PSG နဲ့ပွဲမှာ ပွဲမထွက်ခဲ့ရတဲ့အတွက် မိမိဒေါသထွက်တယ်လို့ နည်းပြဖြစ်သူထံ အသိပေးခဲ့ကြောင်း ဝက်ကင်စ်ဝန်ခံပြောဆို

PSG နဲ့ပွဲမှာ ပွဲမထွက်ခဲ့ရတဲ့အတွက် မိမိဒေါသထွက်တယ်လို့ နည်းပြဖြစ်သူထံ အသိပေးခဲ့ကြောင်း ဝက်ကင်စ်ဝန်ခံပြောဆို

အက်စတွန်ဗီလာအသင်းက နယူးကာဆယ်အသင်းကို (၄-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အက်စတွန်ဗီလာအသင်းအတွက် (၁)ဂိုးသွင်းပြီး ဂိုးဖန်တီးမှု(၁)ကြိမ်ပြုလုပ်နိုင်ခဲ့တဲ့ တိုက်စစ်မှူးဝက်ကင်စ်က ပြီးခဲ့တဲ့ PSG အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အရန်ခုံပေါ်ထိုင်ရတဲ့အတွက် သူဒေါသထွက်တယ်လို့ နည်းပြအူနိုင်းအမ်မရီထံ အသိပေးခဲ့ကြောင်း ဖွင့်ဟပြောဆိုခဲ့ပါတယ်။

ဝက်ကင်စ်ဟာ ပြီးခဲ့တဲ့ PSG အသင်းနဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်နှစ်ကျော့စလုံးမှာ အက်စတွန်ဗီလာအသင်းအတွက် လူစားဝင်အဖြစ်သာ ပါဝင်ခဲ့ရတာပါ။ ဝက်ကင်စ်ဟာ အက်စတွန်ဗီလာအသင်းရဲ့အဓိကတိုက်စစ်မှူးဖြစ်ပေမယ့် ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ နည်းပြအူနိုင်းအမ်မရီဟာ သူ့ထက် မန်ယူနိုက်တက်အသင်းကနေ အငှားနဲ့ခေါ်ယူထားတဲ့ တိုက်စစ်မှူးရပ်ရှ်ဖိုဒ့်ကို ပွဲထွက်လူစာရင်းထဲ အသုံးပြုခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်တိုက်စစ်မှူးဝက်ကင်စ်ဟာ အက်စတွန်ဗီလာအသင်းအတွက် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အရေးပါတဲ့ နယူးကာဆယ်အသင်းနဲ့ပွဲစဉ်မှာတော့ ပွဲထွက်လူစာရင်းထဲပါဝင်ပြီး ခြေစွမ်းပြသနိုင်ခဲ့တာပါ။

ဝက်ကင်စ်က "PSG အသင်းနဲ့(၂)ပွဲလုံးမှာ မိနစ်(၂၀)ကစားခဲ့ရပါတယ်။ ကျွန်တော်ဟာ ပွဲမကစားခဲ့ရတဲ့အတွက် ဒေါသထွက်တယ်ဆိုတာ လိမ်ပြောနေမှာမဟုတ်ပါဘူး။ ကျွန်တော်ဒါကို နည်းပြအူနိုင်းအမ်မရီကို သိစေခဲ့ပါတယ်။ သူ့ဆုံးဖြတ်ချက်ကို လေးစားပေမယ့် ကျွန်တော်ဟာ အရန်ခုံပေါ်မှာ ထိုင်ရတာကို ပျော်တဲ့ကစားသမားမဟုတ်ပါဘူး။ အရေးပါတဲ့ပွဲတွေမှာ ကျွန်တော် ပွဲထွက်ကစားသမားဖြစ်ချင်တယ်"လို့ Sky Sports မှာ ဆိုခဲ့ပါတယ်။

အသက်(၂၉)နှစ်အရွယ်ရှိ ဝက်ကင်စ်ဟာ ဒီရာသီမှာ အက်စတွန်ဗီလာအသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး(၁၅)ဂိုးသွင်းယူထားပြီး ဘယ်အင်္ဂလိပ်ကစားသမားတွေထက်မဆို ပိုပြီးများပြားနေတာပါ။ နယူးကာဆယ်အသင်းကို အနိုင်ရခဲ့တာကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်(၆)နေရာမှာ ရပ်တည်နေတဲ့ အက်စတွန်ဗီလာအသင်းဟာ လာမယ့်ကြားရက်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Read more

နိုင်ငံဥပဒေကို AI နဲ့ ရေးသားခဲ့တဲ့ ကမ္ဘာ့ပထမဆုံးနိုင်ငံ

နိုင်ငံဥပဒေကို AI နဲ့ ရေးသားခဲ့တဲ့ ကမ္ဘာ့ပထမဆုံးနိုင်ငံ

ဒီသတင်းက ဧပြီ ၂၂ တည်းကမို့ နည်းနည်းကြာပြီဆိုတော့ သိပြီးတဲ့သူတွေတောင်ရှိလောက်ပါတယ်။ UAE အစိုးရကနေ နိုင်ငံရဲ့ ဥပဒေနဲ့ပတ်သက်ပြီး ဥပဒေအသစ်တွေရေးသားခြင်းနဲ့ ပြုပြင်ပြောင်းလဲ

US မှာ AI နည်းပညာအတွက် Supercomputer များတည်ဆောက်မည့် NVIDIA

US မှာ AI နည်းပညာအတွက် Supercomputer များတည်ဆောက်မည့် NVIDIA

NVIDIA သည် အမေရိကန်ပြည်ထောင်စုအတွင်း၌ AI supercomputers များကို ပထမဆုံးအကြိမ်အဖြစ် တည်ဆောက်မည်ဖြစ်ကြောင်း ကြေညာထားသည်။ ၎င်းစီမံကိန်းတွင် TSMC၊ Foxconn၊ Wistron၊ Amkor နှင့် SPIL တို့နှင့

ဘာသာရေးအရ အရက်သေစာရှောင်တဲ့ဆာလာကိုပရီးမီးယားလိဂ်ချန်ပီယံအဖြစ် အောင်ပွဲခံချိန်မှာနူနက်ဇ် ဘီယာနဲ့လောင်းခဲ့

ဘာသာရေးအရ အရက်သေစာရှောင်တဲ့ဆာလာကိုပရီးမီးယားလိဂ်ချန်ပီယံအဖြစ် အောင်ပွဲခံချိန်မှာနူနက်ဇ် ဘီယာနဲ့လောင်းခဲ့

လီဗာပူးလ်အသင်းက စပါးအသင်းကို (၅-၁)ဂိုးနဲ့ အနိုင်ရပြီး ၂၀၂၄-၂၅ ရာသီပရီးမီးယားလိဂ်ချန်ပီယံအဖြစ်‌အောင်ပွဲခံချိန်မှာ ဥရုဂွေးတိုက်စစ်မှူးဒါဝင်နူနက်ဇ်ဟာ အီဂျ

Man City (2 -0) Nottingham Forest    FA Cup (Semi Final)  Highlight

Man City (2 -0) Nottingham Forest FA Cup (Semi Final) Highlight

0:00 /0:34 1× ■ Video - မနေ့ကကစားခဲ့တဲ့ FA ဖလားဆီမီးဖိုင်နယ် မန်စီးတီး(၂-၀)နော်တင်ဂမ်ဖောရက်စ်ပွဲမှာ မန်စီးတီးအသင်းအတွက် ပွဲအစ(၂)မိနစ်မှာ ရီကိုလူးဝစ်သွင်းယူခဲ့တဲ