အရသာ ထိထိမိမိ နှင့် စားရတာလည်း ‌ဈေးတန်တဲ့ ကြက်ကြော်ဆိုင် တစ်ဆိုင်

အရသာ ထိထိမိမိ နှင့် စားရတာလည်း ‌ဈေးတန်တဲ့ ကြက်ကြော်ဆိုင် တစ်ဆိုင်

မင်မင် ဒီနေ့ပြောပြပေးမှာကတော့ Seoul Chicken ကြက်ကြော်ဆိုင်လေးဘဲဖြစ်ပါတယ်။ ဆိုင်ခွဲတွေကတော့ ကျောက်မြောင်း၊ စမ်းချောင်း နှင့် ဒဂုံ ဆိုင်ခွဲရယ်ဆိုပြီး 3 ဆိုင်ရှိတယ်။ မင်မင်က ကြက်ကြော်ဆိုသိပ်ကြိုက်တာမို့ ဒီဆိုင်လေးကိုသွားစားဖြစ်ခဲ့တယ်။ စားရတဲ့ အရသာရော၊ ပေးရတဲ့ ဈေးကရော တော်တော်လေးတန်ပြီးစားလို့ကောင်းတယ်လို့ပြောလို့ရတယ်။ မင်မင်Intro တွေအများကြီးမပြောတော့ဘူး မင်မင် မှာစားဖြစ်ခဲ့တာလေးတွေကို အသေးစိတ်အရသာလေးပြောပြမယ်။ မင်မင်မှာစားဖြစ်တာလေးကတော့...

Bone in 2 Pieces - 4800ks

Bone in လေးကတော့ ကြက်ကြော်၊ ရိုးရိုးကြက်ကြော်မဟုတ်ဘဲ Sauce လေးနဲ့မို့ Juicy ဖြစ်တယ်။ ကြက်ကြော်မှာသုံးပေးထားတဲ့ sauce က 4မျိုးရှိမယ်။ Honey Spicy, Korea Sauce, Mala Sauce နှင့် Gan Jang Sauce ဆိုပြီးရှိမယ်။ မင်မင်မှာလိုက်တာကတော့ Mala Sauce နဲ့။ စားရတာ Mala အရသာပေါ်တယ်။ ငရုတ်သီးအဖတ်လေးတွေနဲ့မို့ စပ်စပ်လေးနဲ့ အရသာရှိတယ်။ စားလိုက်တိုင်း Mala အရသာရနေတာလေးကိုသဘောကျတယ်။ ကြက်ကြော်ကကြွပ်တယ်၊ အသားလေးကနူးပြီးအိတယ်။ Korean အရသာမှီတယ်လို့ပြောလို့ရတယ်။

Shuu Shal Spicy Noodle - 5800ks

Shuu Shal Spicy Noodle မှာဆိုရင် ခေါက်ဆွဲအစပ်၊ Honey Spicy Fried Chicken၊ မုန်ညှင်း၊ kimchi၊ ရေညှိ နှင့် ကြက်ဥတို့ပါတယ်။ ခေါက်ဆွဲက Level အလိုက်တော့ရှိတာမျိုးမဟုတ်ဘူး ဒါပေမယ့် သူ့အရသာလေးက စပ်တာမို့ အစပ်ကြိုက်တဲ့သူတွေအတွက်လည်းအဆင်ပြေတယ်။ Honey Spicy Fried Chicken လေးကတော့ ခေါက်ဆွဲကအရမ်းစပ်နေရင် အချိုအနေနဲ့ ပြန်ဖြည်လို့ရတယ်။ သူလည်းBoneless မို့ ခေါက်ဆွဲစားနေရင်း ကြက်ကြော်စားရင် အရိုးဖယ်နေရတယ့် အခက်အခဲတွေတော့ရှိမှာမဟုတ်ဘူး တော်တော်လေးအဆင်ပြေတယ်။ အစပ်ဖြေဖို့အတွက် မုန်ညှင်းရယ်၊ အချဉ်လေးစားဖို့အတွက် Kimchi လေးရယ်ပါတာမို့ Shuu Shal Noodle တစ်ပွဲမှာတင် ချို၊ ချဉ်၊ စပ် အရသာသုံးမျိုးလုံးရတယ်။

Boneless (Medium Size) - 6400ks

Boneless မှာလည်း စောနပြောသလို Sauce 4မျိုးအပြင် Sprinkle နှင့် စားမယ်ဆိုလည်း Sprinkle 3မျိုးရှိတယ်။ Cheese Sprinkle, Magic Sprinkle နှင့် Chilli Sprinkle ဆိုပြီး 3မျိုးရှိတယ်။ မင်မင်ကတော့ Korean sauce နဲ့ဘဲ စားခဲ့တယ်။ Boneless ဆိုတယ့် အတိုင်းဘဲ ပေါင်သားကိုမှ အရိုးလုံးဝမပါဘူး။ အရိုးနုလေးတွေ၊ အကြော၊ အရွတ်လေးတွေကိုက်မိပေမယ့် အဲ့တာလေးတွေကိုက တထုတ်ထုတ်နဲ့စားလို့ကောင်းနေတယ်။ Boneless လေးက စစချင်းစားလိုက်ရင် မြေပဲအနံ့သင်းသင်းလေးရတယ်။ စားရတာချိုပြီး အရသာရှိတယ်။

