အလုံးရေ ၂ သောင်းပဲထုတ်သွားမယ့် POCO X7 Pro Iron Man edition

အလုံးရေ ၂ သောင်းပဲထုတ်သွားမယ့် POCO X7 Pro Iron Man edition

Iron Man fan တွေ အကြိုက်ပဲ။​ အရောင်ကိုကအစ စိုရဲတောက်နေတာ တော်တော်လှတယ်လို့တောင်ပြောရမှာပါ။ Turbo 4 ဝယ်မလား POCO X& Pro (Iron Man edition) ဝယ်မလားပေါ့လေ။ ဒါပေမဲ့ အကြိုက်တွေကလည်း တူနေဦးမှ။

ထားပါတော့။ REDMI ကနေ Turbo 4 ကို မိတ်ဆက်ပြီးရက်ပိုင်းအတွင်းမှာပဲ Global Version ဖြစ်တဲ့ POCO X7 Pro ကို ထပ်မိတ်ဆက်လာပါတယ်။ Iron Man edition ကိုတော့ 12GB Ram/ Stoarge 512GB တစ်မျိုးတည်း ထုတ်ထားပါတယ်။ Spec: တွေကတော့ Turbo 4 နဲ့တူတူပါပဲ။ 6.67” 120Hz AMOLED, Dimensity 8400-Ultra SoC, IP68 Rating,  90W Fast Charge နဲ့ ဘတ္ထရီကတော့ 6650mAh ဖြစ်သွားပါမယ်။ 

ဒီ Iron Man Edition မှာဆိုရင် Packaging ကအစ ပြောင်းသွားမယ်။ ကျောဘက်က Iron Helmet ပုံစံနဲ့လာမယ်။ Customize UI သုံးနိုင်မယ်။ Charger ကြိုးအနီရောင်, SIM Pin ကို ဒီဇိုင်းလုပ်ထားတာလည်း ရှယ်ပဲ။ Phone Case မှာ Tony Stark ရဲ့ လက်မှတ်ပါတယ်လို့တောင် ဆိုပါတယ်။ ဟုတ်မဟုတ်တော့မသိ။ YouTube မှာ POCO X& Pro Iron Man Edition ရဲ့ Unboxing video တွေကိုသာ မျက်မြင်ရှာကြည့်လိုက်ပါ။ တော်တော်မိုက်တာကို တွေ့ရပါမယ်။ 

အလုံးရေ ၂၀ တည်းသာရောင်းချသွားမယ်လို့ ဖော်ပြထားတယ်။ ဒေါ်လာ 399 ကျသင့်မယ်။ Early Bird တွေအတွက်ဆိုရင် ဒေါ်လာ 369 ပဲ ကျပါမယ်တဲ့။ ဇန်နဝါရီ ၉ ရက်နေ့မှာ စတင်ရောင်းချနေပါပြီ။ 

Read more

လေပေါ်ပျံသန်းနိုင်မယ့် ကမ္ဘာ့ပထမဆုံးမော်တော်ဆိုင်ကယ်

လေပေါ်ပျံသန်းနိုင်မယ့် ကမ္ဘာ့ပထမဆုံးမော်တော်ဆိုင်ကယ်

ဒီနှစ်ရဲ့ CES 2025 မှာ မိတ်ဆက်လာတဲ့ ပစ္စည်းတော်တော်များများက ရှယ်တွေပါပဲ။ တစ်ခုပဲ ဈေးကွက်ထဲ ရောက်မရောက်မသေချာတာရယ် ရောက်ဖို့ အချိန်ကြာဦးမှာရယ်က လွ

တစ်ကိုယ်တည်း နေတတ်ခြင်းအကြောင်း

တစ်ကိုယ်တည်း နေတတ်ခြင်းအကြောင်း

မနက်ခင်းရဲ့ နေရောင်ခြည်အောက်မှာ တစ်ယောက်တည်း လမ်းလျှောက်နေမိတယ်။ လမ်းဘေးက သစ်ရွက်တွေပေါ်မှာ နေရောင်ခြည်က ဝင်းဝင်းလက်လက် ကျနေတယ်။ ဒီအချိန်မှာ စိတ်ထဲ

အမြင်အာရုံချို့တဲ့သူတွေအတွက် ခေါင်းစွပ်မျက်မှန်

အမြင်အာရုံချို့တဲ့သူတွေအတွက် ခေါင်းစွပ်မျက်မှန်

Australia Melbourne မြို့မှာရှိတဲ့ Monash တက္ကသိုလ်ရဲ့ သုတေသီများက အမြင်အာရုံဆုံးရှုံးသူများရဲ့ အမြင်အာရုံကို သာမန်သူများနီးပါးကောင်းမွန်စွာခံစားနိုင်မယ့် ကမ္ဘာ့ပထမဆုံးသေ

Atomic Habits ဆိုတဲ့ စာအုပ်ထဲက မှတ်သားစရာ အချက်တွေ

Atomic Habits ဆိုတဲ့ စာအုပ်ထဲက မှတ်သားစရာ အချက်တွေ

ဂျိမ်းစ် ကလီးယား ရေးသားထားတဲ့ ဒီစာအုပ်လေးဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ အလေ့အထကောင်းတွေ ဘယ်လိုတည်ဆောက်မလဲ၊ အလေ့အထဆိုးတွေကို ဘယ်လိုဖျက်သိမ်းမလဲဆိုတာကို လက်တွေ့ကျ