Samsung The Premiere 5 Projector

2025 Januaryလ CES ပြပွဲမှာ ကြေညာခဲ့တဲ့ The Premiere 5 projector ကို ယခုအခါ တောင်ကိုရီးယားမှာ စတင်မိတ်ဆက်လိုက်ပြီး၊ ဈေးနှုန်းက ₩1.99 သန်း (ဒေါ်လာ $1,380 ခန့်) ဖြစ်ပါတယ်။
ဒါဟာ Ultra-Short Throw projector တစ်ခုဖြစ်ပြီး၊ 43 စင်တီမီတာအကွာမှ 100 လက်မအရွယ်ထိပုံရိပ်များကိုဖော်ပြနိုင်ပြီး ဒီပရိုဂျက်တာကို နံရံပေါ် (သို့မဟုတ်) စားပွဲပေါ်တွင်ထားပြီးအသုံးပြုနိုင်ပါသည်။
Infrared laser module နဲ့ ကင်မရာတို့ပါဝင်တဲ့အတွက် မျက်နှာပြင်ကိုထိတွေ့အသုံးပြုနိုင်တဲ့ (Touch functionality) ပါဝင်ပါတယ်။ဆိုလိုတာကတော့မျက်နှာပြင်ကို (touchscreen) အဖြစ်သုံးလို့ရပါလိမ့်မယ်။ Smartphone သို့မဟုတ် tablet မှ Screen Mirroring နှင့်လည်းအသုံးပြုနိုင်မှာပါ။
The Premiere 5 မှာ ပတ်ဝန်းကျင်အလင်းရောင်ကို တိုင်းတာတဲ့ အာရုံခံကိရိယာများပါဝင်ပြီး၊ Vision Booster နည်းပညာဖြင့် အလိုအလျောက် Brightness, Contrast နဲ့ Color ကို ချိန်ညှိပေးနိုင်ပါတယ်။ Auto Keystone Correction လည်းအသုံးပြုလို့ရသည်။
ဒီပရိုဂျက်တာဟာ SmartThings ကိုလည်း ထောက်ပံ့တဲ့အတွက် သင့်ရဲ့ Smart Home စနစ်တွေကို ထိန်းချုပ်နိုင်ပြီး၊ Touch Functionality က ဒီမှာအရမ်း အသုံးဝင်ပါလိမ့်မယ်။
Tizen OS ပေါ်မှာအခြေခံထားတဲ့အတွက် Gaming Hub လည်းပါဝင်ပြီး၊ Xbox, GeForce Now, Luna စတဲ့ Game Streaming ဝန်ဆောင်မှုများစွာကိုလည်းအသုံးပြုလို့ရပါတယ်။
ပုံရိပ်ဖော်ပြမှုအတွက် Triple Laser System နှင့် 4K Resolution ဖြစ်ပြီး Light Source ကို 20,000 နာရီ အထိ အသုံးပြုနိုင်ပါတယ်။ HDR10+ ကို လည်းထောက်ပံ့ပါတယ်။
HDMI micro ports (၂ ခု) ပါပြီး၊ (တစ်ခုမှာ eARC ပါဝင်ပါတယ်)နှင့်USB-C port တစ်ခု ပါဝင်ပါတယ်။Wireless ဆက်သွယ်မှုအတွက် Wi-Fi 5 နဲ့ Bluetooth 5.2 ထောက်ပံ့ပါတယ်။အသံအတွက်တော့ 10W Stereo Speakers ပါရှိပြီး Dolby Atmos ဖြစ်ပါတယ်။