ပထမအကျော့အရှုံးကို မချေဖျက်နိုင်တဲ့ဘိုင်ယန်မြူးနစ်နဲ့ အာဆင်နယ်ကို နှစ်ကျော့စလုံးရှုံးတဲ့ ရီးရဲလ်မက်ဒရစ်

ပထမအကျော့အရှုံးကို မချေဖျက်နိုင်တဲ့ဘိုင်ယန်မြူးနစ်နဲ့ အာဆင်နယ်ကို နှစ်ကျော့စလုံးရှုံးတဲ့ ရီးရဲလ်မက်ဒရစ်

မနေ့ကကစားခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် (ဒုတိယအကျော့)ပွဲစဉ်တွေမှာ ဥရောပအသင်းကြီးနှစ်သင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘိုင်ယန်မြူးနစ်တို့ ပထမအကျော့အရှုံးတွေကို မချေဖျက်နိုင်တာကြောင့် ဒီရာသီချန်ပီယံလိဂ်ပြိုင်ပွဲကို ကွာတားဖိုင်နယ်အဆင့်ကနေပဲ လက်ပြနှုတ်ဆက်ခဲ့ရပါတယ်။

လက်ရှိချန်ပီယံ ရီးရဲလ်မက်ဒရစ်အသင်းက ပထမအကျော့က (၀-၃)ဂိုးအရှုံးကို မချေဖျက်နိုင်ခဲ့တဲ့အပြင် အိမ်ကွင်းမှာ (၁-၂)ဂိုးနဲ့ အာဆင်နယ်အသင်းကို ထပ်အရှုံးပေးခဲ့ရတာကြောင့် ပြိုင်ပွဲက ထိုက်ထိုက်တန်တန် ထွက်ခဲ့ရတယ်လို့ ဆိုရမှာပါ။

ပထမအကျော့တုန်းကလိုပဲ အာဆင်နယ်နောက်တန်းက ရီးရဲလ်မက်ဒရစ်တိုက်စစ်ကို တားဆီးနိုင်ခဲ့လို့ ရီးရဲလ်မက်ဒရစ်ကစားသမားတွေအနေနဲ့ အခွင့်အရေးသိပ်မရခဲ့ဘဲ တစ်ပွဲလုံးမှာ ဂိုးပေါက်တည့်ကန်ချက်(၃)ကြိမ်လောက်သာရှိခဲ့ပါတယ်။

ပွဲချိန်(၁၂)မိနစ်လောက်မှာ အာဆင်နယ်အသင်းပယ်နယ်တီရတာကို ဆာကာကန်သွင်းတာ ရီးရဲလ်ဂိုးသမားကော်တိုအာ ကာကွယ်ပုတ်ထုတ်နိုင်ခဲ့သလို၊ ပွဲချိန်(၂၃)မိနစ်မှာ ဘာပေကိုဆွဲလှဲတယ်ဆိုပြီး ဒိုင်လူကြီးက ပယ်နယ်တီပေးပြီးမှ VAR မော်နီတာကို ကြည့်ပြီး ပြန်ပယ်ဖျက်ခဲ့ပါတယ်။

ပွဲချိန်(၆၅)မိနစ်မှာ ဆာကာက အဖွင့်ဂိုးသွင်းခဲ့ပြီး နောက်(၂)မိနစ်အကြာမှာ ရီးရဲလ်မက်ဒရစ်အတွက် ဗင်နီစီယပ်စ်က အာဆင်နယ်နောက်ခံလူ ဆာလီဘာဆီက ဘောလုံးကို အတင်းဝင်လုပြီး ချေပဂိုးသွင်းခဲ့ပါတယ်။

ပွဲပြီးခါနီး (၉၀+၂)မိနစ်မှာ မာတင်နယ်လီက တန်ပြန်တိုက်စစ်ကနေ အနိုင်ဂိုးသွင်းခဲ့ပြီး လက်ရှိချန်ပီယံအသင်းကို နှစ်ကျော့ပေါင်း(၅-၁)ဂိုးနဲ့ ပြတ်ပြတ်သားသားအနိုင်ယူခဲ့ပါတယ်။

အင်တာမီလန်-ဘိုင်ယန်မြူးနစ်ပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းက ပထမအကျော့(၁-၂)ဂိုးအရှုံးကို ချေပနိုင်ဖို့ ကိန်း၊ မူလာ၊ အိုလီဆေ၊ ဆာနေးအစရှိတဲ့ကစားသမားတွေက ဂိုးရအောင် ဖိဖိစီးစီးကြိုးစားကစားခဲ့ကြပါတယ်။

ပွဲချိန်(၅၂)မိနစ်မှာ ဟာရီကိန်းက ထောင့်ဖြတ်အနိမ့်ဘောကန်သွင်းပြီး ဘိုင်ယန်အတွက် မျှော်လင့်ချက်တွေ တောက်ပလာခဲ့ပေမယ့် ပွဲချိန်(၅၈)မိနစ်နဲ့(၆၁)မိနစ်မှာ အင်တာမီလန်ကို (၃)မိနစ်အတွင်း (၂)ဂိုးပြန်ပေးခဲ့ရတာကြောင့် ဆီမီးဖိုင်နယ်တက်ရောက်ခွင့်က ရေစုန်မျောခဲ့ရပါတယ်။

အင်တာမီလန်တိုက်စစ်မှူးမာတီနက်ဇ်က ဂိုးရှေ့ရှုပ်ရှက်ခတ်နေတဲ့ကြားက ချေပဂိုးကန်သွင်းခဲ့ပြီး ခဏအကြာမှာ နောက်ခံလူပါဗာက ထောင့်ကန်ဘောကဘောလုံးကို ခေါင်းတိုက်သွင်းခဲ့တာပါ။

