ရန်ကုန်မှာ ဒီတစ်ပတ်ထဲ ဘယ်တွေသွားကြမလဲ ?
ရန်ကုန်မြို့မှာ ဒီတစ်ပတ် (ဧပြီလ ၂၆ ရက်ကနေ မေလ ၄ ရက်) ထဲ ဘာပွဲတွေလုပ်ဖို့ရှိသလဲ ? ဘယ်နေရာမှာလုပ်မှာလဲ ? ဆိုတာကို စုစည်းဖော်ပြပေးလိုက်ပါတယ် ..
1. Creative Carnival - လူငယ်ပွဲတော် Vol.2
𝗥𝗘𝗔𝗧𝗩𝗜𝗧𝗜𝗬 , 𝗘𝗗𝗨𝗖𝗔𝗧𝗜𝗢𝗡 , 𝗚𝗔𝗠𝗜𝗡𝗚 , 𝗙𝗔𝗦𝗛𝗜𝗢𝗡 , 𝗬𝗢𝗨𝗧𝗛 စတဲ့ sector (၅) မျိုးပါဝင်မယ့် မြန်မာနိုင်ငံရဲ့ အကြီးဆုံး ❝ လူငယ်ပွဲတော် VOLUME 2 ❞ ကို ဧပြီလ (၂၆)ရက်နဲ့ (၂၇)ရက်နေ့တွေမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
လူငယ်ပွဲတော် VOLUME 2 မှာ Sector (၅) မျိုးက Professional တွေရဲ့ Talk Show တွေ၊ Brand Partners တွေရဲ့ Activities တွေ၊ Artist တွေရဲ့ အမိုက်စား performance တွေ၊ ရင်သပ်ရှုမောစရာ Fashion Show တွေ အပြင် ငလျင်ပြန်လည်ထူထောင်ရေးအတွက် “ရောင်းရင်းလှူ ၊ ဝယ်ရင်းလှူ” Art Gallery Donation Campaign ကိုပါ စီစဉ်ပေးထားပါတယ်။
လူငယ်ပွဲတော် Vol.2 ကို M-Tower 18th Floor မှာ မနက် (၁၀)နာရီကနေ ညနေ (၅)နာရီအထိ ကျင်းပသွားမှာဖြစ်ပြီး ဝင်ကြေးအခမဲ့နဲ့ လာရောက်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
2. TECH4ALL - Technology without Limits
𝙏𝙚𝙘𝙝𝙣𝙤𝙡𝙤𝙜𝙮 နဲ့ပတ်သက်ပြီး တနေရာတည်းမှာ တစုတစည်းလေ့လာနိုင်မယ့် 𝑻𝑬𝑪𝑯4𝑨𝑳𝑳 - 𝘛𝘦𝘤𝘩𝘯𝘰𝘭𝘰𝘨𝘺 𝘸𝘪𝘵𝘩𝘰𝘶𝘵 𝘓𝘪𝘮𝘪𝘵𝘴 ပွဲကို ဧပြီလ (၂၇)ရက်နေ့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
ဒီပွဲကို Local နဲ့ International TECH အဖွဲ့အစည်းတွေ စုပေါင်းဖန်တီးထားတယ်လို့ သိရပြီး အဓိကအားဖြင့် Web developer ဖြစ်ဖို့ ကြိုးစားလျှောက်လှမ်းနေကြတဲ့ လူငယ်တွေအတွက် ရည်ရွယ်ကျင်းပတာဖြစ်တယ်လို့ သိရပါတယ်။ ပွဲမှာ Web & Mobile Technology တွေကို ပြသထားမယ့် Interactive Tech Corners တွေ၊ Hackthon တွေ၊ UI/UX Bootcamp တွေနဲ့အတူ Pitch Sessions တွေ၊ Panel Discussion တွေနဲ့ Job Opportunities တွေပါ ပါဝင်သွားမယ်လို့ သိရပါတယ်။
𝑻𝑬𝑪𝑯4𝑨𝑳𝑳 - 𝘛𝘦𝘤𝘩𝘯𝘰𝘭𝘰𝘨𝘺 𝘸𝘪𝘵𝘩𝘰𝘶𝘵 𝘓𝘪𝘮𝘪𝘵𝘴 ပွဲကို Times City မှာ မနက် (၉)နာရီကနေ ညနေ (၅)နာရီအထိ ကျင်းပသွားမှာပါ။
