ရီးရဲလ်မက်ဒရစ်အသင်းနဲ့ (၅)နှစ်စာချုပ်သစ်အတွက် သဘောတူညီမှုအပြီးသတ်ဖို့ ဗင်နီစီယပ်စ်နီးစပ်

ရီးရဲလ်မက်ဒရစ်အသင်းနဲ့ (၅)နှစ်စာချုပ်သစ်အတွက် သဘောတူညီမှုအပြီးသတ်ဖို့ ဗင်နီစီယပ်စ်နီးစပ်

ဘရာဇီးလ်ကြယ်ပွင့် ဗင်နီစီယပ်စ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ (၅)နှစ်စာချုပ်သစ်အတွက် သဘောတူညီမှုအပြီးသတ်ဖို့ နီးစပ်နေပြီလို့ စပိန်သတင်းစာမာကာက ဖော်ပြထားပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ၂၀၂၇ ခုနှစ်နွေရာသီအထိ စာချုပ်ရှိနေတဲ့ ဗင်နီစီယပ်စ်ကို ခေါ်ယူဖို့ ဆော်ဒီပရိုလိဂ်က ချိတ်ဆက်မှုတွေပြုလုပ်နေတာပါ။

အသက်(၂၄)နှစ်အရွယ်ရှိ ဗင်နီစီယပ်စ်ဟာ ဘရာဇီးလ်ကလပ် ဖလာမင်ဂိုအသင်းကနေ ရောက်ရှိလာကတည်းက ရီးရဲလ်မက်ဒရစ်အသင်းမှာ အဓိက ကစားသမားအဖြစ်ခြေစွမ်းပြနေပြီး (၁၀၅)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု(၇၉)ကြိမ်ပြုလုပ်ထားပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ချန်ပီယံလိဂ်ဖလား(၂)ကြိမ်အပါအဝင် ဆုဖလား(၁၄)ခုရယူထားတဲ့ ဗင်နီစီယပ်စ်ဟာ ဆော်ဒီပရိုလိဂ်ကလပ်အသင်းတွေရဲ့အဓိကပစ်မှတ်အဖြစ် ရှိနေတာပါ။

အခုနှစ်အစောပိုင်းက ဆော်ဒီပရိုလိဂ်အသင်းတွေဟာ ဗင်နီစီယပ်စ်ကို ပေါင်သန်း(၈၃၀)တန်ကြေးရှိ (၅)နှစ်စာချုပ်နဲ့ ကမ်းလှမ်းခဲ့ပြီး ဒီကမ်းလှမ်းမှုထဲမှာ ဆော်ဒီနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမယ့် ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သံတမန်အဖြစ်ဆောင်ရွက်မှုလည်း ပါဝင်ပါတယ်။

စပိန်သတင်းစာမာကာက ဗင်နီစီယပ်စ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးပြီး ထင်ကြေးသတင်းတွေကို အဆုံးသတ်ချင်နေတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဗင်နီစီယပ်စ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ၂၀၃၀ ခုနှစ်အတွက်ရှိမယ့် (၅)နှစ်စာချုပ်သစ်အတွက် သဘောတူညီမှုကို အပြီးသတ်နိုင်ဖို့နီးစပ်နေပြီလို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ ဗင်နီစီယပ်စ်တို့ဟာ သူတို့ရဲ့အနာဂတ်အစီအစဉ်နဲ့ပတ်သက်ပြီး တူညီတဲ့ စာမျက်နှာပေါ်မှာ ရှိနေကြတာပါ။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဗင်နီစီယပ်စ်ကို ရာသီမကုန်မီမှာ စာချုပ်သစ်ချုပ်ဆိုနိုင်မယ်လို့ ယုံကြည်မှုရှိနေတာဖြစ်ပါတယ်။

Read more

မေလ 13 ရက်မှာ မိတ်ဆက်တော့မယ့် Samsung ရဲ့ အပါးဆုံးဖုန်း

မေလ 13 ရက်မှာ မိတ်ဆက်တော့မယ့် Samsung ရဲ့ အပါးဆုံးဖုန်း

တရုတ်နဲ့ တောင်ကိုရီးယား ၂ နိုင်ငံမှာပဲ မိတ်ဆက်သွားမှာဖြစ်ပြီး မေလ 23 မှာတော့ စတင်ရောင်းချမယ်လို့ ဆိုပါတယ်။ နိုင်ငံတကာကိုတော့ မေလ 30 မှာ မိတ်ဆက်သွားနိ

US အတွက် India မှာတိုးမြှင့်ထုတ်လုပ်မည့်Apple

US အတွက် India မှာတိုးမြှင့်ထုတ်လုပ်မည့်Apple

Apple သည် အမေရိကန်မှာရောင်းချနေသော iPhone များကို အိန္ဒိယမှာတိုးမြှင့်ထုတ်လုပ်ရန်စီစဉ်နေကြောင်း Financial Times က ဖော်ပြခဲ့သည်။ သတင်းရင်းမြစ်များ၏အဆိုအရ အကြောင်းအရင်းမှာ သမ္

စပိန်ဘုရင့်ဖလားကို(၃၂)ကြိမ်မြောက် ရယူခဲ့တဲ့ ဘာစီလိုနာ

စပိန်ဘုရင့်ဖလားကို(၃၂)ကြိမ်မြောက် ရယူခဲ့တဲ့ ဘာစီလိုနာ

စပိန်ဘုရင့်ဖလားဗိုလ်လုပွဲ ဘာစီလိုနာအသင်း(၃-၂) ရီးရဲလ်မက်ဒရစ် (AET) စပိန်ဘုရင့်ဖလားဗိုလ်လုပွဲမှာ ဘာစီလိုနာအသင်းက ရီးရဲလ်မက်ဒရစ်အသင်းကို အချိန်ပိုသွင်းဂိ