ရီးရဲလ်မက်ဒရစ်အသင်းနဲ့ပွဲမှာ အဝါကတ်ယူခဲ့တဲ့ ပါတေးကို ဒက်ကလန်ရိုက်စ် ဒေါသထွက်ခဲ့

ရီးရဲလ်မက်ဒရစ်အသင်းနဲ့ပွဲမှာ အဝါကတ်ယူခဲ့တဲ့ ပါတေးကို ဒက်ကလန်ရိုက်စ် ဒေါသထွက်ခဲ့

အာဆင်နယ်အသင်းက ရီးရဲလ်မက်ဒရစ်အသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်(ဒုတိယအကျော့)ပွဲစဉ်ရဲ့ပွဲပြီးခါနီးမှာ အဝါကတ်ရယူခဲ့တဲ့ အာဆင်နယ်အသင်းကွင်းလယ်လူ ပါတေးကို အသင်းဖော် ဒက်ကလန်ရိုက်စ်က ဒေါသထွက်ခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းကို နှစ်ကျော့ပေါင်းရလဒ်(၅-၁)ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့ပေမယ့် ကွင်းလယ်လူပါတေးဟာ ဒီပွဲစဉ်မှာ ပြသခံခဲ့ရတဲ့ အဝါကတ်ကြောင့် လာမယ့် PSG အသင်းနဲ့ ဆီမီးဖိုင်နယ်(ပထမအကျော့)ပွဲစဉ်ကို လွဲချော်တော့မှာဖြစ်ပါတယ်။ ပါတေးဟာ ရီးရဲလ်မက်ဒရစ်အသင်းနောက်ခံလူ ရူဒီဂါက အာဆင်နယ်အသင်းကွင်းလယ်လူ မယ်ရီနိုကို ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့တာကြောင့် ကွင်းလယ်ဒိုင်လူကြီးထံသွားရောက်ပြီးစကားပြောဆိုမှုတွေပြုလုပ်ခဲ့တာပါ။

ဒါပေမယ့် ပါတေးဟာ ဒိုင်လူကြီးနဲ့ ကွဲလွဲမှုတွေရှိခဲ့တာကြောင့် အဝါကတ်ပြသတိပေးခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ဒက်ကလန်ရိုက်စ်ဟာ အဝါကတ်ရယူခဲ့တဲ့ ပါတေးကို ဒေါသထွက်ပြီး သူ့ရဲ့လက်မောင်းကို ဆွဲကိုင်ကာ အံကြိတ်ပြီး အနောက်ကို တွန်းထုတ်ခဲ့တာပါ။ အာဆင်နယ်အသင်းရဲ့ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ဂျော်ဂျင်ဟိုဟာ ဒဏ်ရာကြောင့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်(ဒုတိယအကျော့)ပွဲစဉ်ကို လွဲချော်ခဲ့သလို PSG အသင်းနဲ့ ဆီမီးဖိုင်နယ်(ပထမအကျော့)ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ မသေချာပါဘူး။

ပါတေးဟာ ဒီရာသီမှာ အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ(၄၅)ပွဲပါဝင်ကစားထားပြီး ကွင်းလယ်မှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်နေတဲ့သူပါ။ အဲ့ဒါကြောင့် PSG အသင်းနဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်(ပထမအကျော့)ပွဲစဉ်မှာ ပါတေးမပါဝင်နိုင်တာက အာဆင်နယ်အသင်းအတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာဖို့ ရှိနေပါတယ်။

Read more

လက်ရှိဥရောပထိပ်တန်းလိဂ်(၅)ခုမှာ ဂိုးဖန်တီးမှုအများဆုံးနဲ့ မက်ဆီရဲ့စံချိန်ကို လိုက်မီဖို့ (၃)ဂိုးသာလိုတော့တဲ့ယာမားလ်

လက်ရှိဥရောပထိပ်တန်းလိဂ်(၅)ခုမှာ ဂိုးဖန်တီးမှုအများဆုံးနဲ့ မက်ဆီရဲ့စံချိန်ကို လိုက်မီဖို့ (၃)ဂိုးသာလိုတော့တဲ့ယာမားလ်

ဒီရာသီ ဥရောပထိပ်တန်းလိဂ်(၅)ခုမှာ ပြိုင်ပွဲစုံဂိုးဖန်တီးမှုအများဆုံးကစားသမားအဖြစ် ဘာစီလိုနာအသင်းရဲ့အသက်(၁၇)နှစ်အရွယ် လူငယ်ကစားသမား လာမင်းယာမားလ်က ဦးဆောင်နေ

စပိန်ဘုရင့်ဖလားဗိုလ်လုပွဲက ရူဒီဂါရဲ့အပြုအမူက လက်ခံနိုင်စရာမရှိဘူးလို့ ဂျာမနီဘောလုံးအဖွဲ့ချုပ်(DFB) ဝေဖန်

စပိန်ဘုရင့်ဖလားဗိုလ်လုပွဲက ရူဒီဂါရဲ့အပြုအမူက လက်ခံနိုင်စရာမရှိဘူးလို့ ဂျာမနီဘောလုံးအဖွဲ့ချုပ်(DFB) ဝေဖန်

ဘာစီလိုနာအသင်းက ရီးရဲလ်မက်ဒရစ်အသင်းကို (၃-၂)ဂိုးနဲ့အနိုင်ရခဲ့တဲ့ စပိန်ဘုရင့်ဖလားဗိုလ်လုပွဲစဉ်က ဂျာမနီလက်ရွေးစင်အသင်းရဲ့ရီးရဲလ်မက်ဒရစ်အသင်းနောက်ခံလူ ရူဒီ

ရီးရဲလ်မက်ဒရစ်ပရိသတ်တွေရဲ့ ဒေါသတကြီးပြစ်တင်မှုကို ရင်ဆိုင်နေရတဲ့ ဘယ်လင်ဂမ်

ရီးရဲလ်မက်ဒရစ်ပရိသတ်တွေရဲ့ ဒေါသတကြီးပြစ်တင်မှုကို ရင်ဆိုင်နေရတဲ့ ဘယ်လင်ဂမ်

ရီးရဲလ်မက်ဒရစ်ပရိသတ်တွေဟာ အချစ်ကြီးသလို အမုန်းကြီးသူတွေလို့ ပြောရင်မမှားနိုင်ပါဘူး။ အိမ်ကွင်းဘာနေဗျူးကွင်းမှာ မိမိချစ်ခင်နှစ်သက်တဲ့ကစားသမားကို တစ်ကွ

အစ်ကိုဖြစ်သူရဲ့ခြေရာကို နင်းပြီး ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ အကောင်းဆုံးလူငယ်ကစားသမားဆုရခဲ့တဲ့ ဂျုပ်ဘ်ဘယ်လင်ဂမ်

အစ်ကိုဖြစ်သူရဲ့ခြေရာကို နင်းပြီး ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ အကောင်းဆုံးလူငယ်ကစားသမားဆုရခဲ့တဲ့ ဂျုပ်ဘ်ဘယ်လင်ဂမ်

ချန်ပီယံရှစ်၊ လိဂ်ဝမ်း၊ လိဂ်တူးအစရှိတဲ့ အင်္ဂလန်ဘောလုံးလိဂ်(EFL)ပြိုင်ပွဲအသီးသီးရဲ့အကောင်းဆုံးဆုတွေကို မနေ့က ချီးမြှင့်ခဲ့ရာမှာ ချန်ပီယံရှစ်ပြိုင်ပွ