ဖလားဗိုလ်လုပွဲတွေမှာ ရှုံးပွဲမရှိဘဲ ချန်ပီယံဆုဖလား(၇)ခုဆက်တိုက် ဆွတ်ခူးနိုင်ခဲ့တဲ့ ဟန်ဆီဖလစ်

ဖလားဗိုလ်လုပွဲတွေမှာ ရှုံးပွဲမရှိဘဲ ချန်ပီယံဆုဖလား(၇)ခုဆက်တိုက် ဆွတ်ခူးနိုင်ခဲ့တဲ့ ဟန်ဆီဖလစ်

ဘာစီလိုနာအသင်းနည်းပြဟန်ဆီဖလစ်ဟာ ဖလားဗိုလ်လုပွဲတွေ ယှဉ်ပြိုင်ရင် ဘယ်တော့မှ မရှုံးတဲ့သူရဲ့မှတ်တမ်းကောင်းကို စပိန်ဘုရင့်ဖလားဗိုလ်လုပွဲမှာ ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်အသင်းကို (၃-၂)ဂိုးရလဒ်နဲ့အနိုင်ယူကာ ချန်ပီယံဆုဖလားရယူခဲ့ပါတယ်။

ဟန်ဆီဖလစ်ဟာသူ့ရဲ့နည်းပြဘ၀မှာ ဖလားဗိုလ်လုပွဲ(၇)ကြိမ်နွှဲခဲ့ဖူးပြီး ဒီ(၇)ကြိမ်စလုံး သူကိုင်တွယ်တဲ့အသင်းတွေက ချန်ပီယံဆုတွေ ဆွတ်ခူးနိုင်ခဲ့တာပါ။

ဟန်ဆီဖလစ်ဟာ အရင်ဘိုင်ယန်မြူးနစ်အသင်းကိုကိုင်တွယ်စဉ်က ၂၀၂၀ ပိုကယ်ဖလားဗိုလ်လုပွဲမှာ လေဗာကူဆင်အသင်းကို အနိုင်ရဗိုလ်စွဲခဲ့ပြီး၊ ၂၀၂၀ ဂျာမန်စူပါဖလားဗိုလ်လုပွဲမှာ ဒေါ့မွန်အသင်းကို အနိုင်ယူပြီး ဆုဖလားရယူခဲ့ပါတယ်။

၂၀၂၀ ချန်ပီယံလိဂ်ဖလားဗိုလ်လုပွဲမှာတော့ ပြင်သစ်ကလပ် PSG အသင်းကို အနိုင်ရဗိုလ်စွဲခဲ့ပြီး အဲဒီနှစ်အတွင်းကစားခဲ့တဲ့ ၂၀၂၀ ဥရောပစူပါဖလားလုပွဲမှာ ယူရိုပါလိဂ်ချန်ပီယံဆီဗီလာအသင်းကို အနိုင်ယူပြီး ဖလားရယူခဲ့ပါတယ်။

ဥရောပချန်ပီယံအသင်းအဖြစ် နှစ်ကုန်ပိုင်းမှာ ပါဝင်ယှဉ်ပြိုင်တဲ့ ၂၀၂၀ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာ မက္ကဆီကိုကလပ် တီဂရက်စ်အသင်းကို သူ့ရဲ့ ဘိုင်ယန်မြူးနစ်အသင်းက အနိုင်ယူပြီး ချန်ပီယံဆုဆွတ်ခူးခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းကို ယှဉ်ပြိုင်ခဲ့သမျှ ဖလားဗိုလ်လုပွဲတိုင်းမှာ အနိုင်ရအောင် လမ်းညွှန်ပေးခဲ့ပြီး ချန်ပီယံဆုဖလားပေါင်းစုံရယူပေးနိုင်ခဲ့တဲ့ ဟန်ဆီဖလစ်ဟာ ဘာစီလိုနာအသင်းနဲ့ ပထမဆုံးရာသီမှာပဲ ပြည်တွင်းဖလား(၂)လုံးကို ဗိုလ်လုပွဲအထိတက်ရောက်နိုင်ပြီး ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်း ဒီရာသီရရှိခဲ့တဲ့ စပိန်စူပါဖလား၊ စပိန်ဘုရင့်ဖလားတွေက ဗိုလ်လုပွဲမှာ မဟာပြိုင်ဘက် ရီးရဲလ်မက်ဒရစ်အသင်းကို အနိုင်ယူခဲ့ပြီးမှ ဗိုလ်စွဲခဲ့တာဖြစ်လို့ ဖလားရတာရော၊ ပြိုင်ဘက်အသင်းကို အနိုင်ရတာပါပေါင်းပြီး ဘာစီလိုနာအသင်းအတွက် အချိုပေါ်သကာဆင့်သလို ဖြစ်စေခဲ့ပါတယ်။

