Samsung သုံးခေါက်ချိုးဖုန်း တကယ်ထွက်လာတော့မှာလား

နှစ်စထဲက သို့လောသို့လောနဲ့ လူပြောများနေတဲ့ Samsung သုံးခေါက်ချိုးဖုန်းသတင်းက တဖြေးဖြေးများပြားလာပါပြီ။ နှစ်စက ခန့်မှန်းထားကြတဲ့သတင်းတွေအရ Samsung ဟာ သုံးခေါက်ချိုးဖုန်းကို စတင်ဖန်တီးနေပြီဖြစ်ပြီး အလုံးရေ ၃ သိန်းလောက်အထိ ကန့်သတ်ချက်နဲ့ အရင်ဖြန့်ချိမယ်လို့ ဆိုခဲ့ကြပေမဲ့ အခုထပ်မံထွက်ရှိလာတဲ့ leak တွေအရတော့ အလုံးရေ ၂ သိန်းဝန်းကျင်အထိသာ ထုတ်လုပ်သွားမယ့်အပြင် ဧပြီ ဒါမှမဟုတ် ဇွန်လလောက်မှာ စပြီး မိတ်ဆက်လာနိုင်ခြေရှိတယ်လို့ ဆိုပါတယ်။ 

Galaxy Unpacked ကလည်း မကြာခင်လာတော့မယ်။ ဆိုတော့ သုံးခေါက်ချိုးဖုန်းနဲ့ ပတ်သက်ပြီး ဘာတွေဖော်ပြလာမလဲဆိုတာအပြင် ဒီနှစ်ထဲမှာပဲ မိတ်ဆက်သွားမယ်လို့ ခန့်မှန်းထားကြတဲ့ Galazy Z Flip FE ရယ် ကိုလည်း မျှော်လင့်ရမှာပါ။ ကောလဟလတွေအရ Samsung က 2025 မှာ Flip 7 အလုံးရေ 3 သန်း၊ Fold 7 အလုံးရေ 2 သန်း၊ Flip FE အလုံးရေ ၉ သိန်းနဲ့ သုံးခေါက်ချိုး tri-fold အလုံးရေ ၂ သိန်းတို့ကို ထုတ်လုပ်ရောင်းချနိုင်ရန် ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။ 

နှစ်ကုန်ပိုင်းလောက်က ထွက်ခဲ့တဲ့ rumor တွေအရဆိုရင်လည်း Smausng ရဲ့ သုံးခေါက်ချိုးဖုန်းဟာ Huawei ရဲ့ သုံးခေါက်ချိုးဖုန်း Mate XT Ultimate ထက် ပိုပြီး အကြမ်းခံမယ့်အပြင် Floding ပိုင်းနဲ့ပတ်သက်ပြီး ကွာခြားချက်တွေလည်း ရှိမယ်လို့ ဆိုပါတယ်။ Foldable လောကကို ဦးဆောင်နေသူဆိုတော့ Tri Fold နဲ့ပတ်သက်ပြီး တကယ့်ကို စောင့်ကြည့်ရမှာ အမှန်ပါ။ တကယ်သာ Samsung သုံးခေါက်ချိုးဖုန်းသာ ထွက်လာရင်တော့ 2025 က Samsung နှစ်ဖြစ်ဦးမယ့်ပုံပါပဲ...