Nothing Phone 3 လာတော့မယ်

Nothing ကနေ Phone 3 ကို ဒီနှစ်ထဲမှာ မိတ်ဆက်သွားမယ်လို့ ခန့်မှန်းခဲ့ကြပေမဲ့ တကယ်တမ်းမိတ်ဆက်လာခဲ့တာက Phone 3a နဲ့ 3a Pro ပါ။ မတ်လတုန်းက မိတ်ဆက်ခဲ့တာမို့ အချိန်မကြာသေးပေမဲ့ အခုတော့ Nothing CEO ကိုယ်တိုင် Phone 3 ကိုလည်း ထပ်ပြီးမိတ်ဆက်သွားဖို့ ရှိကြောင်း ကြေညာလိုက်ပါတယ်။

X မှာ Nothing Phone 3 ထုတ်ဖို့ရှိကြောင်း မေးခွန်းတစ်ခုကို Nothing CEo Carl Pei ကိုယ်တိုင် Q3 ဆိုပြီး ပြန်လည်ဖြေကြားခဲ့တာပါ။ ဆိုတော့ Nothing Phone 3 ကို ဇူလှိုင်ကစပြီး စက်တင်ဘာမတိုင်ခင် စပ်ကြားမှာ တွေ့ရမယ့်ပုံပါပဲ။

Nothing ကနေ Phone 2 ကို မိတ်ဆက်ခဲ့တုန်းကလည်း ဇူလှိုင်လထဲမှာဆိုတော့ လာမယ့်ဇူလှိုင်မှာ တစ်ချက်စောင့်ကြည့်ရမယ့်ပုံပါပဲ။ ဒါဆိုရင် နောက်လတွေမှာ Teaser Campaign တွေ တွေ့မြင်ရမှာ သေချာနေပါပြီ။ Phone 3 မှာတော့ Qualcomm Snapdragn 8 Gen 3 ဒါမှမဟုတ် 8s Elite နဲ့ လာမယ်လို့ ခန့်မှန်းထားကြပါတယ်။

မတ်လတုန်းက ကြိုထွက်ခဲ့တဲ့ Phone 3a နဲ့ 3a Pro တောင် ပြောင်းလဲမှုတစ်ချို့ရှိခဲ့လို့ လူကြိုက်များခဲ့တာဆိုတော့ Nothing Phone 3 ကိုတော့ တော်တော်လေးမျှော်လင့်ထားရမယ့်ပုံပါပဲ။ ဘယ်လိုတွေ အမိုက်စားထပ်ဖြစ်သွားမလဲပေါ့ …