အမေရိကန်က TikToker တွေအကြား ရေပန်းစားနေတဲ့ RedNote

US မှာ TikTok ပိတ်သိမ်းဖို့က သို့လောသို့လောဖြစ်နေတဲ့အချိန် TikToker အချို့ကတော့ RedNote ဆိုတဲ့ Platform မှာ စတင်လှုပ်ရှားနေကြပါပြီ။ 

RedNote ကလည်း တရုတ် App ပါပဲ။ တရုတ်လို Xiaohongshu လို့ ခေါ်ပါတယ်။ သူက 2013 လောက်က Shopping platform အနေနဲ့  ထွက်ခဲ့တာဖြစ်ပြီးတော့ လက်ရှိ TikTok နီးပါးလူကြိုက်များ လူသုံးများနေတဲ့ Social Media Platform အဖြစ် ကူးပြောင်းနေတယ်လို့ ဖော်ပြထားပါတယ်။ RedNote ဟာဆိုရင် TikTok လိုပဲ ဗီဒီယိုအတိုလေးတွေ ဓါတ်ပုံတွေ ဖန်တီးနိုင်ပြီး upload လုပ်နိုင်ပါတယ်။ TikTok မှာသုံးတဲ့ အချို့ feature တွေတောင် ပါတယ်လို့ ဆိုပါတယ်။ 

Reuter ရဲ့ ဖော်ပြချက်အရ လက်ရှိ ၂ ရက်အတွင်း RedNote ကို အသုံးပြုလာသူ ၇ သိန်းကျော်ရှိနေပါပြီ။ ပြီးတော့ App Store အချို့မှာလည်း US ရဲ့ လူကြိုက်အများတဆုံး Top 10 စာရင်းတွေထဲတောင် ရောက်နေပြီလို့ ဆိုပါတယ်။ RedNote user ဟောင်းတွေကလည်း TikTok မှ ကူးပြောင်းလတာတဲ့ user တွေကို ဝမ်းသာစွာနဲ့ ကြိုဆိုကြတဲ့အပြင် အသုံးပြုနည်း video တွေကိုတောင် ဖော်ပြထားကြပါသေးတယ်။ 

အစိုးရဘက်က TikTok ကို bann ဖို့ လုံးလည်ချာလည်လိုက်နေချိိန်မှာ တစ်ဖက်မှာက နောက်ထပ် တရုတ် App တစ်ခုကို ထပ်သုံးနေကြတာက စဉ်းစားကြည့်ရင် နည်းနည်းတော့စာဟပါတယ်။ ထားပါတော့ RedNote ကို သုံးဖူးတဲ့သူတွေများရှိလားဗျ။ Review လေးတွေ sharing လုပ်သွားပါဦး။