အပျင်းပြေဆော့ဖို့ စိတ်ဝင်စားစရာ Offline Mini Game များ

ပိတ်ရက်အရှည်ကြီးရပြီဆိုတော့ အိမ်မှာနေရင်းဖြစ်ဖြစ် ခရီးသွားရင်း ကားပေါ်မှာဖြစ်ဖြစ် ပေါ့ပေါ့ပါးပါးဆော့လို့ရမယ့် Offline Mini game လေးတွေကို sharing လုပ်ပေးလိုက်ပါတယ်။

1. An Elmwood Tail : စုံထောက်ဂိမ်းပုံစံမျိုးပါ။ ပဟေဠိတွေပါလို့ ခေါင်းတော့ နည်းနည်းသုံးရမယ့်အပြင် E-skill နည်းနည်းရှိဖို့လည်း လိုပါမယ်။ ဂိမ်းပုံစံက ဖုန်းထဲမှာတင် သုံးနေရသလိုမျိုး စာတိုတွေ အပြန်အလှန်ပို့တာမျိုးနဲ့တင် စပါတယ်။ အစပိုင်းမှာ အနည်းငယ်ပျင်းစရာကောင်းတယ်ထင်ပေမဲ့ တဖြေးဖြေးစိတ်ဝင်စားလာဖို့ ကောင်းလာတာမို့ ဆော့ကြည့်ပါ။

2. Shawarma Legend : Shawarma (ဒူဘိုင်းအသားလိပ်) ရောင်းတဲ့ဂိမ်းပါ။ ကိုယ်က ဆိုင်ရှင်ဖြစ်ပြီး cooking ဂိမ်းပုံစံမျိုးပါ။ Shawarma ကို Customer တွေလိုချင်တဲ့ပုံစံအတိုင်း အဆင့်ဆင့်ဖန်တီးချက်ပြုတ်ရတာပါ။ cooking ဂိမ်းတွေထုံးစံအတိုင်း customer တွေရဲ့ စိတ်မရှည်မှုကိုတော့ တွေ့မြင်ရမှာပါ။

3. Tiny Coffee Story : အသက်ကြီးလာရင် ကလောမှာ ကော်ဖီဆိုင်ဖွင့်မယ်လို့ ရည်ရွယ်ထားသူတွေ ဆော့သင့်တဲ့ဂိမ်းပါ။ ကိုယ်ပိုင်ကော်ဖီဆိုင်လေးလို့ စိတ်ကူးယဉ်ပြီး ကိုယ်တိုင်ကော်ဖီတွေဖျော်ကြည့်ပြီး ရောင်းပါ။

4. Airplane Cooking : နောက်ထပ် Cooking ဂိမ်းပါ။ ဒီတစ်ခုကတော့ ထူးထူးခြားခြားအနေနဲ့ လေယာဉ်မယ်လေးပုံစံနဲ့ လေယာဉ်ပေါ်မှာ ဆော့ရမယ့်ဂိမ်းပါ။ အစားအသောက်တွေကို အရင်ပြင်ဆင်ပြီး ခရီးသည်တွေ လိုချင်တဲ့အစားအသောက်တွေကို ပို့ပေးရမှာပါ။

5. Cozy Forest : ဂိမ်း Interface လေးက တော်တော်ကို မျက်စိပသာဒရှိပြီး ချစ်စရာတကယ်ကောင်းပါတယ်။ သစ်တောလေးထဲမှာ တိရစ္စာန်လေးတွေနဲ့အတူနေထိုင်ရင်း ပရိဘောဂလေးနဲ့ ကိုယ်ပိုင်ကမ္ဘာလေးတစ်ခု ဖန်တီးရမှာပါ။

6. Granny : Horror Survival ဂိမ်းပါ။ လိုအပ်တဲ့ ပစ္စည်းတွေရှာပြီး အိမ်ထဲကနေ ထွက်ပြေးရမှာပါ။ ပစ္စည်းတွေရှာနေရင်း လူသတ်သမားဆီကလည်း လွတ်အောင်ပြေးနေရဦးမှပါ။ တော်တော်လေးကောင်းပါတယ်။ ကျွန်တော်လည်း ကြိုက်လို့ပါ။

7. The Baby in Yellow : သူလည်း Horror ဂိမ်းပါပဲ။ ကလေးထိန်းပေးရတဲ့ ဂိမ်းဖြစ်ပြီး ကလေးရဲ့ မူမမှန်တဲ့ပုံစံတွေကို တွေ့မြင်ရင်း အတူဖြတ်သန်းရတဲ့ ပုံစံမျိူးပါ။ ကျွန်တော်ကတော့ ထိန်းရတဲ့ ကလေးပုံစံနဲ့တင် လန့်ပါတယ်။

အင်တာနက်မရှိလဲ ဆော့လို့ရတဲ့ ဂိမ်းလေးတွေဖြစ်တာကြောင့် ဘယ်အချိန်ဆော့ဆော့ အဆင်ပြေစေမှာပါ။ တွေ့နေကြဂိမ်းလေးတွေလိုမဟုတ်ပဲ ထူးထူးဆန်းဆန်းဂိမ်းလေးတွေဖြစ်တာကြောင့် စိတ်ဝင်စားဖို့လည်း ကောင်းပါတယ်။