ဗဟန်းမြို့နယ်ထဲက အစားအသောက်ကောင်းပြီး အေးဆေးလေးChill လို့ရတဲ့ Restaurant ဆိုင်တစ်ဆိုင်

ဗဟန်းမြို့နယ်ထဲက အစားအသောက်ကောင်းပြီး အေးဆေးလေးChill လို့ရတဲ့ Restaurant ဆိုင်တစ်ဆိုင်

မင်မင်ဒီနေ့ Food Review လုပ်ပေးမှာကတော့ Noodle Bowl ဆိုတဲ့ Restaurant ဆိုင်လေးအကြောင်းဘဲဖြစ်ပါတယ်။ မင်မင်က ထိုင်းအစားအစာကြိုက်တာကြောင့် ဒီဆိုင်လေးကို မျက်စိကျနေခဲ့တာကြာပါပြီ။ ဘာလို့ဆို ဒီဆိုင်လေးမှာ ထိုင်းအရသာကောင်းကောင်းလေးတွေကိုရတယ်။ ဆိုင်လေးက တိတ်ဆိတ်ပြီး အေးဆေးလေးလည်း Chill လို့ရတယ်။ ‌Bar လည်းရှိတာမို့ သူငယ်ချင်းတွေနဲ့ဘဲဖြစ်ဖြစ် ကောင်မလေးနဲ့ဘဲဖြစ်ဖြစ် လာလို့လည်းရတယ်။ အရသာတွေကလည်းကောင်းတာမို့ အေးဆေးလေးChill ချင်တဲ့ Date လေးဆို တော်တော်လေး Perfect ဘဲ။ 

မင်မင်မှာစားဖြစ်တာလေးကတော့ ဆိုင်ရဲ့ Special Menu ဖြစ်တဲ့ "Spicy Before Sweet" ‌menu လေးကိုမှာဖြစ်ခဲ့တယ်။ ဒီ Special Menu လေးကတော့ ဒီလ 25ကနေ နောက်လ September 25 ထိဘဲရတယ်။ Limited Time Menu  လေးမို့ နေ့လယ် 2နာရီကနေ ညနေ 5နာရီအထိဘဲ ဒီ menu လေးကရတယ်။ မင်မင်မှာစားဖြစ်တာလေးကတော့....

Dory Fish Salad - 6000ks

Dory Fish ကတော်တော်လေးစားလို့ကောင်းတယ်။ ပါးစပ်ထဲရောက်သွားတာနဲ့ အရည်ပျော်ပြီး စားရတာအိတယ်။ ငရုတ်သီးလေးတွေပါပေမယ့် အရမ်းမစပ်ဘဲ ချိုတဲ့အရသာလေးကို သေချာခံစားမိတယ်။ တရုတ်နံနံလေးကလည်း fish ရဲ့ အရသာလေးကို ပိုပြီးပေါ်လွင်စေတယ်။ မင်မင့်အတွက်တော့အရမ်းမစပ်ပေမယ့် တစ်ခြားသူတွေအတွက်စပ်နေမှာစိုးလို့ သခွားသီးတို့၊ ဆလပ်ရွက်တို့ထည့်ပေးထားတယ်။ ထိုင်းစတိုင်လ်အထောင်းတွေကြိုက်တဲ့သူတွေအတွက်တော့ သွားရောက်ပြီး try ကြည့်သင့်တယ်။

Kway Teow Salad(Seafood) - 9500ks

‌Kway Teow က မင်မင်က Seafood နှင့်မှာလိုက်တယ်။ ပင်လယ်စာအနေနဲ့ကတော့ ပုဇွန် နှင့် ကင်းမွန်တို့ပါတယ်။ ပုဇွန်ဆိုရင်လည်း အသားတွေအများကြီးကိုမှ အကောင်လိုက်ထည့်ပေးထားတယ်။ ကင်းမွန်တွေလည်းများများစားစားပါတယ်။ ခေါက်ဆွဲသားနူးညံ့တယ်။ အရသာကတော့ ချဉ်ချိုစပ်လေး၊ မင်မင်က အစကတည်းက Kway Teow ကြိုက်တတ်တဲ့သူမို့ တော်တော်လေးသဘောတွေ့တယ်။ အစပ်အရမ်းမစားနိုင်ရင် ဆလပ်ရွက်၊ သခွားသီး၊ ဂေါ်ဖီတို့ပါတာကြောင့် စားရတာအဆင်ပြေတယ်။

