မျိုးဆက်သစ်ခေါက်ချိုးဖုန်းတွေကိုအခုလ Galaxy Unpacked Event မှာမိတ်ဆက်လာနိုင်ခဲ့တဲ့ Samsung ရဲ့အောင်မြင်ခြင်းနောက်ကွယ်ကစိတ်ဝင်စားဖွယ်အချက်များ

Samsung ရဲ့ Journey ကို ဘယ်လိုစတင်ခဲ့လဲ?
Samsungလို့ ကမ္ဘာကျော်အမှတ်တံဆိပ် ဖြစ်ပေါ်လာခြင်းရဲ့ နောက်ကွယ်မှာ စိတ်ဝင်စားဖွယ်ကောင်းတာတွေ ရှိပါတယ်။ Samsungကို လျှပ်စစ်ပစ္စည်းနဲ့ စမတ်ဖုန်းထုတ်လုပ်တဲ့ကုမ္ပဏီရယ်လို့ လူမသိခင်မှာ Samsungဟာ ငါးခြောက်လုပ်ငန်းကနေ စတင်လုပ်ကိုင်ခဲ့တာပြီး အလုပ်သမား(၄၀)ခန့်နဲ့ Lee Byung-Cullက စတင် တည်ထောင်ခဲ့တာပဲဖြစ်ပါတယ်။ အလုပ်သမား(၄၀)နဲ့စတင်ခဲ့ပေမဲ့ 2019 ခုနှစ်မှတ်တမ်းတွေအရSamsung မှာ ကမ္ဘာနဲ့အဝှမ်းအလုပ်သမားပေါင်း နှစ်သိန်း−ရှစ်သောင်းကျော် ရှိနေပါပြီ။ ငါးခြောက်လုပ်ငန်းမှာပဲ ရပ်မနေပဲ အထည်အလိပ်လုပ်ငန်းတွေ၊ Heavy industriesတွေနဲ့ Samsung shipbuildingတွေကနေစပြီး ကုမ္ပဏီအခွဲတွေတည်ထောင်ခဲ့ပြီး ရေနံ,ဓာတုလုပ်ငန်းတွေကိုပါ တိုးချဲ့လုပ်ကိုင်ခဲ့ပါတယ်။ Samsungဟာ ကိုရီးယားစစ်ပွဲအပြီးမှာ တောင်ကိုရီးယာနိုင်ငံရဲ့ စီးပွားရေးပြန်လည်ဦးမော့လာအောင် ပါဝင်ကူညီခဲ့ပါတယ်။
1980နှောင်းပိုင်းကာလတွေမှာတော့ Samsungဟာ telecommunication hardware လုပ်ငန်းထဲကို စတင်၀င်ရောက်ခဲ့ပြီး ပထမဆုံးထုတ်ကုန်တွေကတော့ switchboard တွေပဲဖြစ်ပါတယ်။ Samsung ထုတ်လုပ်ခဲ့တဲ့ Switchboardကတော့ ဒီနေ့ခေတ်Samsungဖုန်းတွေရဲ့ ဘိုးဘေးတွေဖြစ်ပြီး ကားမှာတစ်ခါတည်းတပ်ဆင်ထားတဲ့ ဖုန်းပြောနိုင်တဲ့စက်ဖြစ်ပါတယ်။အဲ့ဒီကမှတစ်ဆင့် တဖြည်းဖြည်းအဆင့်မြင့်တင်လာခဲ့ပြီး fax machine တွေနဲ့ telephoneတွေကိုပါ စတင်ထုတ်လုပ်ရောင်းချလာခဲ့ပြီး Samsung ရဲ့ smartphone လုပ်ငန်းတွေကို အစပျိုးခဲ့ပါတယ်။

Smartphone လောကရဲ့ခြေလှမ်းအစနဲ့ အောင်မြင်မှု
2009ခုနှစ်မှာတော့ i7500လို့အမည်ရတဲ့ Samsungရဲ့ ပထမဆုံးAndroid smartphoneကို ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Galaxy နာမည်နဲ့ Smartphone တွေကိုထုတ်လုပ်ရောင်းချခဲ့ပြီး အောင်မြင်မှုတွေရရှိလာပါတယ်။ 2011 ခုနှစ်မှာထွက်ရှိခဲ့တဲ့ Samsung Galaxy S2 ဟာ 1998 ခုနှစ်ထဲက ကမ္ဘာ့စမတ်ဖုန်းစျေးကွက်ကို မင်းမူနေခဲ့တဲ့ Nokia ကို အလဲထိုးပြီး Samsung ကို ကမ္ဘာ့အကြီးဆုံး Smartphone ထုတ်လုပ်သူအဖြစ်အရောက်ပို့ပေးနိုင်ခဲ့ပါတယ်။
