ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် လီဗာပူးလ်အသင်းနဲ့ နည်းပြအာနီဆလော့ကို ကလောပ့်ဂုဏ်ပြု

ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် လီဗာပူးလ်အသင်းနဲ့ နည်းပြအာနီဆလော့ကို ကလောပ့်ဂုဏ်ပြု

လီဗာပူးလ်အသင်းနည်းပြဟောင်း ကလောပ့်က ၂၀၂၄-၂၅ ရာသီပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ သူ့ရဲ့အသင်းဟောင်း လီဗာပူးလ်အသင်းနဲ့ သူ့ရဲ့နေရာမှာဆက်ခံခဲ့တဲ့ နည်းပြအာနီဆလော့တို့ကို ဂုဏ်ပြုခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ပွဲစဉ်မှာ စပါးအသင်းကို (၅-၁)ဂိုးနဲ့ ဂိုးပြတ်အနိုင်ရပြီး ရာသီမကုန်မီ(၄)ပွဲအလိုမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။

ပြီးခဲ့တဲ့နွေရာသီကမှ နည်းပြဟောင်း ကလောပ့်ရဲ့နေရာမှာအစားထိုးဝင်ရောက်ပြီး လီဗာပူးလ်အသင်းကို နည်းပြသစ်အဖြစ်ကိုင်တွယ်ခဲ့တဲ့ ဒတ်ချ်လူမျိုးနည်းပြအာနီဆလော့ဟာ သူပထမဆုံးကိုင်တွယ်တဲ့ရာသီမှာတင် အသင်းကို ပရီးမီးယားလိဂ်ဖလားရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဂျာမန်လူမျိုးနည်းပြ ကလောပ့်ဟာ လီဗာပူးလ်အသင်းရဲ့ပရီးမီးယားလိဂ်ချန်ပီယံဆုအောင်ပွဲအတွက် သူ့ရဲ့ဆိုရှယ်မီဒီယာ Instagram မှာဂုဏ်ပြုရေးသားခဲ့ပါတယ်။

ကလော့ပ်က "အတိတ်အတွက် အလွန်ကျေးဇူးတင်တယ်၊ပစ္စုပ္ပန်အတွက် အလွန်ပျော်တယ်၊ အနာဂတ်အတွက် အလွန်အပြုသဘောဆောင်တယ်။ ဂုဏ်ယူပါတယ်၊ YNWA၊ ကျေးဇူးတင်ပါတယ် လီဗာပူးလ်"လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် လီဗာပူးလ်အသင်းအောင်ပွဲခံချိန်ကွင်းထဲမှာ နည်းပြအာနီဆလော့ဟာ ကလောပ့်ရဲ့နာမည်ကို သီဆိုမှုပြုလုပ်ခဲ့ပါတယ်။ ကလောပ့်ဟာ လီဗာပူးလ်အသင်းကို ၂၀၁၅ ကနေ ၂၀၂၄ ခုနှစ်အထိ (၉)နှစ်ကိုင်တွယ်ခဲ့ပြီး ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်အပါအဝင် ဆုဖလားအောင်မြင်မှုအများအပြားရယူပေးနိုင်ခဲ့ပါတယ်။

Read more

အုပ်စုအဆင့်ထိပ်ဆုံးအသင်းတွေသာ လွဲချော်ပြီး အဆင့်(၂၊ ၃၊ ၄)အသင်းတွေ မလွဲခဲ့တဲ့ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်

အုပ်စုအဆင့်ထိပ်ဆုံးအသင်းတွေသာ လွဲချော်ပြီး အဆင့်(၂၊ ၃၊ ၄)အသင်းတွေ မလွဲခဲ့တဲ့ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်

ဒီရာသီချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်လာခဲ့တဲ့အသင်း(၈)သင်း (ပြိုင်ပွဲတစ်ခု ၄ သင်းစီ)ကို ပြန်လေ့လာကြည့်မယ်ဆိုရင် အုပ်စု

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ချန်ပီယံလိဂ်(ဆီမီးဖိုင်နယ်) ပထမအကျော့ အာဆင်နယ် - PSG (30 April 2025/ 1:30 am) ဒီရာသီမှာ အာဆင်နယ်က ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ ဒုတိယအသင်း၊ PSG က ပြင်သစ်လိ

လက်ရှိဥရောပထိပ်တန်းလိဂ်(၅)ခုမှာ ဂိုးဖန်တီးမှုအများဆုံးနဲ့ မက်ဆီရဲ့စံချိန်ကို လိုက်မီဖို့ (၃)ဂိုးသာလိုတော့တဲ့ယာမားလ်

လက်ရှိဥရောပထိပ်တန်းလိဂ်(၅)ခုမှာ ဂိုးဖန်တီးမှုအများဆုံးနဲ့ မက်ဆီရဲ့စံချိန်ကို လိုက်မီဖို့ (၃)ဂိုးသာလိုတော့တဲ့ယာမားလ်

ဒီရာသီ ဥရောပထိပ်တန်းလိဂ်(၅)ခုမှာ ပြိုင်ပွဲစုံဂိုးဖန်တီးမှုအများဆုံးကစားသမားအဖြစ် ဘာစီလိုနာအသင်းရဲ့အသက်(၁၇)နှစ်အရွယ် လူငယ်ကစားသမား လာမင်းယာမားလ်က ဦးဆောင်နေ

စပိန်ဘုရင့်ဖလားဗိုလ်လုပွဲက ရူဒီဂါရဲ့အပြုအမူက လက်ခံနိုင်စရာမရှိဘူးလို့ ဂျာမနီဘောလုံးအဖွဲ့ချုပ်(DFB) ဝေဖန်

စပိန်ဘုရင့်ဖလားဗိုလ်လုပွဲက ရူဒီဂါရဲ့အပြုအမူက လက်ခံနိုင်စရာမရှိဘူးလို့ ဂျာမနီဘောလုံးအဖွဲ့ချုပ်(DFB) ဝေဖန်

ဘာစီလိုနာအသင်းက ရီးရဲလ်မက်ဒရစ်အသင်းကို (၃-၂)ဂိုးနဲ့အနိုင်ရခဲ့တဲ့ စပိန်ဘုရင့်ဖလားဗိုလ်လုပွဲစဉ်က ဂျာမနီလက်ရွေးစင်အသင်းရဲ့ရီးရဲလ်မက်ဒရစ်အသင်းနောက်ခံလူ ရူဒီ