Mixed Berry Soda - 5000ks

Mixed Berry မှာဆိုရင် Black Berry, Red Berry နှင့် Blue Berry 3မျိုးကိုပေါင်းပြီး Soda နှင့်ဖျော်ပေးထားတယ်။ Berry အရသာပေါ်တယ်၊ ချိုတယ်။ Soda လေးနှင့်မို့ သောက်လိုက်ရင် စူးစူးလေးဖြစ်ပြီး သောက်ရတာအဆင်ပြေတယ်။ Salad လေးတွေနဲ့လည်း လိုက်ဖက်တယ်လို့မြင်မိတယ်။

Coconut Ice-cream with Sticky Rice - 4900ks

Coconut Ice-cream က အုန်းသီးအရသာလေးပေါ်တယ်။ သူမှာပါတာတွေက အုန်းသီး၊ သာကူစေ့၊ ပေသီး၊ ကျောက်ကျော၊ ကောက်ညှင်း နှင့် သရက်သီးလေးတွေပါတယ်။ ရေခဲမုန့်ရဲ့ အောက်မှာ ကောက်ညှင်းကိုထည့်ပေးထားတယ်။ စားရတာလည်း တစ်ထုတ်ထုတ်နဲ့မို့ တော်တော်လေးကြိုက်တယ်။ ကောက်ညှင်းကလည်း တော်တော်လေးအိတယ်။ အုန်းသီးရေခဲ့မုန့်ဆိုပေမယ့် မအီအောင်လို့ Topping အနေနှင့် သရက်သီး sauce လေးစမ်းပေးထားတယ်။

Thai Coconut Sago Ball - 2000ks

Thai Coconut Sago Ball ဆိုတာ မြန်မာလိုဆိုရင်တော့ ထိုင်းစတိုင်အုန်းနို့သာကူးလုံးပေါ့။ တစ်ပွဲမှာ သာကူလုံး 6လုံးရယ်၊ အုန်းနို့ခွက်လေးရယ်ပါတယ်။ စားခါနီး အုန်းနို့လေးစမ်းပြီး စားပေးရတာ။ သာကူ‌လုံးလေးတွေကိုလည်း အုန်းသီးဖက် လေးတွေနှင့် လုံးထားတယ်။ စားရတယ့် အရသာကတော့ သာကူ‌လုံးလေးတွေက တော်တော်လေးစိမ့်တယ်။ အုန်းနို့လေးတွေ၊ အုန်းဖက်လေးတွေနဲ့ဆို စိမ့်တာလေးရယ်၊ ချိုတာလေးရယ် တစ်ခါတည်းခံစားရတယ်။ 

Thai Iced Cendol - 3000ks

Thai Iced Cendol ဆိုတာ ထိုင်းရွှေရင်အေးပါ။ သူ့မှာ အုန်းသီး ရေခဲမုန့် ၊နဂါး‌ေမာက်သီး၊ သဘ်ောသီး၊ ကျောက်ကျော၊ သာကူ၊ ကောက်ညှင်း နှင့် ချယ်ရီသီးလေးပါတယ်။ စားရတဲ့အရသာကတော့ စီမ့်ပြီးချိုတယ်။ အသီးလေးတွေကိုက်မိလိုက်တယ့်အချိန်မှာ ချဉ်တဲ့အရသာလေးတွေကိုလည်းရမိတယ်။ 

Pancake with Kaya Dip - 4500ks

ဒီ Item ကတော့ Noodle Bowl မှာ မင်မင်အကြိုက်ဆုံးလို့ပြောလို့ရတယ်။ Pancake ရဲ့ အတွင်းဘက်မှာ mango sauce လေးပါတယ်။ Topping အနေနဲ့ကတော့ ချယ်ရီရယ်၊ coco powder လေးပါတယ်။ Pancake က အိပြီးတော့ Mango sauce လေးနဲ့မို့ ချဉ်ချဉ်လေးနှင့် စားလို့ကောင်းတယ်။ Kaya sauce လေးနဲ့လည်း Pancake ကတော်တော်လေးလိုက်တယ်။

