Halloween အတွက် Horror ဂိမ်းများ

Halloween အတွက် Horror ဂိမ်းများ

Halloween လည်းနီးလာပြီဆိုတော့ Horror ဂိမ်းကောင်းကောင်းလေးတွေ မိတ်ဆက်ပေးပါမယ်။ Endless Nightmare 2: Hospitalကြောက်စရာ ဆေးရုံတစ်ခုထဲမှာ နိုးလာတဲ့ ဇာတ်ကောင်နေရာကနေ ကစားရမှာဖြစ်ပါတယ်။ Puzzle တွေဖြေရှင်း၊ လက်နက်တွေရယူနိုင်ပြီး၊ ပြန်ခံချစရာမရှိတော့ရင်တော့ Cabin တွေထဲမှာပုန်းရင်း ဆော့ကစားရတဲ့ Horror ဂိမ်းပဲဖြစ်ပါတယ်။ Action Horror ကြိုက်ရင် စမ်းကြည့်ပါ။

The return of Freddy'sThe return of Freddy's ကိုတော့ အသည်းငယ်ရင် မဆော့ဖို့ အကြံပေးပါတယ်။ ဂိမ်းကအတော်လေးနာမည်ကြီးပြီး Story ကိုအတိုဆုံးပြောရရင် သင်က သရဲတွေဝင်ပူးနေတဲ့အရုပ်တွေရှိတဲ့ ဆိုင်တစ်ခုမှာ ညစောင့်လုပ်ရမှာဖြစ်ပြီး ညရောက်တဲ့အခါ အရုပ်တွေက အသက်ဝင်လာပြီး သင့်ကိုသတ်ဖို့လာတာကို ကာကွယ်ရတဲ့ Thriller Horror ပဲဖြစ်ပါတယ်။

Horror Tale 1: Kidnapperကလေးတွေကို ယုန်မျက်နှာဖုံးနဲ့လူတစ်ယောက်က ပြန်ပေးဆွဲတာကို စုံစမ်းဖော်ထုတ်ရတဲ့ Horror Mistery အမျိုးအစားဖြစ်ပါတယ်။ Puzzle တွေလည်းပါလို့ ဦးနှောက်လည်းစားဦးမှာပါ။The Baby in YellowGame Jam ပွဲတစ်ခုမှာ ပြိုင်ဖို့အတွက် ၂ ရက်အတွင်း Develop လုပ်ခဲ့ပေမယ့် Download သန်းဆယ်ချီရခဲ့တဲ့ ဒီဂိမ်းက ကလေးထိန်းဝါသနာပါရင် ဆော့ကြည့်ရမယ့် ဂိမ်းပဲဖြစ်ပါတယ်။ Gameplay ကို Spoil မိမှာစိုးလို့ ဒီလောက်ပဲပြောပါမယ်။

Mr. Meat 2: Prison BreakZombie ဖြစ်သွားတဲ့ အဖေကို ကွပ်မျက်မဲ့နေမှာ မထင်မှတ်တာတွေဖြစ်သွားပြီး အဖေက ထောင်ဖောက်ပြီးပြေးဖို့လုပ်တဲ့အခါ သမီးဖြစ်သူနေရာကနေ ရှုပ်ထွေးနေတဲ့ထောင်ကနေ လွတ်အောင်ပြေးရမယ့် ဂိမ်းပါ။ Multiple Ending ပါပြီး အတော်လေးကြောက်ဖို့ကောင်းပါတယ်။

Read more

လေပေါ်ပျံသန်းနိုင်မယ့် ကမ္ဘာ့ပထမဆုံးမော်တော်ဆိုင်ကယ်

လေပေါ်ပျံသန်းနိုင်မယ့် ကမ္ဘာ့ပထမဆုံးမော်တော်ဆိုင်ကယ်

ဒီနှစ်ရဲ့ CES 2025 မှာ မိတ်ဆက်လာတဲ့ ပစ္စည်းတော်တော်များများက ရှယ်တွေပါပဲ။ တစ်ခုပဲ ဈေးကွက်ထဲ ရောက်မရောက်မသေချာတာရယ် ရောက်ဖို့ အချိန်ကြာဦးမှာရယ်က လွ

တစ်ကိုယ်တည်း နေတတ်ခြင်းအကြောင်း

တစ်ကိုယ်တည်း နေတတ်ခြင်းအကြောင်း

မနက်ခင်းရဲ့ နေရောင်ခြည်အောက်မှာ တစ်ယောက်တည်း လမ်းလျှောက်နေမိတယ်။ လမ်းဘေးက သစ်ရွက်တွေပေါ်မှာ နေရောင်ခြည်က ဝင်းဝင်းလက်လက် ကျနေတယ်။ ဒီအချိန်မှာ စိတ်ထဲ

အမြင်အာရုံချို့တဲ့သူတွေအတွက် ခေါင်းစွပ်မျက်မှန်

အမြင်အာရုံချို့တဲ့သူတွေအတွက် ခေါင်းစွပ်မျက်မှန်

Australia Melbourne မြို့မှာရှိတဲ့ Monash တက္ကသိုလ်ရဲ့ သုတေသီများက အမြင်အာရုံဆုံးရှုံးသူများရဲ့ အမြင်အာရုံကို သာမန်သူများနီးပါးကောင်းမွန်စွာခံစားနိုင်မယ့် ကမ္ဘာ့ပထမဆုံးသေ

Atomic Habits ဆိုတဲ့ စာအုပ်ထဲက မှတ်သားစရာ အချက်တွေ

Atomic Habits ဆိုတဲ့ စာအုပ်ထဲက မှတ်သားစရာ အချက်တွေ

ဂျိမ်းစ် ကလီးယား ရေးသားထားတဲ့ ဒီစာအုပ်လေးဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ အလေ့အထကောင်းတွေ ဘယ်လိုတည်ဆောက်မလဲ၊ အလေ့အထဆိုးတွေကို ဘယ်လိုဖျက်သိမ်းမလဲဆိုတာကို လက်တွေ့ကျ