ပုပ်ရဟန်းမင်းကြီး ကွယ်လွန်ခြင်းကို လှောင်ပြောင်ခဲ့လို့ ဝေဖန်ပြစ်တင်ခံနေရတဲ့ ရိန်းဂျားစ်ပရိသတ်

ပုပ်ရဟန်းမင်းကြီး ကွယ်လွန်ခြင်းကို လှောင်ပြောင်ခဲ့လို့ ဝေဖန်ပြစ်တင်ခံနေရတဲ့ ရိန်းဂျားစ်ပရိသတ်

စကော့တလန်ကလပ် ရိန်းဂျားစ်ပရိသတ်တွေဟာ ပုပ်ရဟန်းမင်းကြီး ကွယ်လွန်ခြင်း(ပျံလွန်တော်မူခြင်း)ကို လှောင်ပြောင်၊ စော်ကားလိုတဲ့ အပြုအမူတွေအတွက် ဝေဖန်ပြစ်တင်မှုတွေကို ရင်ဆိုင်နေရပါတယ်။

စကော့တလန်ကလပ်အသင်းကြီးနှစ်သင်းဖြစ်တဲ့ ဆဲလ်တစ်အသင်းနဲ့ ရိန်းဂျားစ်အသင်းတို့ဟာ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပြိုင်ဘက်အသင်းတွေဖြစ်ကြပြီး ဆဲလ်တစ်အသင်းအားပေးသူ ပရိသတ်အများစုက ကက်သလစ်ခရစ်ယာန်ဘာသာဝင်တွေဖြစ်ကြသလို ဆဲလ်တစ်အသင်းကလည်း အိုင်ယာလန်လူမျိုးကက်သလစ်ဘာသာဝင်တစ်ဦးက တည်ထောင်ခဲ့တာပါ။

ပုပ်ရဟန်းမင်းကြီးကို ဆဲလ်တစ်အသင်းအကျီလက်ဆောင်ပေးနေတဲ့ ဆဲလ်တစ်အသင်းနည်းပြ ဘရန်ဒန်ရော်ဂျာစ် (၂၀၂၃ ခုနှစ်)

ရိန်းဂျားစ်ပရိသတ်အများစုကတော့ ပရိုတက်စတင့်ခရစ်ယာန်ဘာသာဝင်တွေဖြစ်ကြပြီး ပရိုတက်စတင့်တွေက သာသနာဂိုဏ်းချုပ်ပုဂ္ဂိုလ်ဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီးထားရှိတဲ့အယူဝါဒ မရှိသူတွေဖြစ်ပါတယ်။

ဒါကြောင့် ဒီတစ်ပတ်တနင်္လာနေ့နံနက်ပိုင်းက ပုပ်ရဟန်းမင်းကြီးဖရန့်စစ်ကွယ်လွန်ခဲ့ပြီးနောက်မှာ ရိန်းဂျားစ်ပရိသတ်တချို့က တစ်စခန်းထ လာကြတာဖြစ်ပါတယ်။

စကော့တလန်နိုင်ငံ၊ ဂလပ်စဂိုမြို့ရဲ့ M8 နဲ့ M77 အဝေးပြေးလမ်းမကြီးတွေအနီးက မက်ကလာရင်လမ်းက နံရံတစ်ခုမှာ 'No Pope of Rome' ၊ 'Papa Francesco is dead'ဆိုတဲ့ နံရံဆေးရေးပန်းချီ(ဂရစ်ဖစ်တီ)တွေကို ရိန်းဂျားစ်ပရိသတ်တချို့က ရေးခြယ်ခဲ့ကြတာပါ။

ဒီလုပ်ရပ်က ပြိုင်ဘက်ဆဲလ်တစ်ပရိသတ်တွေကို ဒေါသထွက်စေဖို့ အဓိကရည်ရွယ်တာဖြစ်ပေမယ့် မတူကွဲပြားခြားနားမှုတွေမှာ တစ်ဖက်သားကို လေးစားမှုမရှိတဲ့လုပ်ရပ်ဖြစ်လို့ အွန်လိုင်းမှာ ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။