Coconut Pandan Jelly - 2500ks

Coconut Pandan Jelly မှာ ဆိုရင် ‌အုန်နို့ကျောက်ကျောရယ်၊ အုန်းသီးလေးတွေပါတယ်။ အုန့်နို့ကျောက်ကျောလေးကတော့ အစိမ်းရောင်နဲ့ အဖြူရောင်လေးစပ်ထားတာ၊ စားရတာတော်တော်လေးစိမ့်ပြီး အချိုဓာတ်လေးရတယ်။ တော်တော်လေးအိတာမို့ စားရ‌တာအဆင်ပြေတယ်။

မင်မင့်အမြင်ကတော့ ဒီဆိုင်လေးကတော်တော်လေး အဆင်ပြေတယ်။ မင်မင်စားခဲ့တာတွေက အချို၊ အစိမ့်တွေများပေမယ့် ဒီဆိုင်လေးက customer တွေရဲ့ ကျန်းမာရေးကို ဂရုစိုက်ပေးတယ်။ သကြားလုံးဝအသုံးမပြုထားဘူး။ အုန်းနို့တွေစားတာများပေမယ့် ဆိုင်က အဆီထုတ်ပြီးသားကိုဘဲ အသုံးပြုထားတာမို့ သွေးတိုးတာတွေဖြစ်မှာလည်း စိတ်ပူစရာမလိုတော့ဘူး။

0:00
/6:29
Noodle Bowl Restaurant & Lounge · No. 42(A Sayar San Rd, Yangon 11201, Myanmar (Birma)
★★★★☆ · Restaurant
ဆိုင်လိပ်စာ - No. 42/A, Sayar San Road, Bahan, Yangon.
ဖုန်း - 09441696676
ဆိုင်ဖွင့်ချိန် - မနက်(7)နာရီ မှ ည(9)နာရီ
https://www.facebook.com/noodlebowlmyanmar

Read more

လေပေါ်ပျံသန်းနိုင်မယ့် ကမ္ဘာ့ပထမဆုံးမော်တော်ဆိုင်ကယ်

လေပေါ်ပျံသန်းနိုင်မယ့် ကမ္ဘာ့ပထမဆုံးမော်တော်ဆိုင်ကယ်

ဒီနှစ်ရဲ့ CES 2025 မှာ မိတ်ဆက်လာတဲ့ ပစ္စည်းတော်တော်များများက ရှယ်တွေပါပဲ။ တစ်ခုပဲ ဈေးကွက်ထဲ ရောက်မရောက်မသေချာတာရယ် ရောက်ဖို့ အချိန်ကြာဦးမှာရယ်က လွ

တစ်ကိုယ်တည်း နေတတ်ခြင်းအကြောင်း

တစ်ကိုယ်တည်း နေတတ်ခြင်းအကြောင်း

မနက်ခင်းရဲ့ နေရောင်ခြည်အောက်မှာ တစ်ယောက်တည်း လမ်းလျှောက်နေမိတယ်။ လမ်းဘေးက သစ်ရွက်တွေပေါ်မှာ နေရောင်ခြည်က ဝင်းဝင်းလက်လက် ကျနေတယ်။ ဒီအချိန်မှာ စိတ်ထဲ

အမြင်အာရုံချို့တဲ့သူတွေအတွက် ခေါင်းစွပ်မျက်မှန်

အမြင်အာရုံချို့တဲ့သူတွေအတွက် ခေါင်းစွပ်မျက်မှန်

Australia Melbourne မြို့မှာရှိတဲ့ Monash တက္ကသိုလ်ရဲ့ သုတေသီများက အမြင်အာရုံဆုံးရှုံးသူများရဲ့ အမြင်အာရုံကို သာမန်သူများနီးပါးကောင်းမွန်စွာခံစားနိုင်မယ့် ကမ္ဘာ့ပထမဆုံးသေ

Atomic Habits ဆိုတဲ့ စာအုပ်ထဲက မှတ်သားစရာ အချက်တွေ

Atomic Habits ဆိုတဲ့ စာအုပ်ထဲက မှတ်သားစရာ အချက်တွေ

ဂျိမ်းစ် ကလီးယား ရေးသားထားတဲ့ ဒီစာအုပ်လေးဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ အလေ့အထကောင်းတွေ ဘယ်လိုတည်ဆောက်မလဲ၊ အလေ့အထဆိုးတွေကို ဘယ်လိုဖျက်သိမ်းမလဲဆိုတာကို လက်တွေ့ကျ