5 stars Hotel မှာ ငွေကျပ် 3000 မှစပြီး Dim sum​ ​ကောင်းကောင်းစားနိုင်မယ့်​နေရာလေးတစ်ခု

မနက်စာ အတွက် Dim sum ကောင်းကောင်းစားဖို့စဉ်းစားနေတဲ့သူတွေအတွက် တော့ နောက်ထပ်ရွေးချယ်စရာတစ်ခုဖြစ်မယ့် ဆိုင်​လေး ပါပဲ..

Novotel Yangon Max Hotel မှာရှိတဲ့ Seafood Paradise MM ဆိုတဲ့ဆိုင်ပါ။ Novotel Hotel မှာဆိုပြီး စျေးအရမ်းကြီး​နေမှာ​ကိုစိတ်ပူ​နေမှာသိပါတယ်..ဒါပေမယ့် စျေနှုန်းတွေကလည်း ပေးရတဲ့စျေးနဲ့ စားရတဲ့အရသာကလည်း အဆင်ပြေပြီး Promotion လည်းရှိသေးတာဆိုတော့ ဘယ်လိုမျိုးတွေလည်းဆိုတာကို ကြည့်လိုက်ကြရအောင်..ဟင်းပွဲတွေကိုအရင်မပြောခင်မှာ ဆိုင်လေးအကြောင်းအရင်ပြောပြမယ်နော် ..Seafood Paradise က Singapore အခြေစိုက်ဖြစ်တဲ့ Paradise Groupရဲ့ လက်အောက်မှာရှိတဲ့ဆိုင်ပါ။သူ့ဆိုင်မှာက Seafood ကိုလတ်လတ်ဆတ်ဆတ်စားရမှာတော့ အသေအချာပဲ..

ဒီဟင်းလျာတွေအပြင်ကိုမှ အခုဆိုရင် Dim sumကို စတင်မိတ်ဆက်တာမကြာသေးပါဘူး။နောက်ပြီးတော့ ဒီလထဲမှာပဲကို Menuအသစ် ကလည်း ထွက်ထား​ပါတယ်၊Admin တို့ရောက်တဲ့အချိန်က မနက် ၁၀နာရီကျော်လောက်ဖြစ်နေတော့ Brunch ပဲစားလိုက်တော့တယ်။ Adminကတော့ Dim sum အနေနဲ့~ 1.Steamed Scallops With Prawn Dumpling 2.Deep-Fried Scallop and Mango Sauce Roll 3.Steamed Black Sugar Cake 4.Steamed BBQ Honey Pork Bun 5.Pan Fried Chili Crab Dumpling 6.Wok-Fried Rice Roll With XO sauce 7.Crispy BBQ Honey Pork Pastry Dim sum နဲ့တွဲစားဖို့အတွက် Milk Tea ရယ်၊Chinese Herbal Tea(Dry Honey Suckle Leaf)ရယ် မှာလိုက်တယ်။

ကြိုပြီးချက်ထားတာမျိုးမဟုတ်ဘဲ မှာတဲ့အခါမှလတ်လတ်ဆတ်ဆတ်စားရအောင်ပြင်ဆင်ပေးတာဆိုတော့ ဟင်းပွဲ မှာပြီးတဲ့အခါတော့ အနည်းဆုံး 15min-min 20လောက် စောင့်ရတယ်၊စောင့်ရကျိုးနပ်တယ် လို့ပြောရမှာပါပဲ..ဟင်းလျာမှာအသုံးပြုတဲ့Meat ball, Sauce တွေကလည်း Chef ရဲ့ Homemade ဖြစ်တယ်လို့မပြောရဘူး..သန့်ရှင်းလတ်ဆတ်မှုနဲ့ အရသာကတော့ စားပြီးရင်းစားချင်ပါပဲ.. မနက်ဆို ကော်ဖီ၊လက်ဖက်ရည်သောက်လိုက်ရမှပဲ တစ်နေ့တာပြည့်စုံတဲ့သူဆိုတော့ Dim sum နဲ့လိုက်ဖက်အောင်လို့ Milk Tea၊အချိုပွဲအတွက် Chinese Herbal Tea မှာလိုက်တာ တစ်ကယ် ကွက်တိပဲ..

