ဖုန်းနဲ့ချိတ်ပြီး ပန်ကာတောင်ဖွင့်လို့ရမယ်ဆိုတဲ့ Redmi Turbo 4 Pro
ဒီဖုန်းက နက်ဖန် ဧပြီ 24 မှာ မိတ်ဆက်သွားမှာပါ။ သူ့မှာ 7550mAh Battery တောင်ပါမယ့်အပြင်ကို Reverse Charge က 22.5W အထိရဦးမယ်။ သူတို့ပြထားပုံအရဆို ဖုန်းအားပြန်သွင်းလို့ရတာတွေ ပန်ကာတွေလည်း ချိတ်ပြီးဖွင့်တာတွေအထိ ရမယ့်ပုံပါပဲ။
Xiaomi ဘက်က ဖော်ပြလာတဲ့ Spec; တွေအရဆို Screen Size 6.83” နဲ့ 1.5K LTPS flat screen, 50MP Dual Camera, 7550mah Battery, 90W Fast Charge နဲ့ Snapdragon 8s Gen 4 Chips သုံးထားမယ်။ ဘတ်ထရီပမာဏများတယ်ဆိုပေမဲ့ ဖုန်းအထူက 7.89mm ပဲ ရှိမယ်လို့တော့ ဆိုထားတယ်။
ဆိုတော့ Spec: တွေက အားရစရာပါပဲ။ ဒီ့ထက်ပိုပြီးအတိအကျကိုတော့ နက်ဖြန်သိရမှာမို့ စောင့်ကြည့်ကြတာပေါ့။ လောလောဆယ်တော့ တော်တော်လေးကို လူပြောများနေတာ အမှန်ပါပဲ။ အခရာပရိတ်သတ်ထဲမှာလည်း မျှော်နေတဲ့သူတွေများမယ်လို့လည်း ထင်ပါတယ်...