ဘူးလှလှလေးတွေနဲ့ ရတဲ့ လှည်းတန်းက ဒိန်ချဥ်ဆိုင်

ဘူးလှလှလေးတွေနဲ့ ရတဲ့ လှည်းတန်းက ဒိန်ချဥ်ဆိုင်

ရွှေဗလီ ဒီဆိုင်လေးကိုလှည်းတန်းမှာ ဖြတ်သွားဖြတ်လာလုပ်တိုင်းတွေ့တွေ့နေတာ၊လူတွေလည်းများတယ်ပေါ့။ အဲ့တာနဲ့သွားစပ်စုကြည့်လိုက်တော့ ဒိန်ချဥ်ကိုမှ ဘူးလှလှလေးတွေနဲ့ရယ်။လှည်းတန်းကဆိုင်လေးက ရွှေဗလီရဲ့ဆိုင်ခွဲတွေထဲကတစ်ဆိုင်ပါ။ဒိန်ချဥ်ကို ထန်းလျက်၊သကြား၊စိန်တစ်လုံးသရက်၊ စတော်ဘယ်ရီဒိန်ချဉ်ဆိုပြီးရတာ။သကြားနဲ့က ပုံမှန်သောက်နေကြဆိုပေမယ့် အရသာကတော့ရှယ်ကြီးနော်

မယုံမရှိနဲ့ သရက်ဒိန်ချဉ်ဆိုရင်ထိမိနေရောအရသာအပြင်အနံ့ကလည်းမွှေးနေတာ၊စတော်ဘယ်ရီဒိန်ချဉ်ကလည်း အသီးဖတ်လေးတွေရယ်ချဥ်ချိုလေး။စျေးကလည်းတစ်ဘူးကိုမှ၂၀၀၀ပါဘဲ

ရွှေဗလီမှာက ဒိန်ချဉ်အပြင်ရေခဲမုန့်တို့ ဖာလူဒါ၊ကူဖီးလ် လည်းရတယ်။မင်မင်ကတော့အရင်ထဲကဒိန်ချဥ်ကြိုက်တဲ့သူဖြစ်လို့လှည်းတန်းရောက်တိုင်းကိုယ့်အတွက်ရောအိမ်ကသူတွေအတွက်ပါ၀ယ်ခဲ့ဖြစ်နေပြီ

ရေခဲနဲ့ထားထားပေးတော့ ချက်ချင်းဖောက်သောက်ချင်ရင်လည်းအေးအေးလေးနဲ့အမောပြေတန်းသောက်ရုံဘဲ။လှည်းတန်းဆိုင်ခွဲနေရာကရှာရမခက်တဲ့ လှည်းတန်းလမ်းမကြီးပေါ်မှာဘဲရှိတာပါ။

SHWE BALI YOGHURT · Q5F4+VXR, Bo Soon Pat Street, Yangon, Myanmar (Birma)
★★★★☆ · IJssalon

Read more

လေပေါ်ပျံသန်းနိုင်မယ့် ကမ္ဘာ့ပထမဆုံးမော်တော်ဆိုင်ကယ်

လေပေါ်ပျံသန်းနိုင်မယ့် ကမ္ဘာ့ပထမဆုံးမော်တော်ဆိုင်ကယ်

ဒီနှစ်ရဲ့ CES 2025 မှာ မိတ်ဆက်လာတဲ့ ပစ္စည်းတော်တော်များများက ရှယ်တွေပါပဲ။ တစ်ခုပဲ ဈေးကွက်ထဲ ရောက်မရောက်မသေချာတာရယ် ရောက်ဖို့ အချိန်ကြာဦးမှာရယ်က လွ

တစ်ကိုယ်တည်း နေတတ်ခြင်းအကြောင်း

တစ်ကိုယ်တည်း နေတတ်ခြင်းအကြောင်း

မနက်ခင်းရဲ့ နေရောင်ခြည်အောက်မှာ တစ်ယောက်တည်း လမ်းလျှောက်နေမိတယ်။ လမ်းဘေးက သစ်ရွက်တွေပေါ်မှာ နေရောင်ခြည်က ဝင်းဝင်းလက်လက် ကျနေတယ်။ ဒီအချိန်မှာ စိတ်ထဲ

အမြင်အာရုံချို့တဲ့သူတွေအတွက် ခေါင်းစွပ်မျက်မှန်

အမြင်အာရုံချို့တဲ့သူတွေအတွက် ခေါင်းစွပ်မျက်မှန်

Australia Melbourne မြို့မှာရှိတဲ့ Monash တက္ကသိုလ်ရဲ့ သုတေသီများက အမြင်အာရုံဆုံးရှုံးသူများရဲ့ အမြင်အာရုံကို သာမန်သူများနီးပါးကောင်းမွန်စွာခံစားနိုင်မယ့် ကမ္ဘာ့ပထမဆုံးသေ

Atomic Habits ဆိုတဲ့ စာအုပ်ထဲက မှတ်သားစရာ အချက်တွေ

Atomic Habits ဆိုတဲ့ စာအုပ်ထဲက မှတ်သားစရာ အချက်တွေ

ဂျိမ်းစ် ကလီးယား ရေးသားထားတဲ့ ဒီစာအုပ်လေးဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ အလေ့အထကောင်းတွေ ဘယ်လိုတည်ဆောက်မလဲ၊ အလေ့အထဆိုးတွေကို ဘယ်လိုဖျက်သိမ်းမလဲဆိုတာကို လက်တွေ့ကျ