ဆိုရှယ်မီဒီယာမှာ ရိန်းဂျားစ်ပရိသတ်တွေကို ဝေဖန်သူတွေများနေပြီး ဒီအထဲမှာ ဘာသာမဲ့တွေကပါ ရိန်းဂျားစ်ပရိသတ်တွေကို လေးစားမှုမရှိသူတွေအဖြစ် ပြစ်တင်ခဲ့ကြပါတယ်။

ပုပ်ရဟန်းမင်းကြီးဖရန့်စစ်ကွယ်လွန်ခဲ့တာကြောင့် မနေ့က ကစားဖို့ စီစဉ်ထားတဲ့စီးရီးအေ ပွဲ(၄)ပွဲကို ရွှေ့ဆိုင်းခဲ့ပြီး မနက်ဖြန်(ဗုဒ္ဓဟူးနေ့)မှ ကစားမှာဖြစ်သလို၊ ရောမမြို့က ဗာတီကန်စီးတီးမှာ ဈာပနအခမ်းအနားပြုလုပ်မယ့် လာမယ့် စနေနေ့မှာလည်း မူလ ကစားဖို့စီစဉ်ထားတဲ့ စီးရီးအေပွဲ(၃)ပွဲကို ရွှေ့ဆိုင်းသွားမှာဖြစ်ပါတယ်။

Read more

US မှာ AI နည်းပညာအတွက် Supercomputer များတည်ဆောက်မည့် NVIDIA

US မှာ AI နည်းပညာအတွက် Supercomputer များတည်ဆောက်မည့် NVIDIA

NVIDIA သည် အမေရိကန်ပြည်ထောင်စုအတွင်း၌ AI supercomputers များကို ပထမဆုံးအကြိမ်အဖြစ် တည်ဆောက်မည်ဖြစ်ကြောင်း ကြေညာထားသည်။ ၎င်းစီမံကိန်းတွင် TSMC၊ Foxconn၊ Wistron၊ Amkor နှင့် SPIL တို့နှင့

ဘာသာရေးအရ အရက်သေစာရှောင်တဲ့ဆာလာကိုပရီးမီးယားလိဂ်ချန်ပီယံအဖြစ် အောင်ပွဲခံချိန်မှာနူနက်ဇ် ဘီယာနဲ့လောင်းခဲ့

ဘာသာရေးအရ အရက်သေစာရှောင်တဲ့ဆာလာကိုပရီးမီးယားလိဂ်ချန်ပီယံအဖြစ် အောင်ပွဲခံချိန်မှာနူနက်ဇ် ဘီယာနဲ့လောင်းခဲ့

လီဗာပူးလ်အသင်းက စပါးအသင်းကို (၅-၁)ဂိုးနဲ့ အနိုင်ရပြီး ၂၀၂၄-၂၅ ရာသီပရီးမီးယားလိဂ်ချန်ပီယံအဖြစ်‌အောင်ပွဲခံချိန်မှာ ဥရုဂွေးတိုက်စစ်မှူးဒါဝင်နူနက်ဇ်ဟာ အီဂျ

Man City (2 -0) Nottingham Forest    FA Cup (Semi Final)  Highlight

Man City (2 -0) Nottingham Forest FA Cup (Semi Final) Highlight

0:00 /0:34 1× ■ Video - မနေ့ကကစားခဲ့တဲ့ FA ဖလားဆီမီးဖိုင်နယ် မန်စီးတီး(၂-၀)နော်တင်ဂမ်ဖောရက်စ်ပွဲမှာ မန်စီးတီးအသင်းအတွက် ပွဲအစ(၂)မိနစ်မှာ ရီကိုလူးဝစ်သွင်းယူခဲ့တဲ

FA ဖလားဗိုလ်လုပွဲကို (၃)ရာသီဆက်တက်ရောက်နိုင်ခဲ့ပြီး ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ရင်ဆိုင်ရမယ့် မန်စီးတီး

FA ဖလားဗိုလ်လုပွဲကို (၃)ရာသီဆက်တက်ရောက်နိုင်ခဲ့ပြီး ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ရင်ဆိုင်ရမယ့် မန်စီးတီး

မန်စီးတီးအသင်းဟာ မနေ့က ကစားခဲ့တဲ့ FA ဖလားဆီမီးဖိုင်နယ်မှာ နော်တင်ဂမ်ဖောရက်စ်အသင်းကို (၂-၀)ဂိုးနဲ့ အနိုင်ကစားခဲ့ပြီး FAဖလားဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။ မန်စီ