်) စိတ်ကြီးဝင်နေသူ ၏ သွင်ပြင် လက္ခဏာ (၁၀) ချက်

၁။ စိတ်ကြီးဝင်နေသူတွေဟာ များသောအားဖြင့် ကျယ်လောင်၊ကျယ်လောင် နဲ့ စကားကို အငမ်းမရ ပြောလေ့ရှိပါတယ်။

၂။သူတို့ ထင်တာကသာ အမှန်ပါဆိုပြီး ပြောတဲ့အခါ အသံနက်ကြီး တွေသုံးတတ်ပါတယ်။

၃။ဘောင်အပြင်လူတွေ ရဲ့ ထောက်ခံမှုကိုလည်း လိုလားကြသူများပါ။

၄။အားလုံးရဲ့ ထောက်ခံမှုကို ရထားသည့် တိုင်အောင် သူတို့စိတ်ထဲမှာ တင်းတိမ်သွားတာမျိုးမရှိပါဘူး။

၅။ဘဝမှာ ပျော်ပျော်နေထိုင်နည်းကို သိလည်းမသိ၊သိဖို့လဲ မကြိုးစားကြသူတွေပါ။

၆။သူတို့ စိတ်ကြီးဝင်နေပုံတွေကို အားရပါးရ ပြသသူများဟာ တကယ်တော့ သူတို့ကိုယ် သူတို့ လိုအပ်ချက်တွေရှိနေတာတွေကို မကျေနပ်နိုင်ကြသူတွေပါပဲ။

၇။သူတို့ထက် သာတဲ့သူတွေကိုဆက်ဆံတဲ့အခါ ရင့်သီးမောက်မာမှုကို ပြလေ့ရှိတယ်။

၈။သူများတွေကို လှောင်ရ၊ပြောင်ရ၊နှိမ့်ချရမှာ အရမ်းပျော်ရွှင်သူများပါ။

၉။သူတို့ကို စတဲ့နောက်တဲ့အခါမျိုးမှာ ဆတ်ဆတ်ထိ မခံတတ်သူတွေလဲ ဖြစ်ပါတယ်။

၁၀။ စိတ်ကြီးဝင်နေတဲ့ပုံက သူတို့မှာအလွယ်တကူတွေ့နိုင်တာမို့ သူတို့ရဲ့ ကိုယ့်ကိုယ်ကိုယ် စိတ်တိုင်းမကျတာတွေကို ထင်ရှားစွာတွေ့နိုင်ပါတယ်။

ကဲ။သင်ဟာ ယုံကြည်ချက်ခိုင်မာသူ တစ်ဦးလား။ဒါမှမဟုတ် စိတ်ကြီးဝင်နေသူများဖြစ်နေပြီလား။ စိတ်ကြီးဝင်နေတဲ့သူတွေ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ ရှိတယ်ဆိုရင် စိတ်ကြီးမဝင်ဖို့ share ပေးလိုက်ပါဦး။သင်သာ စိတ်ကြီးဝင်မနေရင်ပေါ့လေ။

Read more

လီဗာပူးလ်အသင်းကို ဝေဖန်ထိုးနှက်ပုံပေါ်တဲ့ ပို့စ်ကိုတင်ပြီးနောက် ဒါဝင်နူနက်ဇ်ပြန်ဖျက်ခဲ့

လီဗာပူးလ်အသင်းကို ဝေဖန်ထိုးနှက်ပုံပေါ်တဲ့ ပို့စ်ကိုတင်ပြီးနောက် ဒါဝင်နူနက်ဇ်ပြန်ဖျက်ခဲ့

ဒီရာသီလီဗာပူးလ်အသင်းမှာ ပွဲကစားချိန်မိနစ်တွေအကန့်အသတ်နဲ့သာ ရရှိနေတဲ့ ဥရုဂွေးတိုက်စစ်မှူး ဒါဝင်နူနက်ဇ်ဟာ အသင်းကိုဝေဖန်ထိုးနှက်ဖို့ ရည်ရွယ်ပြီး ရေးသားခဲ

မိမိအသင်းအပေါ် စိုးရိမ်စရာမရှိဘူးလို့ အာဆင်နယ်-PSG ချန်ပီယံလိဂ်ပွဲမတိုင်မီ လူးဝစ်အင်းနရစ် ဆို

မိမိအသင်းအပေါ် စိုးရိမ်စရာမရှိဘူးလို့ အာဆင်နယ်-PSG ချန်ပီယံလိဂ်ပွဲမတိုင်မီ လူးဝစ်အင်းနရစ် ဆို

PSG အသင်းဟာ နိုက်စ်အသင်းကို (၁-၃)ဂိုးနဲ့ အရေးနိမ့်ပြီး ဒီရာသီပြင်သစ်လီဂူး-၁ ပြိုင်ပွဲမှာ ပထမဆုံးရှုံးပွဲကြုံတွေ့ခဲ့ပြီးနောက် PSG အသင်းနည်းပြလူးဝစ်အင်းနရစ်က လာမယ့် အာဆင်

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ခရစ္စတယ်ပဲလေ့စ် - အက်စတွန်ဗီလာ (FA ဖလားဆီမီးဖိုင်နယ်) (26 April 2025/ 10:45 pm) လက်ရှိပရီးမီးယားလိဂ်ရပ်တည်မှုမှာ ဗီလာက ရမှတ်(၅၇)မှတ်နဲ့ အဆင့်(၇)မှာ ရှိနေပြီး ခရစ္စတယ်

ကိုးလ်ပါမား (၁၆)ပွဲဆက်ဂိုးမသွင်းနိုင်တာက စိတ်ပိုင်းဆိုင်ရာပြဿနာကြောင့်လို့ မာရက်စ်ကာ မှတ်ချက်ပြု

ကိုးလ်ပါမား (၁၆)ပွဲဆက်ဂိုးမသွင်းနိုင်တာက စိတ်ပိုင်းဆိုင်ရာပြဿနာကြောင့်လို့ မာရက်စ်ကာ မှတ်ချက်ပြု

ချယ်လ်ဆီးအသင်းရဲ့ အီတလီလူမျိုးနည်းပြမာရက်စ်ကာက ချယ်လ်ဆီးအသင်းအတွက် အင်္ဂလန်ကြယ်ပွင့်ကိုးလ်ပါမား (၁၆)ပွဲဆက်တိုက်ဂိုးမသွင်းယူနိုင်တာက သူ့ရဲ့အမှားကြ