Smartphone လောကကို မင်းမူစေတဲ့ Samsung စတင်ခဲ့တဲ့ နည်းပညာများ
Samsungဖုန်းတွေရဲ့ အဓိကဈေးကွက်ထိုးဖောက်မှုကတော့ တီထွင်ဆန်းသစ်မှုနဲ့ screenပိုင်းသာလွန်မှုပဲ ဖြစ်ပါတယ်။Samsungဟာ စမတ်ဖုန်းထုတ်လုပ်သူတွေကြားထဲမှာ စွန့်စားရဲပြီး နည်းပညာအသစ်များကို ဈေးကွက်မှာ စောစောစီးစီး ချပြနိုင်ခဲ့တာတွေလည်းပါပါတယ်။ Samsungမှ အရင်ဆုံးချပြခဲ့တဲ့ ထင်ရှားတဲ့နည်းပညာတွေကတော့ iris scanner, S pen, 100x digital zoom, OLED screen, Samsung Knox, IP68 water resistant, Hidden folder တို့အပြင် တခြားကျွန်တော်တို့မသိတဲ့ နည်းပညာတွေ အများကြီးရှိပါသေးတယ်။
တီထွင်ဆန်းသစ်တဲ့နည်းပညာတွေနဲ့ နာမည်ကြီးတဲ့အတွက် အာရှရဲ့စမတ်ဖုန်းတင်ပို့ရောင်းချမှုမှာလည်း ဦီးဆောင်နိုင်ခဲ့သလို 2021နှစ်တစ်ဝက်ကျော်မှာ ဖုန်းအလုံးရေ သန်းပေါင်း(၈၀)ကျော် တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။ အရဲစွန့်ရဲပြီးတီထွင်ဆန်းသစ်မှုအားကောင်းတဲ့Samsungဟာ နှစ်ပေါင်း(၈၀)ကျော် ကြာပြီးနောက်ပိုင်း အခုအချိန်မှာမသိသူမရှိဘဲ တန်ကြေးဘီလီယံ(၃၀၀)ကျော် ရှိနေပါပြီ။

Samsung ရဲ့စမတ်ဖုန်းလောကမှာ အောင်မြင်မှုမှတ်တိုင်များ
တီထွင်ဆန်းသစ်မှုပိုင်းအပြင် လူတိုင်းတတ်နိုင်တဲ့ Mid rangeဖုန်းတွေမှာfeature မြင့်မြင့်တွေထည့်ပေးပြီး အာရှဈေးကွက်ကို ဦီးဆောင်နိုင်ခဲ့ပါတယ်။ ထို့အပြင်‘Asia’s Top 1000 Brands 2021’ (၂၀၂၁ ခုနှစ်အတွက် အာရှထိပ်တန်း အမှတ်တံဆိပ် ၁၀၀၀) လေ့လာချက်စစ်တမ်းတွင် နံပါတ်တစ် အမှတ်တံဆိပ်အဖြစ် ဆယ်နှစ်ဆက်တိုက် အသိအမှတ်ပြု ဖော်ပြခံခဲ့ရပါတယ်။ ထို့အပြင်interband ရဲ့စာရင်းများအရသမိုင်းမှာ ကုန်ပစ္စည်းတန်ဖိုးအမြင့်ဆုံး 6.2 billionနဲ့ ကမ္ဘာ့နံပါတ်ငါးအဖြစ် ရပ်တည်နိုင်ထားနေပါတယ်။
အဲ့တာကြောင့်Samsungဆိုတာနဲ့ ဈေးကြီးပြီးတီထွင်ဆန်းသစ်မှုကောင်း Flagshipထုတ်ကုမ္ပဏီအဖြစ် မြင်ကြသလို လူတိုင်းတက်နိုင်ပြီး အရည်အသွေးကောင်းမွန်တဲ့mid range ဖုန်းထုတ်လုပ်သူအဖြစ်နဲ့လည်း နာမည်ရထားပါတယ်။