ပွဲချိန်(၇၆)မိနစ်မှာ ဘိုင်ယန်အတွက် ဒိုင်ယာက ဖြစ်နိုင်ခြေနည်းတဲ့အနေအထားကနေ ခေါင်းတိုက်ချေပဂိုးသွင်းယူပေးခဲ့ပေမယ့် လက်ကျန်မိနစ်တွေမှာ ဘိုင်ယန် ဂိုးမသွင်းနိုင်တော့ဘဲ ပွဲအပြီးမှာ (၂-၂)ဂိုးနဲ့ သရေကျခဲ့ပါတယ်။

ဒါကြောင့် အင်တာမီလန်က ဘိုင်ယန်မြူးနစ်ကို နှစ်ကျော့ပေါင်း(၄-၃)ဂိုးနဲ့ အနိုင်ယူခဲ့ပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။

ဆီမီးဖိုင်နယ်မှာ PSG နဲ့ အာဆင်နယ်၊ ဘာစီလိုနာနဲ့ အင်တာမီလန်တို့ ဆုံတွေ့ကြမှာဖြစ်ပြီး ဧပြီ(၂၉/၃၀)ရက်တွေမှာ ပထမအကျော့၊ မေ(၆/၇)ရက်တွေမှာ ဒုတိယအကျော့ကို ကစားသွားမှာဖြစ်ပါတယ်။

Read more

လက်ရှိဥရောပထိပ်တန်းလိဂ်(၅)ခုမှာ ဂိုးဖန်တီးမှုအများဆုံးနဲ့ မက်ဆီရဲ့စံချိန်ကို လိုက်မီဖို့ (၃)ဂိုးသာလိုတော့တဲ့ယာမားလ်

လက်ရှိဥရောပထိပ်တန်းလိဂ်(၅)ခုမှာ ဂိုးဖန်တီးမှုအများဆုံးနဲ့ မက်ဆီရဲ့စံချိန်ကို လိုက်မီဖို့ (၃)ဂိုးသာလိုတော့တဲ့ယာမားလ်

ဒီရာသီ ဥရောပထိပ်တန်းလိဂ်(၅)ခုမှာ ပြိုင်ပွဲစုံဂိုးဖန်တီးမှုအများဆုံးကစားသမားအဖြစ် ဘာစီလိုနာအသင်းရဲ့အသက်(၁၇)နှစ်အရွယ် လူငယ်ကစားသမား လာမင်းယာမားလ်က ဦးဆောင်နေ

စပိန်ဘုရင့်ဖလားဗိုလ်လုပွဲက ရူဒီဂါရဲ့အပြုအမူက လက်ခံနိုင်စရာမရှိဘူးလို့ ဂျာမနီဘောလုံးအဖွဲ့ချုပ်(DFB) ဝေဖန်

စပိန်ဘုရင့်ဖလားဗိုလ်လုပွဲက ရူဒီဂါရဲ့အပြုအမူက လက်ခံနိုင်စရာမရှိဘူးလို့ ဂျာမနီဘောလုံးအဖွဲ့ချုပ်(DFB) ဝေဖန်

ဘာစီလိုနာအသင်းက ရီးရဲလ်မက်ဒရစ်အသင်းကို (၃-၂)ဂိုးနဲ့အနိုင်ရခဲ့တဲ့ စပိန်ဘုရင့်ဖလားဗိုလ်လုပွဲစဉ်က ဂျာမနီလက်ရွေးစင်အသင်းရဲ့ရီးရဲလ်မက်ဒရစ်အသင်းနောက်ခံလူ ရူဒီ

ရီးရဲလ်မက်ဒရစ်ပရိသတ်တွေရဲ့ ဒေါသတကြီးပြစ်တင်မှုကို ရင်ဆိုင်နေရတဲ့ ဘယ်လင်ဂမ်

ရီးရဲလ်မက်ဒရစ်ပရိသတ်တွေရဲ့ ဒေါသတကြီးပြစ်တင်မှုကို ရင်ဆိုင်နေရတဲ့ ဘယ်လင်ဂမ်

ရီးရဲလ်မက်ဒရစ်ပရိသတ်တွေဟာ အချစ်ကြီးသလို အမုန်းကြီးသူတွေလို့ ပြောရင်မမှားနိုင်ပါဘူး။ အိမ်ကွင်းဘာနေဗျူးကွင်းမှာ မိမိချစ်ခင်နှစ်သက်တဲ့ကစားသမားကို တစ်ကွ

အစ်ကိုဖြစ်သူရဲ့ခြေရာကို နင်းပြီး ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ အကောင်းဆုံးလူငယ်ကစားသမားဆုရခဲ့တဲ့ ဂျုပ်ဘ်ဘယ်လင်ဂမ်

အစ်ကိုဖြစ်သူရဲ့ခြေရာကို နင်းပြီး ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ အကောင်းဆုံးလူငယ်ကစားသမားဆုရခဲ့တဲ့ ဂျုပ်ဘ်ဘယ်လင်ဂမ်

ချန်ပီယံရှစ်၊ လိဂ်ဝမ်း၊ လိဂ်တူးအစရှိတဲ့ အင်္ဂလန်ဘောလုံးလိဂ်(EFL)ပြိုင်ပွဲအသီးသီးရဲ့အကောင်းဆုံးဆုတွေကို မနေ့က ချီးမြှင့်ခဲ့ရာမှာ ချန်ပီယံရှစ်ပြိုင်ပွ