နည်းပြဟန်ဆီဖလစ်အတွက်လည်း သူ့ရဲ့နည်းပြဘ၀မှာ ဖလားဗိုလ်လုပွဲ(၇)ကြိမ်ယှဉ်ပြိုင်ရာမှာ (၇)ကြိမ်စလုံးရာနှုန်းပြည့်အနိုင်ရဗိုလ်စွဲခဲ့တဲ့ မှတ်တမ်းကောင်းကို ပိုင်ဆိုင်နိုင်ခဲ့ပြီး ဒီမှတ်တမ်းကို ဘယ်လောက်အထိ ဆက်ပြီးထိန်းသိမ်းနိုင်မလဲဆိုတာ ကြည့်ရမှာပါ။

Read more

ဒီနေ့ရဲ့သတင်းအတိုအထွာများ စုစည်းမှု

ဒီနေ့ရဲ့သတင်းအတိုအထွာများ စုစည်းမှု

■ ဘာစီလိုနာအသင်းဟာ တိုက်စစ်မှူးလီဝန်ဒေါစကီးရဲ့နေရာမှာအစားထိုးဖို့အတွက် အာဂျင်တီးနားတိုက်စစ်မှူး အယ်လ်ဗားရက်ဇ်ကို အက်သလက်တီကိုမက်ဒရစ်အသင်းကနေ အံ့အားသင့်ဖွ

ဘိုင်ယန်မြူးနစ်အသင်း ဘွန်ဒစ်လီဂါဖလားရယူနိုင်မယ့်ပွဲကို ဟာရီကိန်းပွဲပယ်ကြောင့် လွဲချော်

ဘိုင်ယန်မြူးနစ်အသင်း ဘွန်ဒစ်လီဂါဖလားရယူနိုင်မယ့်ပွဲကို ဟာရီကိန်းပွဲပယ်ကြောင့် လွဲချော်

ဘိုင်ယန်မြူးနစ်အသင်းက မိန့်ဇ်အသင်းကို (၃-ဝ)ဂိုးနဲ့အနိုင်ရခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ အဝါကတ်ပြခံခဲ့ရတဲ့ အင်္ဂလန်တိုက်စစ်မှူးဟာရီကိန်းဟာ ဘိုင်ယန်မြူးနစ်အသင်

Copa del Rey ဆုပေးပွဲမှာ စပိန်ဘုရင်ကို မလေးမစားပြုမူခဲ့တယ်လို့ စွပ်စွဲခံနေရတဲ့ လာမင်းယာမားလ်

Copa del Rey ဆုပေးပွဲမှာ စပိန်ဘုရင်ကို မလေးမစားပြုမူခဲ့တယ်လို့ စွပ်စွဲခံနေရတဲ့ လာမင်းယာမားလ်

စပိန်ဘုရင့်ဖလားဗိုလ်လုပွဲက ပွဲမတိုင်ခင် စပိန်ဒိုင်လူကြီးတွေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ရုပ်သံမီဒီယာတိုက်ပွဲ၊ ပွဲချိန်အတွင်း ရီးရဲလ်ကစားသမားတွေနဲ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဘုန်းမောက် - မန်ယူနိုက်တက် (ပရီးမီးယားလိဂ်) (27 April 2025/ 7:30 pm) လက်ရှိပရီးမီးယားလိဂ်ရပ်တည်မှုမှာ ဘုန်းမောက်က မန်ယူနိုက်တက်ထက် ရမှတ်(၁၁)မှတ်အသာ (၄၉)မှတ်