Admin ကတော့မှာထားတာတွေ အကုန်လုံးကတော့ favပဲ..ဒီကို​​ရောက်ရင်​တော့ Wok-Fried Rice Roll နဲ့ Steamed BBQ Honey Pork Bun ​တော့မဖြစ်မ​နေ စားခဲ့ကြ.. Wok-Fried Rice Roll က ဆန်သားကအိအိ​​လေးနဲ့ အတွင်းမှာလည်း ပုစွန်​ခြောက်​နဲ့ အရသာကလည်း ​လေး​လေးပင်ပင်- မြန်မာပါးစပ်အရသာနဲ့ကွက်တိပဲ..Steamed BBQ Honey Pork Bunနဲ့ Crispy BBQ Honey Pork Pastry က​တော့ အတွင်းက အနှစ်ကအတူတူပါပဲ..Steamed BBQ က အပြင်သားပေါက်စီရယ် အတွင်းက ဝက်သားအနှစ်ချိုချို​လေးရယ်က လိုက်ဖက်​နေသလို၊နောက်ထပ်တစ်မျိုး Crispy BBQ ကျ​တော့လည်း အပြင်ကျွတ်ကျွတ်​လေးနဲ့ တစ်မျိုးလိုက်ဖက်​နေ​ရော..သ​ဘောကျတာတစ်ခုက​ မုန့်သားကြီးထူ​ထူနဲ့အတွင်းအဆာပလာ ကနည်း​နေတာမျိုးမရှိဘဲ အသားအပြည့်ဖြစ်​နေတာက​တော့ စားရတာတစ်ကယ် စိတ်ချမ်းသာတယ်

လတ်လတ်ဆတ်ဆတ် အသားအပြည့်နဲ့ကိုမှ အရသာကလည်း ရှယ်ဆိုတော့ လူတိုင်းကြိုက်ကြမယ့် Dim sum လေးတွေပဲနော်…​

Lunch စားချိန်နဲ့လည်းကပ်​နေပြီဆို​တော့ Admin တို့ကတော့ Dim sum စားရင်းနဲ့-Chicken Essence Steamed Frog- 22,800-Live bamboo clam 1pcs steam with minced garlic 12,800-Tilapia fish deep fried in Siam style 500g -10,000-Crispy roasted chicken half -11,400 တွေကိုလည်း မှာစားခဲ့​ပါတယ်။

Chicken Essence Steamed Frog က​တော့ Seafood Paradise ရဲ့ မီနူးလ် အသစ် ၃ခုထဲကတစ်ခုပါ..အတူသွားစားတဲ့သူငယ်ချင်း​တွေက ဖားသားဆို အရမ်းကြိုက်တဲ့သူ​တွေလည်းဖြစ်၊menuအသစ်လဲဖြစ်​တော့ မင်မင်​လည်း မြည်းကြည့်​မယ်​ပေါ့ ဆိုပြီးမှာလိုက်တယ်..ဖားသားစားရမှာ​တော့ ပထမက​တော့ခပ်လန့်လန့်ဖြစ်မိသား...ပထမဆုံးစားဖူးတဲ့သူအ​နေနဲ့~ဖားသားလို့မ​ပြောထားရင်..တစ်ကယ်ဖားသားလို့သိမှာ​တောင်မဟုတ်ဘူး..ကြက်သားလို့ညာ​ကျွေးရင်​တောင်ရတယ်..အသားTextureကကြက်သားနဲ့ဆင်တယ်..ပေါင်းထားကလည်းနူးညံ့တဲ့အပြင်..ဖားကအသားပြည့်တဲ့အပြင်..ဟင်းပွဲထဲမှာပါတဲ့ အသားကလည်းများတယ်..ဒီတိုင်းဖားအသားကို ဆယ်စားတာထက် အရသာက လေးလေးပင်ပင်နဲ့ ပိုပြီးစားရတာအရသာရှိသွား​အောင်လို့ ကြက်​ပေါင်းရည်​လေးနဲ့တွဲစားဖို့​မှာချင်တယ်..ဖားသားစားရတာကြိုက်တဲ့သူတွေအတွက်​တော့ အကြိုက်ဖြစ်​နေမှာပါ။

Live bamboo clam 1pcs steam with minced garlic​နောက်ထပ်​ဟင်းပွဲကလည်း ပဲကြာဇံရယ် ကမာကောင်နဲ့ကြက်သွန်ဖြူတောက်တောက်စင်းထားတာနဲ့ Sauce ဆမ်းထားပြီး အချိုဘက်အရမ်းမရောက်ဘူး။ပူတုန်းလေးစားရင်ပိုကောင်းတယ်၊ပဲကြာဇံဆိုတော့ အေးသွားတဲ့အခါ အရသာပေါ့တတ်လို့ ပူတုန်းလေးစားနော်..

Tilapia fish deep fried in Siam style ငါး​ကြော်ကို ထိုင်းစတိုင်အရသာ​ချဥ်ချဥ်ချိုချို​လေး၊အနှစ်ကိုမှသခွားသီးခြစ်​လေးနဲ့ ဆို​တော့ ခံတွင်းရှင်းလိုက်သလိုခံစားရမယ့် အရသာလေးပဲနော်..မြန်မာ​တော်​တော်များများကြိုက်​လောက်တဲ့အရသာပါပဲ..ဒီငါး​ကြော်မှာသုံးထားတဲ့Sauceက Chefရဲ့Homemade Sauce ကိုသုံးထားတာပါ..ပုံမှန်ဆို ငါး​သံပုရာ​ပေါင်းတို့ဆို အပြုတ်ဘက်သွား​တယ်..ဒါ​လေးကကျ အ​ကြော်ကိုမှ siam styleအချဥ်နဲ့ဆို​တော့လည်း တစ်မျိုး​လေးစား​ကောင်း​နေ​ရော..မင်မင်လို ငါးဟင်း​တော့မစားဘူး..ငါးကြော်တော့​စားတယ်ဆိုတဲ့ သူ​တွေအတွက်​တော့ ဒီဟင်းပွဲ​လေးကလည်း မှာစားကြည့်သင့်တဲ့ထဲပါတယ်​နော်..

