မကြာသေးမီက podcast တစ်ခုတွင်နည်းပညာဘီလျံနာ Bill Gates က သူ၏များပြားသောချမ်းသာကြွယ်ဝမှုများထဲမှ 1% သာ သားသမီးများထံ ချန်ထားခဲ့ရန် စီစဉ်နေကြောင်းထုတ်ဖော်ပြောကြားခဲ့သည်။

Gatesက သူတို့ဟာ သူတို့ရဲ့ကိုယ်ပိုင်နည်းလမ်းနဲ့ ရှာဖွေပြီး အောင်မြင်မှုတွေကို ကိုကိုယ်တိုင်တည်ဆောက်သင့်တယ်လို့ပြောကြားခဲ့သည်။

ရာခိုင်နှုန်းနည်းသော်လည်း အမွေဆက်ခံရန်ပမာဏကတော့ ဒေါ်လာဘီလီယံနှင့်ချီရှိနေသေးသည်။

Gates က သူ့သားသမီးတွေကို သူတို့ရဲ့ကိုယ်ပိုင်အိမ်မက်တွေနောက်ကို လျှောက်လှမ်းစေချင်ပြီး မိဘ​၏ချမ်းသာမှုအပေါ် မမှီခိုရန်ပြောကြားခဲ့ပါတယ်။

သူ၏ ဆုံးဖြတ်ချက်သည် ပရဟိတလုပ်ငန်းအပေါ် သူ၏ ခိုင်မာသော ယုံကြည်ချက်၊စေတနာနှင့် ကိုယ်တိုင်ကြိုးစား၍ရသော အောင်မြင်မှုတန်ဖိုးကို ထင်ဟပ်စေသည်။