ရီးရဲလ်မက်ဒရစ်အသင်းမှာ ဘာပေအတွက် အဆိုးရွားဆုံးအချိန်ကို ဖြတ်သန်းနေရတဲ့ ဧပြီလ

ရီးရဲလ်မက်ဒရစ်အသင်းမှာ ဘာပေအတွက် အဆိုးရွားဆုံးအချိန်ကို ဖြတ်သန်းနေရတဲ့ ဧပြီလ

ပြင်သစ်တိုက်စစ်မှူးဘာပေအနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းကို သူစရောက်ကတည်းက ဒီဧပြီလကလွဲလို့ သူဂိုးမသွင်းနိုင်တဲ့လဆိုတာ မရှိခဲ့ပါဘူး။

ဒီအသင်းကို စတင်ရောက်ရှိပြီးကတည်းက ၂၀၂၄ ဩဂုတ်လ(၁၄)ရက်နေ့မှာ ကစားခဲ့တဲ့ ဥရောပစူပါဖလားပွဲကစပြီး ဘာပေအနေနဲ့ လတိုင်း အနည်းဆုံး(၁)ဂိုးတော့သွင်းယူနိုင်ခဲ့ပါတယ်။

လက်ရှိ ဖြတ်သန်းနေတဲ့ ဧပြီလကတော့ ဘာပေအတွက် ရီးရဲလ်ကစားသမားဘ၀အဆိုးရွားဆုံးလလို့ ဆိုရအောင် ဂိုးပေါက်လုံးလုံးလျားလျားပျောက်နေတာဖြစ်ပါတယ်။

ဒီလအတွင်း ကစားခဲ့တဲ့ပွဲတွေမှာ ဘာပေအနေနဲ့ ဂိုးတစ်ဂိုးမှ မသွင်းယူနိုင်ခဲ့သလို အနီကတ်၊ ဒဏ်ရာပြဿနာတွေနဲ့ ပါရင်ဆိုင်ခဲ့ရပါတယ်။

ဧပြီ(၂)ရက်နေ့က ဆိုစီဒက်နဲ့ကစားခဲ့တဲ့ စပိန်ဘုရင့်ဖလားဆီမီးဖိုင်နယ်ပွဲ၊ ဧပြီ(၅)ရက်နေ့က ဗလင်စီယာကို ရှုံးနိမ့်ခဲ့တဲ့ လာလီဂါပွဲ၊ ဧပြီ(၉)ရက်နေ့က အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပွဲ၊ ဧပြီ(၁၃)ရက်နေ့က အလာဗတ်စ်နဲ့ကစားခဲ့တဲ့ လာလီဂါပွဲ၊ ဧပြီ(၁၇)ရက်နေ့က အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲတွေမှာ ဘာပေဟာ ဂိုးမသွင်းနိုင်ဘဲ (၅)ပွဲဆက်တိုက်ဂိုးပေါက်ပျောက်ခဲ့ရတာဖြစ်ပါတယ်။

ဘာပေဂိုးပေါက်ပျောက်ခဲ့သလို ဒီ(၅)ပွဲမှာ ရီးရဲလ်မက်ဒရစ်ကလည်း ရလဒ်တွေဆိုးခဲ့ပြီး နိုင်ပွဲတစ်ပွဲသာရကာ (၃)ပွဲရှုံး (၁)ပွဲသရေကျခဲ့ပါတယ်။

ဘာပေအနေနဲ့ ဂိုးပေါက်ပျောက်ရုံတင်မက အလာဗတ်စ်နဲ့ပွဲမှာ အနီကတ်ပြခံရပြီး (၁)ပွဲပယ်ပြစ်ဒဏ်လည်း ကျခံခဲ့ရပါတယ်။ ဒါ့အပြင် အာဆင်နယ်နဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်(ဒုတိယအကျော့)ပွဲမှာလည်း ဘာပေဟာ ခြေကျင်းဝတ်ဒဏ်ရာရခဲ့ပြီး ရှေ့လာမယ့်ပွဲတွေအတွက် စိုးရိမ်စရာအခြေအနေမှာ ရှိနေပါတယ်။

ပိုပြီးဆိုးတာက ဒဏ်ရာရခဲ့တဲ့ဘာပေကို ရီးရဲလ်မက်ဒရစ်ပရိသတ်တချို့က ပွဲကြည့်စင်ပေါ်ကနေ ခြေစွမ်းဆိုးရွားမှုအတွက် မညှာမတာ လှောင်ပြောင်ခဲ့ကြတာဖြစ်ပါတယ်။


ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ဒီလထဲမှာ စပိန်ဘုရင့်ဖလားဗိုလ်လုပွဲအဖြစ် ဘာစီလိုနာအသင်းနဲ့ ဧပြီ(၂၆)ရက်နေ့မှာ ကစားဖို့ရှိနေပြီး ဒီပွဲမှာ ဘာပေ ခြေစွမ်းပြန်ပြနိုင်မလား ရှေ့လာမယ့် လာလီဂါပွဲတွေမှာရော ဘာပေ ဂိုးပေါက်ပြန်တွေ့မလားဆိုတာ ကြည့်ရမှာဖြစ်ပါတယ်။

Read more

မီးပျက်နေလို့ ရွှေ့ဆိုင်းရဖွယ်ရှိကြောင်း သတင်းထွက်နေတဲ့ ဘာစီလိုနာ - အင်တာမီလန်ပွဲ

မီးပျက်နေလို့ ရွှေ့ဆိုင်းရဖွယ်ရှိကြောင်း သတင်းထွက်နေတဲ့ ဘာစီလိုနာ - အင်တာမီလန်ပွဲ

ဒီတစ်ပတ် ဗုဒ္ဓဟူးနေ့(ဧပြီ ၃၀ ရက်)မှာ ကစားဖို့ရှိတဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်(ပထမအကျော့)ပွဲစဉ် ဘာစီလိုနာ-အင်တာမီလန်ပွဲကို ဥရောပမှာ မီးပျက်နေလို့ ရွှေ့ဆိုင်းရဖွယ်

ဥရောပအမျိုးသမီးချန်ပီယံလိဂ်ဗိုလ်လုပွဲလို ထိပ်တိုက်တွေ့မလား ကြည့်ရမယ့် အာဆင်နယ် Vs ဘာစီလိုနာ

ဥရောပအမျိုးသမီးချန်ပီယံလိဂ်ဗိုလ်လုပွဲလို ထိပ်တိုက်တွေ့မလား ကြည့်ရမယ့် အာဆင်နယ် Vs ဘာစီလိုနာ

မနေ့က ကစားခဲ့တဲ့ ဥရောပအမျိုးသမီးချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ အာဆင်နယ်အမျိုးသမီးအသင်းဟာ နာမည်ကြီးပြင်သစ်ကလပ် လိုင်ယွန်အမျိုးသမီးအသင်းကို အဝေးကွင်းမှာ (၄-၁)ဂိုးနဲ့ အံ

ရာသီကုန်မှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ လမ်းခွဲပြီး ဘရာဇီးလ်လက်ရွေးစင်အသင်းကို အန်ဆယ်လော့တီကိုင်တွယ်ဖွယ်ရှိနေ

ရာသီကုန်မှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ လမ်းခွဲပြီး ဘရာဇီးလ်လက်ရွေးစင်အသင်းကို အန်ဆယ်လော့တီကိုင်တွယ်ဖွယ်ရှိနေ

ရီးရဲလ်မက်ဒရစ်အသင်းကို ဒုတိယအကြိမ်ကိုင်တွယ်နေတဲ့ အီတလီလူမျိုးနည်းပြ အန်ဆယ်လော့တီဟာ ဒီရာသီကုန်ရင် အသင်းနဲ့ လမ်းခွဲပြီး သူ့ကိုနည်းပြအဖြစ်ခန့်အပ်ချင်နေ

တိုက်စစ်မှူးအီဗာနီလ်ဆန်ရဲ့အနီကတ်ပြစ်ဒဏ်ကို မိမိတို့အယူခံဝင်မယ်လို့ ဘုန်းမောက်နည်းပြအီရာအိုလာအတည်ပြု

တိုက်စစ်မှူးအီဗာနီလ်ဆန်ရဲ့အနီကတ်ပြစ်ဒဏ်ကို မိမိတို့အယူခံဝင်မယ်လို့ ဘုန်းမောက်နည်းပြအီရာအိုလာအတည်ပြု

ဘုန်းမောက်အသင်းနဲ့ မန်ယူနိုက်တက်အသင်းတို့(၁-၁)ဂိုးစီသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ထုတ်ပယ်ခံခဲ့ရတဲ့ ဘရာဇီးလ်တိုက်စစ်မှူး အီဗာနီလ်ဆန်ရဲ့အနီကတ်ပြ