Chicken Skin(Magic Sprinkle) - 2000ks

Chicken Skin လေူကတော့ မင်မင်အက်ြုကဆုံးမို့ နှစ်ပွဲတောင်စားခဲ့တယ်။ Chicken Skin မှာလည်း Sprinkle 3မျိုးရှိတယ်။ မင်မင်စားဖြစ်တာကတော့ Magic Sprinkle နဲ့။ Magic Sprinkle က ဒီဆိုင်မှာ လူကြိုက်အများဆုံးလို့ပြောလို့ရတယ်။ စားရတာ မွှေးမွှေးလေးနဲ့ အစပ်နည်းနည်းလေးဘဲပါတယ်။ ကြက်အရေခွံရဲ့ ကြွပ်တာလေးနဲ့ဆိုတော့ လုံးဝကို perfect ဘဲ။ Seoul Chicken ရောက်ရင် ဒီitem လေးရွေးဖို့ recommend ပေးချင်ပါတယ်။

Spicy Fried Chicken Sandwich- 4400ks

Sandwich မှာဆိုရင် ပေါင်မုန့်၊ ကြက်ပေါင်သား၊ ဂေါ်ဖီ၊ ငရုတ်သီး နှင့် ဆိုင်ရယ့် Signature sauce လေးပါမယ်။ စားရတာအိတယ်၊ အသားက ပေါင်သားကိုအပြားလိုက်ကြော်ထားတာမို့ စားလို့ကောင်းတယ်။ ချိုတဲ့အရသာလေးရော စပ်‌တဲ့အရသာလေးရော တစ်ပြိုင်တည်းခံစားရတယ်။ ငရုတ်သီးလေးတွေပါပေမယ့် အရမ်းမစပ်ဘဲ နည်းနည်းလေးရှိန်းတယ်။ 

0:00
/8:02
Seoul Chicken Myanmar Nawaday St · No.24, 3 Nawaday St, Yangon 11191, Myanmar (Birma)
★★★★☆ · Snackbar
ဆိုင်လိပ်စာ - No24. 3 Nawaday St, Dagon Township, Yangon.
ဖုန်း - 09750094061
ဆိုင်ဖွင့်ချိန် - မနက်(10)နာရီ မှ ည(10)နာရီ
https://www.facebook.com/@SeoulChickenMM

Read more

လေပေါ်ပျံသန်းနိုင်မယ့် ကမ္ဘာ့ပထမဆုံးမော်တော်ဆိုင်ကယ်

လေပေါ်ပျံသန်းနိုင်မယ့် ကမ္ဘာ့ပထမဆုံးမော်တော်ဆိုင်ကယ်

ဒီနှစ်ရဲ့ CES 2025 မှာ မိတ်ဆက်လာတဲ့ ပစ္စည်းတော်တော်များများက ရှယ်တွေပါပဲ။ တစ်ခုပဲ ဈေးကွက်ထဲ ရောက်မရောက်မသေချာတာရယ် ရောက်ဖို့ အချိန်ကြာဦးမှာရယ်က လွ

တစ်ကိုယ်တည်း နေတတ်ခြင်းအကြောင်း

တစ်ကိုယ်တည်း နေတတ်ခြင်းအကြောင်း

မနက်ခင်းရဲ့ နေရောင်ခြည်အောက်မှာ တစ်ယောက်တည်း လမ်းလျှောက်နေမိတယ်။ လမ်းဘေးက သစ်ရွက်တွေပေါ်မှာ နေရောင်ခြည်က ဝင်းဝင်းလက်လက် ကျနေတယ်။ ဒီအချိန်မှာ စိတ်ထဲ

အမြင်အာရုံချို့တဲ့သူတွေအတွက် ခေါင်းစွပ်မျက်မှန်

အမြင်အာရုံချို့တဲ့သူတွေအတွက် ခေါင်းစွပ်မျက်မှန်

Australia Melbourne မြို့မှာရှိတဲ့ Monash တက္ကသိုလ်ရဲ့ သုတေသီများက အမြင်အာရုံဆုံးရှုံးသူများရဲ့ အမြင်အာရုံကို သာမန်သူများနီးပါးကောင်းမွန်စွာခံစားနိုင်မယ့် ကမ္ဘာ့ပထမဆုံးသေ

Atomic Habits ဆိုတဲ့ စာအုပ်ထဲက မှတ်သားစရာ အချက်တွေ

Atomic Habits ဆိုတဲ့ စာအုပ်ထဲက မှတ်သားစရာ အချက်တွေ

ဂျိမ်းစ် ကလီးယား ရေးသားထားတဲ့ ဒီစာအုပ်လေးဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ အလေ့အထကောင်းတွေ ဘယ်လိုတည်ဆောက်မလဲ၊ အလေ့အထဆိုးတွေကို ဘယ်လိုဖျက်သိမ်းမလဲဆိုတာကို လက်တွေ့ကျ