3. Myanmar Power & Solar Energy Storage Lighting Expo 2025
မီးစက် နှင့် ဆိုလာစွမ်းအင်သိုလှောင်မှုကုန်စည်ပြပွဲကြီး (Myanmar Power & Solar Energy Storage Lighting Expo 2025) ကို လာမယ့် မေလ (၁)ရက်နေ့ကနေ (၄)ရက်နေ့အထိ ကျင်းပသွားမယ်လို့ သိရပါတယ်။
Myanmar Power & Solar Energy Storage Lighting Expo 2025 ကို Myanmar DPES Exhibition Co.,Ltd.မှ ဦးဆောင်ကျင်းပတာဖြစ်ပြီး နာမည်ကြီး Company ပေါင်း ၁၀၀ ကျော် နှင့် Brand ပေါင်း၁၅၀ ကျော် ပါဝင်ပြသသွားမယ်လို့ သိရပါတယ်။
Myanmar Power & Solar Energy Storage Lighting Expo 2025 ကို Yangon Convention Center - YCC မှာ ပထမ (၃)ရက်ကို မနက် (၉)နာရီကနေ ညနေ (၅)နာရီ နဲ့ နောက်ဆုံးနေ့မှာ မနက် (၉)နာရီကနေ နေ့လည် (၂)နာရီအထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။
4. Thrift Market in Yangon
Thrift & Vintage ဆိုင်ခန်းပေါင်း ၃၀ နဲ့အတူ Entertainment တွေ Food & Beverage တွေ ပါဝင်မယ့် “Thrift Market in Yangon “ ပွဲကို လာမယ့် မေလ (၂)ရက်နေ့ကနေ (၄)ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။
Thrift & Vintage culture ကိုချစ်မြတ်နိုးတဲ့သူတွေအတွက် အဓိကထားကျင်းပတဲ့ ဒီပွဲမှာ ရှားပါးတဲ့ Vintage တွေ၊ စျေးသင့်တင့်တဲ့ second အထည်တွေကို မြင်တွေ့ဝယ်ယူနိုင်မှာ ဖြစ်တဲ့အပြင် Activities မျိုးစုံနဲ့ Entertainment တွေ၊ Food & Beverage တွေလည်းပါမှာဖြစ်ပြီး လူငယ်တွေရဲ့ Lifestyle နဲ့ Fashion တွေကိုပါ မြင်တွေ့ရနိုင်မယ်လို့ သိရပါတယ်။
Thrift Market in Yangon ပွဲကို Studio Canvas မှာ မနက် (၁၀)နာရီကနေ ညနေ (၆)နာရီ ကျင်းပသွားမယ်လို့ သိရပါတယ်။
ဒါကတော့ ရန်ကုန်မြို့မှာ ဒီတစ်ပတ်ထဲ ပြုလုပ်မယ့် ပွဲတွေကို လက်လှမ်းမှီသလောက် စုစည်းတင်ဆက်ပေးထားတာဖြစ်ပါတယ်။ နောက်လာမယ့် ရက်သတ္တပတ်တွေမှာလည်း ရန်ကုန်မြို့မှာ ကျင်းပမယ့် ပွဲတွေကို ဆက်လက်စုစည်းတင်ဆက်ပေးသွားမှာဖြစ်လို့ Akhayar Lifestyle website ကို subscribe ပြုလုပ်ပြီး စောင့်ကြည့်ပေးသွားကြပါဦးနော် .. .. ...