Crispy roasted chicken နောက်ဆုံးတစ်ခုကတော့ ဖားလည်းမစား၊ငါးလည်းမစားတဲ့သူ​တွေနဲ့..ကြက် ဆို ​​ကြော်မလား၊ကင်မလား၊ချက်မလား ? ဘာမဆို အကုန်စားတဲ့သူ​တွေအတွက်​ ကြက်ကင်မှာလိုက်တယ်..Admin စားဖူးသလောက်တော့ တခြားဆိုင်တွေမှာ..ပုံမှန်ဆိုကြက်ကင်ကို Sauce အရည်နဲ့ချ​ပေးတာများတယ်…ဒီဆိုင်မှာကျ​တော့ ကြက်ကင်နဲ့တွဲစားဖို့ Spicy အမှုန့်​လေးချ​ပေးတယ်..မာလာအမှုန့်လို့ထင်သွားတာ..မာလာမဟုတ်ဘဲ Chef ကိုယ်တိုင်​သေချာစပ်ထားတဲ့Spicyအမှုန့်ပါတဲ့..ကြက်ကင်​​ပေါ် Spicyအမှုန့်​လေးဖြူးစားတာ Good Goodပဲ…

အစားအစာတွေအပြင်ကိုမှ နောက်ထပ်တစ်ခုအနေနဲ့ Seafood Paradise မှာ Staff Party, Birthday Party, Wedding တွေအတွက်လည်းငှားလို့ရတဲ့ V.I.P Room​တွေရှိပါတယ်၊အခုကလည်း Wedding ရာသီဆိုတော့နှစ်ဖက်မိသားစုတွေ့ဆုံတာတို့၊Wedding ပွဲကိုအကျဉ်းချုံးပြုလုပ်ချင်တဲ့သူတွေအတွက်တော့ အဆင်ပြေတဲ့ နေရာတစ်ခုပါပဲ....Detailကိုတော့ ဒီမှာဖတ်ကြည့်ပေးပါနော်… https://m.facebook.com/story.php?story_fbid=175456548566438&id=100083062815498&mibextid=Nif5oz

မနက်စာအတွက် Dim sumကိုအရသာ ကောင်း​ကောင်းနဲ့ အသားအပြည့် နဲ့စားဖို့ စဉ်းစား ​နေတယ်ဆိုရင်​တော့ seafood paradise ဆိုင်ကိုသာ တန်းတန်းမတ်မတ် လာခဲ့လိုက်နော်....​5 stars Hotelမှာဖွင့်ထားတယ်ဆို​ပေမယ့် ပေးရတဲ့​​စျေးရယ်၊စားရတဲ့အရသာရယ်၊ဟင်းပွဲQuality နဲ့ရယ်ဆိုရင်..​စျေးတန်တယ်ဆိုတာထက် ​စျေးသင့်တယ်၊သက်သာတဲ့ထဲပါတယ်လို့​ပြောလို့ရပါတယ်။

3 သိန်းနဲ့အထက် မှာစားတဲ့သူ​တွေအတွက်လည်း Member card ရမှာဖြစ်ပါတယ်။Member Card မှာ Point တွေစုပြီးတော့ Pointများကို Redeem ပြန်သုံးလို့ရမယ့်အစီအစဥ်လေးလဲ ရှိပါသေးတယ်နော်..

Promotion အနေနဲ့ ဘယ် Menu ကိုမဆို တစ်သိန်းဖိုးနဲ့အထက်စားတဲ့သူတိုင်းကို Tilapia Live ငါးကင်တစ်‌ကောင်ကို လက်ဆောင်အနေနဲ့ ​ပေးသွားမှာ ဖြစ်ပါတယ်။ Promotion ကာလကတော့ ဒီ Marchလကုန်ထိပေးသွားမှာဆိုတော့ Promotion ကာလမကုန်သေးခင်သွားစားကြနော်…

Seafood Paradise MM · No.459, Ground Floor, Novotel Yangon Max Hotel, Pyay Rd, Yangon 11041, Myanmar (Birma)
★★★★★ · Visrestaurant

ဆိုင်ဖွင့်ချိန်ကတော့-8AM-10PM

Dim sum order-8AM-3PM

Last Order-2:30 PMဆိုင်လိပ်စာ-No.459,Ground Floor, Novotel Yangon Max Hotel, Pyay Road, Kamayut Tsp,Yangon