ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဖာဂူဆန်ကိုင်တွယ်စဉ်အချိန်ကထက် ရှုံးပွဲအရေအတွက်ပိုများလာတဲ့ မန်ယူနိုက်တက်

ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဖာဂူဆန်ကိုင်တွယ်စဉ်အချိန်ကထက် ရှုံးပွဲအရေအတွက်ပိုများလာတဲ့ မန်ယူနိုက်တက်

မန်ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ် နယူးကာဆယ်(၄-၁)မန်ယူနိုက်တက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီးနောက် ဖာဂူဆန်ခေတ်လွန်ကာလ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ရှုံးပွဲ(၁၁၅)ပွဲအထိရှိလာပါတယ်။

နည်းပြကြီးဖာဂူဆန်အနားယူခဲ့တဲ့ ၂၀၁၂-၁၃ ရာသီနောက်ပိုင်း မန်ယူနိုက်တက်အသင်းဟာ (၁၂)ရာသီအတွင်း ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ရှုံးပွဲ(၁၁၅)ပွဲအထိရှိခဲ့တာဖြစ်ပြီး အသင်းကို ဖာဂူဆန်ကိုင်တွယ်စဉ်က ရှုံးပွဲအရေအတွက်ထက် ပိုမိုများပြားနေပါတယ်။

မန်ယူနိုက်တက်အသင်းကို ဖာဂူဆန်ကိုင်တွယ်စဉ်က ပရီးမီးယားလိဂ်ပွဲ(၈၁၀)မှာနိုင်ပွဲ(၅၂၈)ပွဲ၊ သရေပွဲ(၁၆၈)ပွဲ၊ ရှုံးပွဲ(၁၁၄)ပွဲ ရှိခဲ့တာဖြစ်ပြီး ဖာဂူဆန်ခေတ်လွန်ကာလမှာ ပွဲ(၄၅၀)မှာပဲ (၁၁၅)ပွဲရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ဖာဂူဆန်ခေတ်လွန် မန်ယူနိုက်တက်အသင်းအနေနဲ့ ဖာဂူဆန်လက်ထက်ကထက် ပွဲ(၃၆၀)ပွဲအထိ လျော့နည်းပေမယ့် ရှုံးပွဲအရေအတွက်မှာ ပိုများနေတာဖြစ်ပါတယ်။

မန်ယူနိုက်တက်အသင်းကို နယူးကာဆယ်က (၄)ဂိုးအထိသွင်းယူနိုင်တာလည်း ပရီးမီးယားလိဂ်သက်တမ်းတစ်လျှောက် ၂၀၀၁ ခုနှစ်နောက်ပိုင်း ဂိုးအများဆုံးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်က ဒီနှစ်သင်းတွေ့တဲ့ပွဲမှာ နယူးကာဆယ်အသင်းက (၄-၃)ဂိုးနဲ့အနိုင်ရခဲ့ပြီး ဒီပွဲနောက်ပိုင်း ဂိုးအများဆုံးသွင်းယူနိုင်တာဖြစ်ပါတယ်။

ဒီပွဲမှာ နယူးကာဆယ်တောင်ပံကစားသမားဟာဗေးဘန်းစ်ဟာ ပွဲချိန်(၄၉)မိနစ်နဲ့ (၆၄)မိနစ်တွေမှာ အသင်းအတွက် အနိုင်ဂိုး(၂)ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဟာဗေးဘန်းစ်အနေနဲ့ ၂၀၀၀ ခုနှစ်က မန်ယူနိုက်တက်အသင်းဘက်ကို ပရီးမီးယားလိဂ်ဂိုး(၂)ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဂန္ထဝင်တိုက်စစ်မှူးဟောင်းအလန်ရှီးယားအပြီး ဒီလိုစွမ်းဆောင်နိုင်တဲ့ ပထမဆုံးနယူးကာဆယ်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Read more

အုပ်စုအဆင့်ထိပ်ဆုံးအသင်းတွေသာ လွဲချော်ပြီး အဆင့်(၂၊ ၃၊ ၄)အသင်းတွေ မလွဲခဲ့တဲ့ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်

အုပ်စုအဆင့်ထိပ်ဆုံးအသင်းတွေသာ လွဲချော်ပြီး အဆင့်(၂၊ ၃၊ ၄)အသင်းတွေ မလွဲခဲ့တဲ့ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်

ဒီရာသီချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်လာခဲ့တဲ့အသင်း(၈)သင်း (ပြိုင်ပွဲတစ်ခု ၄ သင်းစီ)ကို ပြန်လေ့လာကြည့်မယ်ဆိုရင် အုပ်စု

ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် လီဗာပူးလ်အသင်းနဲ့ နည်းပြအာနီဆလော့ကို ကလောပ့်ဂုဏ်ပြု

ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် လီဗာပူးလ်အသင်းနဲ့ နည်းပြအာနီဆလော့ကို ကလောပ့်ဂုဏ်ပြု

လီဗာပူးလ်အသင်းနည်းပြဟောင်း ကလောပ့်က ၂၀၂၄-၂၅ ရာသီပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ သူ့ရဲ့အသင်းဟောင်း လီဗာပူးလ်အသင်းနဲ့ သူ့ရဲ့နေရာမှာဆက်ခံခဲ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ချန်ပီယံလိဂ်(ဆီမီးဖိုင်နယ်) ပထမအကျော့ အာဆင်နယ် - PSG (30 April 2025/ 1:30 am) ဒီရာသီမှာ အာဆင်နယ်က ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ ဒုတိယအသင်း၊ PSG က ပြင်သစ်လိ

လက်ရှိဥရောပထိပ်တန်းလိဂ်(၅)ခုမှာ ဂိုးဖန်တီးမှုအများဆုံးနဲ့ မက်ဆီရဲ့စံချိန်ကို လိုက်မီဖို့ (၃)ဂိုးသာလိုတော့တဲ့ယာမားလ်

လက်ရှိဥရောပထိပ်တန်းလိဂ်(၅)ခုမှာ ဂိုးဖန်တီးမှုအများဆုံးနဲ့ မက်ဆီရဲ့စံချိန်ကို လိုက်မီဖို့ (၃)ဂိုးသာလိုတော့တဲ့ယာမားလ်

ဒီရာသီ ဥရောပထိပ်တန်းလိဂ်(၅)ခုမှာ ပြိုင်ပွဲစုံဂိုးဖန်တီးမှုအများဆုံးကစားသမားအဖြစ် ဘာစီလိုနာအသင်းရဲ့အသက်(၁၇)နှစ်အရွယ် လူငယ်ကစားသမား လာမင်းယာမားလ်က ဦးဆောင်နေ