Samsungဖုန်းတွေ display ပိုင်းသူများနဲ့မတူတဲ့အချက်ကတော့TV ထုတ်လုပ်မှုလုပ်ငန်းကို 15 နှစ်ကျော် ဦးဆောင်ခဲ့တဲ့အတွေ့အကြုံတွေကြောင့်လည်း ပါဝင်ပါတယ်။ 2019အရောက်မှာ5Gဖုန်းဖြစ်တဲ့ Galaxy S10 မော်ဒယ်ကိုလည်း တခြားနာမည်ကြီးစမတ်ဖုန်းကုမ္ပဏီတွေထက် စောစွာထုတ်ဝေနိုင်ခဲ့ပါတယ်။ 5G နည်းပညာကိုS21 series အထိဆက်လက်ထည့်သွင်းလာခဲ့ပြီး S21 ultra 5G ဟာ Mobile world award မှာ အကောင်းဆုံးစမတ်ဖုန်းအဖြစ် ရွေးချယ်ခြင်းခံခဲ့ရပါတယ်။

Foldable ဖုန်းလောကမှာ ဦးဆောင်နေမှုနဲ့ ထပ်မိတ်ဆက်ပေးနိင်ခြေရှိတဲ့ မျိုးဆက်သစ် Foldable ဖုန်းအကြောင်း
Displayပိုင်းမှာ စမတ်ဖုန်းကုမ္ပဏီတွေကြား ဆက်တိုက်ဦးဆောင်လာခဲ့ပြီး 2019ခုနှစ်တစ်နှစ်ထဲမှာပဲ ခေါက်ချိုးဖုန်းဖြစ်တဲ့ Samsung Galaxy Foldဖုန်းကို ဈေးကွက်တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။ Foldable ဖုန်းတွေကိုဈေးကွက် မိတ်ဆက်နိုင်ရုံသာမကပဲ တခြားFoldable ဖုန်းတွေထက် ဈေးကွက်မှာနေ့စဉ် Day to Day အသုံးပြုနိုင်တဲ့Galaxy Z Flip နဲ့ Galaxy Fold နဲ့Galaxy Fold 2 တို့ကိုလည်းမိတ်ဆက်ခဲ့ပါတယ်။ အဖွင့်မျက်နှာပန်းလှခဲ့တဲ့Z Flipကို အလုံးရေ 2 သိန်း 3 သောင်းကျော် ရောင်းချနိုင်ခဲ့ပြီး Z foldရဲ့ မျိုးဆက်သစ် Z fold 2 ကိုလည်း တစ်ကမ္ဘာလုံးအတိုင်းအတာမှာ အလုံးရေပေါင်း 8သိန်းကျော် ရောင်းချနိုင်ခဲ့ပါတယ်။
Foldableဖုန်းတွေမှာ နာမည်ကြီးပြီး လက်တွေ့အသုံးဝင်အောင် ထုတ်လုပ်ရောင်းချနိုင်တဲ့ Samsungအနေနဲ့ ဒီမှာတင်ရပ်နေမယ်လို့မထင်ပါဘူး။ လက်ရှိထွက်ပေါ်နေတဲ့သတင်းတွေအရ Z Flipကို ပိုမိုကောင်းမွန်တဲ့ ခေါက်ချိုးမျက်နှာပြင်နဲ့ထွက်လာနိုင်ပြီး Z foldမျိုးဆက်သစ်ကိုလည်း ပိုမိုကြီးမားတဲ့မျက်နှာပြင်နဲ့ မိတ်ဆက်လာနိုင်ပါတယ်။ ဒီခေါက်ချိုးဖုန်းတွေကိုတော့ August လ 11 ရက်နေ့မှာကျင်းပမဲ့ Galaxy Unpacked Event မှာ မိတ်ဆက်လာနိုင်တယ်ဆိုပြီး မှန်းဆချက်တွေခိုင်မာနေတဲ့အတွက် ကျွန်တော်တို့နဲ့အတူ ဆက်လက်စောင့်ကြည့်လိုက်ရအောင်။
Author: Hein Htet
Ref links
1. Samsung Electronics Becomes Top Five in Interbrand’s Best Global Brands 2020
3. https://www.econotimes.com/Samsung-Braces-for-Worsening-Decline-in-Smartphone-Sales-1581423
4. Samsung's Galaxy Z Fold 2 5G is proving even more popular than expected - PhoneArena
image credit – the vintage news
- GSMarena
- 91 mobiles